မန်ယူရဲ့ပွဲကြီးချဉ်းကပ်ပုံနဲ့ပတ်သက်လို့ ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား

photo-gettyimages

photo-gettyimages

ဆိုးလ်ရှားလက်ထက် မန်ယူဟာ ဒီရာသီအသင်းကြီးတွေနဲ့တွေ့ဆုံမှုတွေမှာ သိပ်ကောင်းတဲ့မှတ်တမ်းရှိထားပြီး မန်စီးတီး၊ စပါး၊ချဲလ်ဆီးနဲ့ အမှတ်ပေးဇယားဒုတိယနေရာက လက်စတာတို့ကို အနိုင်ရထားတာပါ။ အသင်းကြီးတွေနဲ့တွေ့ဆုံမှုတွေမှာ ဘာကြောင့်မှတ်တမ်းကောင်းနေသလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်း နည်းပြဆိုးလ်ရှားက ဖွင့်ဟလိုက်ပါတယ်။

photo-gettyimages

အဲဒါကတော့ သူ့အသင်းဟာ ဒီရာသီပွဲကြီးတွေမှာ စောစောစီးစီးဂိုးသွင်းနိုင်ဖို့ တမင်ရည်ရွယ်ဗျူဟာချထားတာကြောင့်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့တာပါ။ မန်ယူဟာ ပြီးခဲ့တဲ့အပတ်ကပဲ နာမည်ကြီးနည်းပြတွေကိုင်တွယ်နေတဲ့ စပါးနဲ့မန်စီးတီးတို့ကို ဆက်တိုက်အနိုင်ယူနိုင်ခဲ့တာပါ။ ကစားပုံကောင်းလှပါတယ်ဆိုတဲ့ လမ်းပတ်ရဲ့ချဲလ်ဆီးကိုလည်း ၂ ကြိမ်တိုင်အနိုင်ရထားပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားရဲ့အသင်းဟာ ဇယားထိပ်မှာ အမှတ်ဖြတ်ဦးဆောင်နေတဲ့ လီဗာပူးကိုလည်း သရေကစားနိုင်ခဲ့တာပါ။

photo-gettyimages

သူ့အသင်းရဲ့တန်ပြန်တိုက်စစ်စတိုင်အကြောင်းမေးမြန်းတော့ ဆိုးလ်ရှားဟာ သူ့ရဲ့ပွဲကြီးချဉ်းကပ်ပုံအကြောင်းကို အခုလို ဖွင့်ဟလာခဲ့တာပါ။ ”ပွဲကြီးတစ်ပွဲအတွက်  ဘယ်လိုချဉ်းကပ်မလဲဆိုတာ သေသေချာချာစဉ်းစားပါတယ်။ ပထမဆုံး ၁၀ မိနစ်နဲ့ ၁၂ မိနစ်တို့မှာ အခွင့်အရေး ၅ ကြိမ် ၆ ကြိမ်လောက်ရဖို့ လိုအပ်ပါတယ်။ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ကျွန်တော်တို့ဟာ အခွင့်အလမ်းဖန်တီးနိုင်မှာဖြစ်ပြီး အဲဒါကို တန်ပြန်တိုက်စစ်တွေမှာ ကျွန်တော်တို့အဓိကအသုံးချတာပါ။ အဲဒီလိုမျိုးသာ ကစားနိုင်ရင် ၁၅ မိနစ်ကနေ ၃၅ မိနစ်အထိလည်း အခွင့်အလမ်းတွေ ဆက်ဖန်တီးနိုင်ဦးမှာပါ။ မန်စီးတီးနဲ့ပွဲမှာတော့ ကျွန်တော်တို့ လုံးဝကိုထိပ်တန်းအဆင့်ကစားနိုင်ခဲ့ပါတယ်။ ရလဒ်တွေက တစ်သင်းလုံးရဲ့စိတ်အခြေအနေအပေါ် သက်ရောက်စေပါတယ်။ ကျွန်တော်တို့ရဲ့အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ မန်စီးတီးကိုနိုင်လိုက်တာဟာ အားလုံးအတွက် အများကြီးအဓိပ္ပါယ်ရှိစေပါတယ်”လို့ ဆိုးလ်ရှားက မန်ယူရုပ်သံကို ပြောကြားခဲ့တာပါ။

[Zawgyi]

မန္ယူရဲ႕ပြဲႀကီးခ်ဥ္းကပ္ပုံနဲ႔ပတ္သက္လို႔ ဖြင့္ဟလိုက္တ့ဲ ဆိုးလ္ရွား

ဆိုးလ္ရွားလက္ထက္ မန္ယူဟာ ဒီရာသီအသင္းႀကီးေတြနဲ႔ေတြ႕ဆုံမႈေတြမွာ သိပ္ေကာင္းတဲ့မွတ္တမ္းရွိထားၿပီး မန္စီးတီး၊ စပါး၊ခ်ဲလ္ဆီးနဲ႔ အမွတ္ေပးဇယားဒုတိယေနရာက လက္စတာတို႔ကို အႏိုင္ရထားတာပါ။ အသင္းႀကီးေတြန႔ဲေတြ႕ဆုံမႈေတြမွာ ဘာေၾကာင့္မွတ္တမ္းေကာင္းေနသလဲဆိုတာနဲ႔ပတ္သက္ၿပီးေတာ့လည္း နည္းျပဆုိးလ္ရွားက ဖြင့္ဟလုိက္ပါတယ္။

အဲဒါကေတာ့ သူ႔အသင္းဟာ ဒီရာသီပြဲႀကီးေတြမွာ ေစာေစာစီးစီးဂိုးသြင္းႏိုင္ဖို႔ တမင္ရည္ရြယ္ဗ်ဴဟာခ်ထားတာေၾကာင့္လုိ႔ ဆုိးလ္ရွားက ၀န္ခံခဲ့တာပါ။ မန္ယူဟာ ၿပီးခဲ့တဲ့အပတ္ကပဲ နာမည္ႀကီးနည္းျပေတြကိုင္တြယ္ေနတဲ့ စပါးနဲ႔မန္စီးတီးတို႔ကို ဆက္တိုက္အႏိုင္ယူႏိုင္ခဲ့တာပါ။ ကစားပုံေကာင္းလွပါတယ္ဆိုတဲ့ လမး္ပတ္ရဲ႕ခ်ဲလ္ဆီးကိုလည္း ၂ ႀကိမ္တိုင္အႏိုင္ရထားပါတယ္။ ဒါ့အျပင္ ဆုိးလ္ရွားရဲ႕အသင္းဟာ ဇယားထိပ္မွာ အမွတ္ျဖတ္ဦးေဆာင္ေနတဲ့ လီဗာပူးကိုလည္း သေရကစားႏိုင္ခဲ့တာပါ။

သူ႔အသင္းရဲ႕တန္ျပန္တိုက္စစ္စတိုင္အေၾကာင္းေမးျမန္းေတာ့ ဆုိးလ္ရွားဟာ သူ႔ရဲ႕ပြဲႀကီးခ်ဥ္းကပ္ပုံအေၾကာင္းကို အခုလို ဖြင့္ဟလာခဲ့တာပါ။ ”ပြဲႀကီးတစ္ပြဲအတြက္  ဘယ္လုိခ်ဥ္းကပ္မလဲဆိုတာ ေသေသခ်ာခ်ာစဥ္းစားပါတယ္။ ပထမဆံုး ၁၀ မိနစ္နဲ႔ ၁၂ မိနစ္တို႔မွာ အခြင့္အေရး ၅ ႀကိမ္ ၆ ႀကိမ္ေလာက္ရဖို႔ လိုအပ္ပါတယ္။ ဘယ္အသင္းနဲ႔ပဲေတြ႕ေတြ႕ ကၽြန္ေတာ္တို႔ဟာ အခြင့္အလမ္းဖန္တီးႏိုင္မွာျဖစ္ၿပီး အဲဒါကို တန္ျပန္တိုက္စစ္ေတြမွာ ကၽြန္ေတာ္တို႔အဓိကအသုံးခ်တာပါ။ အဲဒီလုိမ်ိဳးသာ ကစားႏိုင္ရင္ ၁၅ မိနစ္ကေန ၃၅ မိနစ္အထိလည္း အခြင့္အလမ္းေတြ ဆက္ဖန္တီးႏိုင္ဦးမွာပါ။ မန္စီးတီးနဲ႔ပြဲမွာေတာ့ ကၽြန္ေတာ္တို႔ လုံး၀ကိုထိပ္တန္းအဆင့္ကစားႏိုင္ခဲ့ပါတယ္။ ရလဒ္ေတြက တစ္သင္းလုံးရဲ႕စိတ္အေျခအေနအေပၚ သက္ေရာက္ေစပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕အဓိကၿပိဳင္ဘက္ႀကီးျဖစ္တဲ့ မန္စီးတီးကိုႏိုင္လုိက္တာဟာ အားလုံးအတြက္ အမ်ားႀကီးအဓိပၸါယ္ရွိေစပါတယ္”လို႔ ဆိုးလ္ရွားက မန္ယူရုပ္သံကို ေျပာၾကားခဲ့တာပါ။