မန်ယူအနေနဲ့ ပေါ့ဂ်ဘာအတွက်ဘာလုပ်ပေးသင့်တယ်ဆိုတာကို ပြောလာတဲ့ ဗလန်စီယာ

photo internet

မန်ယူအတွက်ပေါ့ဘာကိုလိုအပ်နေတယ်ဆိုတဲ့သတင်းစကားတွေအခုတလောကြားနေရပါတယ်။ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ အန်တိုနီယို ဗလန်စီယာကပေါ့ဂ်ဘာဟာ ခြေစွမ်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အရင်လိုခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့အတွက် ချစ်ခင်အားပေးမှု တွေကို လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

photo internet

အခုလောလောဆယ်မှာ ပေါ့ဂ်ဘာဟာ ဒဏ်ရာရထားတာကြောင့် ဒီဇင်ဘာလလယ်လောက်မှသာ ကွင်းအတွင်းပြန်လည်ဝင်နိုင်မယ်လို့ သတင်းထွက်ထားတာဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့ကာလမှာ ပေါ့ဂ်ဘာဟာ ဒူဘိုင်းမှာ ပြန်လည်လေ့ကျင့်ရေးအစီအစဉ်တွေကိုလုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း အနားယူနေတဲ့အချိန်မှာ မီယာမီကိုသွားရောက်ခဲ့ပါသေးတယ်။အခုအခါမှာတော့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာပြန်လည်ပါဝင်နေပြီလို့သတင်းထွက်နေပါတယ်။

photo internet

“ပေါ့ဂ်ဘာဟာ ခြေစွမ်းရှိတဲ့သူတစ်ယောက်ပါ။ သူ့အတွက်လိုအပ်နေတာက ချစ်ခင်အားပေးမှုပါပဲ။ ကျွန်တော်တို့အနေနဲ့သူ့ကိုချစ်ခြင်းမေတ္တာတွေပေးမယ်ဆိုရင် ပေါ့ဂ်ဘာတစ်ယောက်မန်ယူအတွက် အကောင်းဆုံး ခြေစွမ်းတွေပြသနိုင်ပါလိမ့်မယ်”လို့ ဗလန်စီယာက ပြောပါတယ်။ ဒါ့အပြင်နှစ်သစ်မှာအသင်းအတွက် ပေါ့ဂ်ဘာတစ်ယောက် အကောင်းဆုံးတိုက်စစ်ဆင်ကစားနိုင်ဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

photo internet

မန်ယူရလဒ်တိုးတက်လာတာနဲ့ပတ်သက်လို့တော့ “ခက်ခဲလှတဲ့ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုတာ ခက်ခဲ လှပါတယ်။ မန်ယူဟာ တဖြည်းဖြည်းကောင်းမွန်လာတာကိုတွေ့ရပါတယ်။ ရပ်ရှ်ဖို့တစ်ယောက်လည်း ကောင်းမွန်တဲ့အခိုက်အတန့်တွေကို ပိုင်ဆိုင်နေတာတွေ့ရပါတယ်။ အခုအချိန်မှာတော့ မန်ယူဟာခံစစ်ပိုင်းကောင်းလာ ပါတယ်။ ဒီဂီယာလည်းတော်တဲ့ကစားသမားတစ်ယောက်ပါ”လို့ ဗလန်စီယာက ပြောပါတယ်။ ပေါ့ဂ်ဘာကို အတော်များများကမန်ယူအတွက်အားကိုးနေကြပါတယ်။ ပေါ့ဂ်ဘာပါဝင်တဲ့မန်ယူ ရလဒ်ကောင်းမလားဆိုတာစောင့်ကြည့် ကြရအောင်ပါ။

photo internet

(Zawgyi Version)




