မန်ယူကို သူ့ရဲ့ပြန်လည်တည်ဆောက်မှုက နောက်ရောက်နေတယ်ဆိုတာ ပထမဆုံးအကြိမ် ဆိုးလ်ရှားဝန်ခံ

photo-daily mail

photo-REX

မန်ယူအသင်းပရိသတ်တွေကတော့ အကြာကြီးစိတ်ရှည်ပေးရတော့မယ့်အခြေအနေကို ရောက်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပြဆိုးလ်ရှားက မန်ယူကိုသူ့ရဲ့ပြန်လည်တည်ဆောက်မှုဟာ မျှော်လင့်ထားသလိုမဟုတ်ဘဲ နောက်ရောက်နေကြောင်း ပထမဆုံးအကြိမ် ဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့ သူ့အသင်းဟာ ကြာလေ ပိုတည်ငြိမ်လာမှာနဲ့ တိုးတက်လာလိမ့်မယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

photo-reuters

ဝက်ဖို့ဒ်ကို ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့တနင်္ဂနွေဟာ ဆိုးလ်ရှားရဲ့မန်ယူနည်းပြဘ၀ တစ်နှစ်ပြည့်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီရလဒ်ကြောင့် ၁၈ ပွဲအပြီးမှာ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၈ နေရာရောက်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီ ဒီလိုအချိန်တုန်းက မန်ယူဟာ ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၆ နေရာရောက်နေခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီအခုလိုအချိန်မှာ လက်ရှိထက်လည်း နိုင်ပွဲပိုရခဲ့ပြီး အဲဒီတုန်းက ၈ ပွဲနိုင်ထားကာ အခုကတော့ ၆ ပွဲသာနိုင်ထားသေးတာပါ။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူဟာ တိုက်စစ်ပိုအသားပေးလာတယ်လို့ မြင်နေကြပေမယ့်လည်း လက်ရှိနိုင်ပွဲအရေအတွက်အရ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ ဒါ့အပြင် မန်ယူဟာ နောက်ဆုံးလိဂ် ၁၇ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းနဲ့အထက် ကစားပြီးနိုင်ခဲ့တာဆိုလို့ ၁ ပွဲသာ ရှိခဲ့တာပါ။

photo-Ian Hodgson

”’ဒီရာသီဟာ အတက်အကျတွေနဲ့ရာသီဆိုတာ ကျွန်တော်တို့သိပါတယ်။ လာမယ့်ရာသီအတွက် အသင်းတစ်သင်းကို ရှာဖွေပုံဖော်နိုင်အောင် ဒီရာသီကို အသုံးချသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ကြီးပိုမြန်နိုင်အောင် ရလဒ်ပိုင်းပိုကောင်းဖို့ မျှော်လင့်ပါတယ်။ အဆင်မပြေခဲ့တာတွေကနေ ကျွန်တော်တို့ဟာ သင်ယူသွားမှာပါ။ အဲဒီကနေ အတွေ့အကြုံလည်းပိုရမှာ သေချာပေါက်ပါပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်မျှော်လင့်ထားတာထက် အနည်းငယ်နောက်ရောက်နေပါတယ်။ ကျွန်တော်တို့ဟာ စိုးမိုးကစားပြီး ပြိုင်ဘက်ခံစစ်တွေကို ချိုးဖျက်နိုင်တဲ့ အသင်းတစ်သင်းဖြစ်ချင်တာပါ။ လီဗာပူးတောင် အခုလိုအခြေအနေရောက်ဖို့ နှစ်အနည်းငယ်အချိန်ယူခဲ့ရတာပါ။ ကျွန်တော်တို့ဆက်လက်တည်ဆောက်သွားဖို့ပဲ လိုပါတယ်”လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။

[Zawgyi]

မန္ယူကို သူ႔ရဲ႕ျပန္လည္တည္ေဆာက္မႈက ေနာက္ေရာက္ေနတယ္ဆိုတာ ပထမဆုံးအႀကိမ္ ဆုိးလ္ရွား၀န္ခံ

မန္ယူအသင္းပရိသတ္ေတြကေတာ့ အၾကာႀကီးစိတ္ရွည္ေပးရေတာ့မယ့္အေျခအေနကို ေရာက္ရွိေနပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ နည္းျပဆုိးလ္ရွားက မန္ယူကိုသူ႔ရဲ႕ျပန္လည္တည္ေဆာက္မႈဟာ ေမွ်ာ္လင့္ထားသလုိမဟုတ္ဘဲ ေနာက္ေရာက္ေနေၾကာင္း ပထမဆုံးအႀကိမ္ ၀န္ခံလုိက္ပါတယ္။ ဒါေပမဲ့ သူ႔အသင္းဟာ ၾကာေလ ပိုတည္ၿငိမ္လာမွာနဲ႔ တုိးတက္လာလိမ့္မယ္လုိ႔ ဆုိးလ္ရွားက ယုံၾကည္ေနပါတယ္။

၀က္ဖုိ႔ဒ္ကို ၂-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ၿပီးခဲ့တဲ့တနဂၤေႏြဟာ ဆိုးလ္ရွားရဲ႕မန္ယူနည္းျပဘ၀ တစ္ႏွစ္ျပည့္လည္း ျဖစ္ခဲ့ပါတယ္။ အဲဒီရလဒ္ေၾကာင့္ ၁၈ ပြဲအၿပီးမွာ ရမွတ္ ၂၅ မွတ္နဲ႔ အဆင့္ ၈ ေနရာေရာက္ေနခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီ ဒီလိုအခ်ိန္တုန္းက မန္ယူဟာ ရမွတ္ ၂၉ မွတ္နဲ႔ အဆင့္ ၆ ေနရာေရာက္ေနခဲ့တာပါ။ ဒါ့အျပင္ ၿပီးခဲ့တဲ့ရာသီအခုလိုအခ်ိန္မွာ လက္ရွိထက္လည္း ႏိုင္ပြဲပိုရခ့ဲၿပီး အဲဒီတုန္းက ၈ ပြဲႏုိင္ထားကာ အခုကေတာ့ ၆ ပြဲသာႏိုင္ထားေသးတာပါ။ ဆုိးလ္ရွားလက္ထက္မွာ မန္ယူဟာ တိုက္စစ္ပိုအသားေပးလာတယ္လို႔ ျမင္ေနၾကေပမယ့္လည္း လက္ရွိႏိုင္ပဲြအေရအတြက္အရ ဆန္႔က်င္ဘက္လို ျဖစ္ေနပါတယ္။ ဒါ့အျပင္ မန္ယူဟာ ေနာက္ဆုံးလိဂ္ ၁၇ ပြဲမွာ ေဘာလုံးပိုင္္ဆိုင္မႈ ၅၀ ရာခုိင္ႏႈန္းနဲ႔အထက္ ကစားၿပီးႏိုင္ခဲ့တာဆုိလုိ႔ ၁ ပြဲသာ ရွိခဲ့တာပါ။

”’ဒီရာသီဟာ အတက္အက်ေတြနဲ႔ရာသီဆုိတာ ကၽြန္ေတာ္တို႔သိပါတယ္။ လာမယ့္ရာသီအတြက္ အသင္းတစ္သင္းကို ရွာေဖြပုံေဖာ္ႏိုင္ေအာင္ ဒီရာသီကို အသုံးခ်သြားမွာပါ။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ရဲ႕လုပ္ငန္းစဥ္ႀကီးပိုျမန္ႏိုင္ေအာင္ ရလဒ္ပိုင္းပိုေကာင္းဖို႔ ေမွ်ာ္လင့္ပါတယ္။ အဆင္မေျပခဲ့တာေတြကေန ကၽြန္ေတာ္တုိ႔ဟာ သင္ယူသြားမွာပါ။ အဲဒီကေန အေတြ႕အႀကဳံလည္းပိုရမွာ ေသခ်ာေပါက္ပါပဲ။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ကၽြန္ေတာ္ေမွ်ာ္လင့္ထားတာထက္ အနည္းငယ္ေနာက္ေရာက္ေနပါတယ္။ ကၽြန္ေတာ္တို႔ဟာ စိုးမိုးကစားၿပီး ၿပိဳင္ဘက္ခံစစ္ေတြကို ခ်ိဳးဖ်က္ႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ခ်င္တာပါ။ လီဗာပူးေတာင္ အခုလိုအေျခအေနေရာက္ဖုိ႔ ႏွစ္အနည္းငယ္အခ်ိန္ယူခဲ့ရတာပါ။ ကၽြန္ေတာ္တို႔ဆက္လက္တည္ေဆာက္သြားဖို႔ပဲ လုိပါတယ္”လို႔ ဆုိးလ္ရွားက ေျပာခဲ့တာပါ။