မန်ယူအသင်းဆက်လက်တိုးတက်ဖို့ ဘာတွေလုပ်သင့်တယ်ဆိုတာပြောလာတဲ့ ရိုင်ယန်ဂစ်

photo internet

သရဲနီတို့ရဲ့သွေးတွေပြန်ရဲလာနေပြီလို့ ဆိုရမလိုပါပဲ။ စပါးအသင်းကို အနိုင်ရပြီးသုံးရက်ကြာပြီးနောက်မှာပဲ မန်စီးတီးကိုအနိုင်ရလိုက်တာကြောင့် မန်ယူပရိသတ်တွေကျေနပ်အားရနေကြပါတယ်။ ဒီလိုပဲရှေ့ဆက် ရလဒ်ကောင်းတွေရဖို့အတွက် နည်းပြဆိုးလ်ရှားနဲ့မန်ယူအသင်းသားတွေ တက်ညီလက်ညီလုပ်ဆောင်စရာတွေ အများကြီးရှိပါသေးတယ်။ ဒီတစ်ခေါက်အကြံပြုလာတဲ့သူကတော့ ရိုင်ယန်ဂစ်ပါ။

photo internet

“အောင်မြင်ဖို့ဟာမလွယ်ပါဘူး။ကြီးမားတဲ့အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကပဲ အောင်မြင်မှုကိုဆောင်ကြဉ်းပေးနိုင်တာပါ။ သင်ကိုယ်တိုင်ပဲ အကောင်းဆုံးလုပ်ဆောင်ချက်ကို ထုတ်ဖော်ပြသနိုင်တာပါ”လို့ ရိုင်ယန်ဂစ်က ပရီးမီးယားလိဂ်ထုတ်လုပ်ရေးကိုပြောပါတယ်။ “ပွဲကြီးတိုင်းမှာမန်စီးတီး၊စပါးပွဲတွေလို အာရုံစူးစိုက်ဖို့လိုပါတယ်။ ကစားသမားတွေက အဲလိုပဲကစားနေရမှာပါ”လို့သူကပြောပါတယ်။

photo internet

“ကစားသမားတွေအနေနဲ့ မန်စီးတီးပွဲမှာ အာရုံစိုက်နိုင်စွမ်းကောင်းသလို၊ ခံစစ်နဲ့ တိုက်စစ်ပိုင်းမှာလည်း ကောင်းကောင်းလုပ်ဆောင်နိုင်ကြပါတယ်။ မာစီရယ်လို ကစားသမားတစ်ယောက်က ဘောလုံးရသွားရင် ပြိုင်ဘက်အသင်းနောက်တန်းအတွက်ကောင်းကောင်းခြိမ်းခြောက်နိုင်ပါတယ်။ မန်ယူရဲ့အသင်းကြီးတွေနဲ့တွေ့ဆုံတဲ့ ပွဲစဉ်တွေဟာ ရလဒ်ကောင်းနေပါတယ်။ သူတို့အနေနဲ့ခံစစ်ကနေ ပြန်တိုက်တဲ့ပုံစံမျိုးတွေပါ”လို့ ရိုင်ယန်ဂစ်က ပြောပါတယ်။

photo internet

“နောက်ထပ်ပိုကောင်းတဲ့အနေအထားရောက်ဖို့အတွက်ကတော့ ခံစစ်ပိတ်ကစားတဲ့ အသင်းတွေကို အကောင်းဆုံးဖြိုခွဲကစားနိုင်ဖို့ပါ။ မန်ယူအသင်းအနေနဲ့လည်း ပေါ့ဘာအမြန်ဆုံးပြန်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။ ပေါ့ဘာဟာ ပြိုင်ဘက်အသင်းကခံစစ်တွေကို ကောင်းကောင်းဖွင့်ထုတ်ကစားနိုင်ပါတယ်။ မန်ယူနောက်ထပ်အဆင့်တွေတက်ဖို့အတွက် ပေါ့ဘာဟာအရေးပါပါတယ်။ မန်ယူရဲ့မမြင်ရတာကြာပြီဖြစ်တဲ့စွမ်းဆောင်ရည်တွေကို ပြန်တွေ့နေရပါတယ်။”လို့ ရိုင်ယန်ဂစ်ကပြောပါတယ်။ ရိုင်ယန်ဂစ်ဟာ လက်ရှိမှာ ဝေလ်း အသင်းနည်းပြအဖြစ်ဆောင်ရွက်နေပါတယ်။

photo internet

(Zawgyi Version)

မန္ယူအသင္းဆက္လက္တုိးတက္ဖို႔ ဘာေတြလုပ္သင့္တယ္ဆိုတာေျပာလာတဲ့ ရိုင္ယန္ဂစ္

သရဲနီတို႔ရဲ႕ေသြးေတြျပန္ရဲလာေနၿပီလို႔ ဆိုရမလုိပါပဲ။ စပါးအသင္းကို အႏိုင္ရၿပီးသုံးရက္ၾကာၿပီးေနာက္မွာပဲ မန္စီးတီးကိုအႏိုင္ရလုိက္တာေၾကာင့္ မန္ယူပရိသတ္ေတြေက်နပ္အားရေနၾကပါတယ္။ ဒီလုိပဲေရွ႕ဆက္ ရလဒ္ေကာင္းေတြရဖို႔အတြက္ နည္းျပဆိုးလ္ရွားနဲ႔မန္ယူအသင္းသားေတြ တက္ညီလက္ညီလုပ္ေဆာင္စရာေတြ အမ်ားႀကီးရိွပါေသးတယ္။ ဒီတစ္ေခါက္အႀကံျပဳလာတဲ့သူကေတာ့ ရိုင္ယန္ဂစ္ပါ။

“ေအာင္ျမင္ဖုိ႔ဟာမလြယ္ပါဘူး။ႀကီးမားတဲ့အရာတစ္ခုပါ။ ကုိယ့္ကိုယ္ကိုယ္ယုံၾကည္မႈကပဲ ေအာင္ျမင္မႈကိုေဆာင္ၾကဥ္းေပးႏိုင္တာပါ။ သင္ကုိယ္တုိင္ပဲ အေကာင္းဆုံးလုပ္ေဆာင္ခ်က္ကို ထုတ္ေဖာ္ျပသႏိုင္တာပါ”လို႔ ရိုင္ယန္ဂစ္က ပရီးမီးယားလိဂ္ထုတ္လုပ္ေရးကိုေျပာပါတယ္။ “ပြဲႀကီးတိုင္းမွာမန္စီးတီး၊စပါးပြဲေတြလို အာရုံစူးစိုက္ဖို႔လုိပါတယ္။ ကစားသမားေတြက အဲလုိပဲကစားေနရမွာပါ”လို႔သူကေျပာပါတယ္။

“ကစားသမားေတြအေနနဲ႔ မန္စီးတီးပြဲမွာ အာရုံစိုက္ႏိုင္စြမ္းေကာင္းသလို၊ ခံစစ္နဲ႔ တိုက္စစ္ပိုင္းမွာလည္း ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ၾကပါတယ္။ မာစီရယ္လုိ ကစားသမားတစ္ေယာက္က ေဘာလုံးရသြားရင္ ၿပိဳင္ဘက္အသင္းေနာက္တန္းအတြက္ေကာင္းေကာင္းၿခိမ္းေျခာက္ႏိုင္ပါတယ္။ မန္ယူရဲ႕အသင္းႀကီးေတြနဲ႔ေတြ႕ဆုံတဲ့ပြဲစဥ္ေတြဟာ ရလဒ္ေကာင္းေနပါတယ္။ သူတို႔အေနနဲ႔ခံစစ္ကေန ျပန္တိုက္တဲ့ပုံစံမ်ဳိးေတြပါ”လို႔ ရိုင္ယန္ဂစ္က ေျပာပါတယ္။

“ေနာက္ထပ္ပိုေကာင္းတဲ့အေနအထားေရာက္ဖို႔အတြက္ကေတာ့ ခံစစ္ပိတ္ကစားတဲ့ အသင္းေတြကို အေကာင္းဆုံးၿဖိဳခြဲကစားႏိုင္ဖို႔ပါ။ မန္ယူအသင္းအေနနဲ႔လည္း ေပါ့ဘာအျမန္ဆုံးျပန္ကစားႏိုင္ဖို႔ လုိအပ္ေနပါတယ္။ ေပါ့ဘာဟာ ၿပိဳင္ဘက္အသင္းကခံစစ္ေတြကို ေကာင္းေကာင္းဖြင့္ထုတ္ကစားႏိုင္ပါတယ္။ မန္ယူေနာက္ထပ္အဆင့္ေတြတက္ဖို႔အတြက္ ေပါ့ဘာဟာအေရးပါပါတယ္။ မန္ယူရဲ႕မျမင္ရတာၾကာၿပီျဖစ္တဲ့စြမ္းေဆာင္ရည္ေတြကို ျပန္ေတြ႕ေနရပါတယ္။”လို႔ ႐ိုင္ယန္ဂစ္ကေျပာပါတယ္။ ရိုင္ယန္ဂစ္ဟာ လက္ရွိမွာ ေဝလ္း အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ေနပါတယ္။