မန်ယူဟာ သူ့အတွက် ပိတ်သွားတဲ့အခန်းတစ်ခုလို့ ပြောလိုက်တဲ့ မော်ရင်ဟို

photo-totenham

photo-gettyimages

မန်ယူက သူ့ရဲ့အချိန်တွေဟာ ပိတ်သွားတဲ့(စာအုပ်)အခန်းတစ်ခုလို့ ဗုဒ္ဓဟူးည အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲအတွက် ပြင်ဆင်နေတဲ့ စပါးနည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ အဲဒီပေါ်တူဂီသားနည်းပြဟာ ၂၀၁၈ ဒီဇင်ဘာလတုန်းက မန်ယူကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ ၂ နှစ်ခွဲကြာ မန်ယူနည်းပြဘဝမှာ အသင်းကို ယူရိုပါလိဂ်နဲ့ အင်္ဂလန်လိဂ်ဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပါတယ်။

photo-gettyimages

အခုတော့ သူဟာ မန်ယူကအထုတ်ခံရပြီးနောက်ပိုင်း ပြိုင်ဘက်နည်းပြအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အိုးလ်ထရက်ဖို့ဒ်ကို ပြန်သွားရပါတော့မယ်။ လက်ရှိမှာတော့ မော်ရင်ဟို အသင်းသစ်စပါးကို သူ့လက်ထက် ကစားခဲ့ရတဲ့ ၃ ပွဲစလုံးအနိုင်ရအောင် စွမ်းဆောင်ပေးထားပါတယ်။ ဒီရာသီမှာ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်သွားသေးတဲ့မော်ရင်ဟိုဟာ အသင်းဟောင်းက သူ့ရဲ့အချိန်တွေကို နှစ်ခြိုက်စွာနဲ့ ပြန်သတိရခဲ့ပေမယ့် အခုအချိန်မှာ စပါးအတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောလိုက်တာပါ။

photo-the sun

”မန်ယူဟာ ကျွန်တော့်အတွက်တော့ ပိတ်သွားတဲ့(စာအုပ်)အခန်းတစ်ခုပါ။ အဲဒီကနေ ကျွန်တော်ထွက်ခွာပြီး နောက်ထပ်စိန်ခေါ်မှုအတွက် ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့ ကျွန်တော်အချိန်ယူခဲ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် မန်ယူဆိုတာ အခုချိန်မှာ ကျွန်တော့်ရဲ့အတွေ့အကြုံစာအုပ်ပါပဲ။ အဲဒါဟာ ကျွန်တေ်ာ့သမိုင်းစာအုပ်ထဲ ရောက်သွားပါပြီ။ ကျွန်တော် ခံစားမှုကောင်းနေပြီး ပွဲကြီးတွေ ကစားချင်ပါတယ်။ အကောင်းဆုံးအသင်းတွေနဲ့ ရင်ဆိုင်တွေ့ချင်တယ်။ အဲဒါက အရေးကြီးဆုံးအရာပါပဲ။ အိုးလ်ထရက်ဖို့ဒ်ကို ပြန်သွားရတာဟာ ကျွန်တော်ပျော်ရွင်ခဲ့တဲ့နေရာတစ်ခုကို ပြန်သွားရတာပါ။ အဲဒီမှာ ကျွန်တော်ပျော်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မန်ယူပရိသတ်တွေနဲ့ သိပ်ကောင်းတဲ့ဆက်ဆံရေးလည်း ရှိခဲ့တာပါ။ ခြားနားတဲ့ရှုထောင်တစ်ခုဖြစ်တဲ့ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် ကျွန်တော်ပြန်သွားတော့ လှပတဲ့ကြိုဆိုမှုမျိုးကြောင့် တကယ်ကို ကျေနပ်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ မန်ယူကို အနိုင်ယူဖို့ ကြိုးစားမယ့်အသင်းတစ်သင်းရဲ့နည်းပြအနေနဲ့ ကျွန်တော်ပြန်သွားမှာပါ။ ဒါဟာ ကွဲပြားခြားနားတဲ့ရှုထောင့်တစ်ခုအဖြစ်လည်း ပေးနိုင်ဖွယ်ရှိပါတယ်” လို့ မန်ယူနဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောခဲ့တာပါ။

[Zawgyi]

မန္ယူဟာ သူ႔အတြက္ ပိတ္သြားတဲ့အခန္းတစ္ခုလို႔ ေျပာလိုက္တဲ့ ေမာ္ရင္ဟို

မန္ယူက သူ႔ရဲ႕အခ်ိန္ေတြဟာ ပိတ္သြားတဲ့(စာအုပ္)အခန္းတစ္ခုလို႔ ဗုဒၶဟူးည အိုးလ္ထရက္ဖုိ႔ဒ္မွာ ကစားမယ့္ပြဲအတြက္ ျပင္ဆင္ေနတဲ့ စပါးနည္းျပေမာ္ရင္ဟိုက ေျပာၾကားလိုက္ပါတယ္။ အဲဒီေပၚတူဂီသားနည္းျပဟာ ၂၀၁၈ ဒီဇင္ဘာလတုန္းက မန္ယူကေန ထုတ္ပယ္ျခငး္ခံခဲ့ရတာပါ။ ၂ ႏွစ္ခြဲၾကာ မန္ယူနည္းျပဘ၀မွာ အသင္းကို ယူရိုပါလိဂ္နဲ႔ အဂၤလန္လိဂ္ဖလားေအာင္ျမင္မႈေတြ ရယူေပးႏိုင္ခဲ့ပါတယ္။

အခုေတာ့ သူဟာ မန္ယူကအထုတ္ခံရၿပီးေနာက္ပိုင္း ၿပိဳင္ဘက္နည္းျပအေနနဲ႔ ပထမဆုံးအႀကိမ္အျဖစ္ အုိးလ္ထရက္ဖို႔ဒ္ကို ျပန္သြားရပါေတာ့မယ္။ လက္ရွိမွာေတာ့ ေမာ္ရင္ဟို အသင္းသစ္စပါးကို သူ႔လက္ထက္ ကစားခ့ဲရတဲ့ ၃ ပြဲစလုံးအႏိုင္ရေအာင္ စြမ္းေဆာင္ေပးထားပါတယ္။ ဒီရာသီမွာ ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္ အုိးလ္ထရက္ဖို႔ဒ္ကို ျပန္ေရာက္သြားေသးတဲ့ေမာ္ရင္ဟိုဟာ အသင္းေဟာင္းက သူ႔ရဲ႕အခိ်န္ေတြကို ႏွစ္ၿခိဳက္စြာနဲ႔ ျပန္သတိရခဲ့ေပမယ့္ အခုအခ်ိန္မွာ စပါးအတြက္သာ အာရုံစုိက္ထားတယ္လို႔ ေျပာလိုက္တာပါ။

”မန္ယူဟာ ကၽြန္ေတာ့္အတြက္ေတာ့ ပိတ္သြားတဲ့(စာအုပ္)အခန္းတစ္ခုပါ။ အဲဒီကေန ကၽြန္ေတာ္ထြက္ခြာၿပီး ေနာက္ထပ္စိန္ေခၚမႈအတြက္ ကိုယ့္ကိုယ္ကိုယ္ျပင္ဆင္ဖို႔ ကၽြန္ေတာ္အခ်ိန္ယူခဲ့ရပါတယ္။ ရိုုးရိုးသားသားေျပာရရင္ မန္ယူဆုိတာ အခုခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕အေတြ႕အႀကဳံစာအုပ္ပါပဲ။ အဲဒါဟာ ကၽြန္ေတ္ာ့သမိုင္းစာအုပ္ထဲ ေရာက္သြားပါၿပီ။ ကၽြန္ေတာ္ ခံစားမႈေကာင္းေနၿပီး ပြဲႀကီးေတြ ကစားခ်င္ပါတယ္။ အေကာင္းဆုံးအသင္းေတြနဲ႔ ရင္ဆုိင္ေတြ႕ခ်င္တယ္။ အဲဒါက အေရးႀကီးဆုံးအရာပါပဲ။ အုိးလ္ထရက္ဖုိ႔ဒ္ကို ျပန္သြားရတာဟာ ကၽြန္ေတာ္ေပ်ာ္ရြင္ခဲ့တဲ့ေနရာတစ္ခုကို ျပန္သြားရတာပါ။ အဲဒီမွာ ကၽြန္ေတာ္ေပ်ာ္ခဲ့တယ္လို႔ ေျပာႏိုင္ပါတယ္။ မန္ယူပရိသတ္ေတြနဲ႔ သိပ္ေကာင္းတဲ့ဆက္ဆံေရးလည္း ရွိခဲ့တာပါ။ ျခားနားတဲ့ရႈေထာင္တစ္ခုျဖစ္တဲ့ ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္ ကၽြန္ေတာ္ျပန္သြားေတာ့ လွပတဲ့ႀကိဳဆုိမႈမ်ိဳးေၾကာင့္ တကယ္ကို ေက်နပ္ခဲ့ရပါတယ္။ ဗုဒၶဟူးေန႔မွာေတာ့ မန္ယူကို အႏိုင္ယူဖို႔ ႀကိဳးစားမယ့္အသင္းတစ္သင္းရဲ႕နည္းျပအေနနဲ႔ ကၽြန္ေတာ္ျပန္သြားမွာပါ။ ဒါဟာ ကြဲျပားျခားနားတဲ့ရႈေထာင့္တစ္ခုအျဖစ္လည္း ေပးႏုိင္ဖြယ္ရွိပါတယ္” လုိ႔ မန္ယူနဲ႔ပြဲအတြက္ သတင္းစာရွင္းလင္းပြဲမွာ ေမာ္ရင္ဟိုက ေျပာခဲ့တာပါ။