မန်ယူရဲ့ဒီရာသီအမြန်ဆုံးက ရက်ရှ်ဖို့ဒ်နဲ့ဂျိမ်းစ်တို့မဟုတ်တဲ့ အံ့သြစရာကွင်းလယ်လူတစ်ယောက်

photo-gettyimages

photo-gettyimages

မန်ယူရဲ့ဒီရာသီအမြန်ဆုံးကစားသမားက အံ့အားသင့်စရာကောင်းလောက်အောင် လုံးဝကို မထင်မှတ်ထားတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါတယ်။ ဘောလုံးစွမ်းဆောင်နိုင်မှု ကိန်းဂဏန်းအချက်အလက်တွေကို ဖော်ပြပေးတဲ့ Opta ရဲ့တိုင်းတာမှုအရ ဒီရာသီပရီးမီးယားလိဂ် ၁၇ ပွဲအပြီးမှာ မန်ယူရဲ့အမြန်ဆုံးသူဟာ ဘရာဇီးကွင်းလယ်လူဖရက်ဒ်ဖြစ်နေတာပါ။ Opta ဟာ မန်ယူရဲ့ဒီရာသီပရီးမီးယားလိင်္ဂတစ်ပွဲချင်းစီက မန်ယူရဲ့အမြန်ဆုံးကစားသမားတွေကို တိုင်းတာစာရင်းပြုခဲ့ပြီး အဲဒီထဲမှာ ဖရက်ဒ်ဟာ အမြန်ဆုံးဖြစ်နေတာပါ။

photo-gettyimages

မန်ယူရဲ့ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်အများစုမှာ အမြန်ဆုံးသူက ရက်ရှ်ဖို့ဒ်မဟုတ်ရင် ဒန်နီရယ်ဂျိမ်းစ် သူတု့ိနှစ်ယောက်ထဲက တစ်ယောက်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပွဲစဉ်အားလုံးထဲမှာ အဲဗာတန်နဲ့ပွဲက ဖရက်ဒ်ရဲ့ပြေးအားကသာ အမြန်ဆုံးဖြစ်ခဲ့ပြီး တစ်နာရီကို ၃၇.၂၉ ကီလိုမီတာ ရှိခဲ့တာပါ။ ရာသီအစောပိုင်းတုန်းက ရက်ရှ်ဖို့ဒ်ဟာ တောင်ပံကစားသမားလေးဒန်နီရယ်ဂျိမ်းစ်ရဲ့အထက် မန်ယူရဲ့အမြန်ဆုံးဖြစ်ခဲ့တာပါ။ အခုတော့ သူတို့နှစ်ယောက်စလုံးကို ဖရက်ဒ်က ကျော်တက်သွားခဲ့ပါပြီ။ အဲဒီဘရာဇီးသားဟာ မော်ရင်ဟိုလက်ထက်တုန်းက နေရာပျောက်ခဲ့ရပေမယ့် ဆိုးလ်ရှားလက်အောက် ပေါ့ဂ်ဘာ ဒဏ်ရာရနေချိန်မှာ မန်ယူကွင်းလယ်ရဲ့အဓိကကစားသမားတစ်ယောက် ဖြစ်လာပါတယ်။

photo-gettyimages

ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲချင်းစီက မန်ယူရဲ့အမြန်ဆုံးများ

ချဲလ်ဆီး=ဂျိမ်းစ်(၃၃.၅၂)
ဝုဗ်=ရက်ရှ်ဖို့ဒ်(၃၃.၃၃)
ပဲလေ့စ်=ရက်ရှ်ဖို့ဒ်(၃၃.၃၂)
ဆောက်သမ်တန်=ဂျိမ်းစ်(၃၃.၂၄)
လက်စတာ=ဂျိမ်းစ်(၃၅.၀၄)
ဝက်စ်ဟမ်း=ဂျိမ်းစ်(၃၃.၈၁)
အာဆင်နယ်=ရက်ရှ်ဖို့ဒ်(၃၅.၅၃)
နယူးကာဆယ်=ဂျိမ်းစ်(၃၄.၀၉)
လီဗာပူး=ရက်ရှ်ဖို့ဒ်(၃၃.၃၉)
နော်ဝစ်ချ်=ရက်ရှ်ဖို့ဒ်(၃၃.၇၀
ဘုန်းမောက်=ရက်ရှ်ဖို့ဒ်(၃၃.၆၇)
ဘရိုက်တန်=ရက်ရှ်ဖို့ဒ်(၃၆.၁၅)
ရှက်ဖီးယူ=ဂျိမ်းစ်(၃၅.၇၀)
အက်စ်တွန်ဗီလာ=ဂျိမ်းစ်(၃၅.၀၈)
စပါး=ရက်ရှ်ဖို့ဒ် (၃၄.၃၉)
မန်စီးတီး=လင်ဂတ် (၃၄.၄၃)
အဲဗာတန်=ဖရက်ဒ် (၃၇.၂၉)

[Zawgyi]

မန္ယူရဲ႕ဒီရာသီအျမန္ဆုံးက ရက္ရွ္ဖို႔ဒ္နဲ႔ဂ်ိမ္းစ္တို႔မဟုတ္တဲ့ အံ့ၾသစရာကြင္းလယ္လူတစ္ေယာက္

မန္ယူရဲ႕ဒီရာသီအျမန္ဆုံးကစားသမားက အံ့အားသင့္စရာေကာင္းေလာက္ေအာင္ လုံး၀ကို မထင္မွတ္ထားတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ေနပါတယ္။ ေဘာလုံးစြမ္းေဆာင္ႏိုင္မႈ ကိန္းဂဏန္းအခ်က္အလက္ေတြကို ေဖာ္ျပေပးတဲ့ Opta ရဲ႕တိုင္းတာမႈအရ ဒီရာသီပရီးမီးယားလိဂ္ ၁၇ ပြဲအၿပီးမွာ မန္ယူရဲ႕အျမန္ဆုံးသူဟာ ဘရာဇီးကြင္းလယ္လူဖရက္ဒ္ျဖစ္ေနတာပါ။ Opta ဟာ မန္ယူရဲ႕ဒီရာသီပရီးမီးယားလိဂၤတစ္ပြဲခ်င္းစီက မန္ယူရဲ႕အျမန္ဆုံးကစားသမားေတြကို တိုင္းတာစာရင္းျပဳခဲ့ၿပီး အဲဒီထဲမွာ ဖရက္ဒ္ဟာ အျမန္ဆုံးျဖစ္ေနတာပါ။

မန္ယူရဲ႕ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္အမ်ားစုမွာ အျမန္ဆုံးသူက ရက္ရွ္ဖုိ႔ဒ္မဟုတ္ရင္ ဒန္နီရယ္ဂ်ိမ္းစ္ သူတု႔ိႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္ျဖစ္ခ့ဲတာပါ။ ဒါေပမဲ့ ပြဲစဥ္အားလုံးထဲမွာ အဲဗာတန္နဲ႔ပဲြက ဖရက္ဒ္ရဲ႕ေျပးအားကသာ အျမန္ဆုံးျဖစ္ခဲ့ၿပီး တစ္နာရီကို ၃၇.၂၉ ကီလုိမီတာ ရွိခဲ့တာပါ။ ရာသီအေစာပိုင္းတုန္းက ရက္ရွ္ဖုိ႔ဒ္ဟာ ေတာင္ပံကစားသမားေလးဒန္နီရယ္ဂ်ိမ္းစ္ရဲ႕အထက္ မန္ယူရဲ႕အျမန္ဆုံးျဖစ္ခ့ဲတာပါ။ အခုေတာ့ သူတို႔ႏွစ္ေယာက္စလုံးကို ဖရက္ဒ္က ေက်ာ္တက္သြားခဲ့ပါၿပီ။ အဲဒီဘရာဇီးသားဟာ ေမာ္ရင္ဟိုလက္ထက္တုန္းက ေနရာေပ်ာက္ခဲ့ရေပမယ့္ ဆုိးလ္ရွားလက္ေအာက္ ေပါ့ဂ္ဘာ ဒဏ္ရာရေနခ်ိန္မွာ မန္ယူကြင္းလယ္ရဲ႕အဓိကကစားသမားတစ္ေယာက္ ျဖစ္လာပါတယ္။

ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲခ်င္းစီက မန္ယူရဲ႕အျမန္ဆုံးမ်ား

ခ်ဲလ္ဆီး=ဂ်ိမ္းစ္(၃၃.၅၂)
၀ုဗ္=ရက္ရွ္ဖုိ႔ဒ္(၃၃.၃၃)
ပဲေလ့စ္=ရက္ရွ္ဖုိ႔ဒ္(၃၃.၃၂)
ေဆာက္သမ္တန္=ဂ်ိမ္းစ္(၃၃.၂၄)
လက္စတာ=ဂ်ိမး္စ္(၃၅.၀၄)
၀က္စ္ဟမ္း=ဂ်ိမ္းစ္(၃၃.၈၁)
အာဆင္နယ္=ရက္ရွ္ဖုိ႔ဒ္(၃၅.၅၃)
နယူးကာဆယ္=ဂ်ိမး္စ္(၃၄.၀၉)
လီဗာပူး=ရက္ရွ္ဖုိ႔ဒ္(၃၃.၃၉)
ေနာ္၀စ္ခ်္=ရက္ရွ္ဖုိ႔ဒ္(၃၃.၇၀
ဘုန္းေမာက္=ရက္ရွ္ဖုိ႔ဒ္(၃၃.၆၇)
ဘရုိက္တန္=ရက္ရွ္ဖုိ႔ဒ္(၃၆.၁၅)
ရွက္ဖီးယူ=ဂ်ိမ္းစ္(၃၅.၇၀)
အက္စ္တြန္ဗီလာ=ဂ်ိမ္းစ္(၃၅.၀၈)
စပါး=ရက္ရွ္ဖုိ႔ဒ္ (၃၄.၃၉)
မန္စီးတီး=လင္ဂတ္ (၃၄.၄၃)
အဲဗာတန္=ဖရက္ဒ္ (၃၇.၂၉)