မန်ယူကိုပြန်လည်တည်ဆောက်ဖို့ ပေါင်သန်း ၂၅၀ ရမယ့် ဆိုးလ်ရှား

PHOTO- Internet
PHOTO- Internet

မန်ယူပိုင်ရှင်ဂလေဇာမိသားစုဟာနည်းပြဆိုးလ်ရှားကိုအသင်းပြန်လည်တည်ဆောက်ဖို့အတွက် ထောက်ခံချက်ပေးထားပြီး လာမယ့်နှစ်မှာပေါင်သန်း ၂၅၀ ထုတ်ပေးလိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့်လာမယ့် နွေရာသီဈေးကွက်အတွင်းမှာ မန်ယူဟာအလုပ်များဖို့ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။

ဆိုးလ်ရှားဟာ ဒီငွေတွေနဲ့ အသင်းမှာအရန်သင့်ကစားနိုင်တဲ့ သူမျိုးတွေကိုရွေးချယ်မှာဖြစ်ပြီး ဒေါ့မန်တောင်ပံကစားသမား ဆန်ချိုနဲ့ ဆဲလ်ဘတ်အသင်းတိုက်စစ်မှူ း အာလင်းဟာလန်းတို့ကို ပစ်မှတ်ထားနေပါတယ်။ ဆိုးလ်ရှားဟာ အသင်းကိုတည်ဆောက်ရာမှာ ရေရှည်အတွက်ရည်ရွယ်ထားလို့ လူငယ်တွေကိုအဓိက ပစ်မှတ်ထားမှာဖြစ်ပါတယ်။

PHOTO- Internet

သူဟာအသက် ၁၇ နှစ်သာရှိသေးတဲ့ မေဆန်ဂရင်းဝုဒ်နဲ့ အသက် ၁၉ နှစ်အရွယ် ဘရန်ဒန်ဝီလျံတို့ကိုလည်း ဒီရာသီမှာနေရပေးခဲ့သူဖြစ်ပါတယ်။ သူက”အသင်းအတွက်ကျွန်တော်တို့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်မှာပါ။ ဒါဟာလိုအပ်လို့ လုပ်ရတာမျိုးပါ။

PHOTO- Internet

လောလောဆယ်မှာလည်း ကစားသမားသစ် ၂ ဦးလောက်အထိလိုအပ်နေပါတယ်။ ဒါပေမယ့် ဒီလိုအပ်ချက်ကို ဇန်နဝါရီဈေးကွက်ထဲမှာဖြည့်တင်းဖို့မရှိဘဲ လာမယ့် နွေရာသီရောက်မှဖြစ်လာပါလိမ့်မယ်” လို့ပြောသွားပါတယ်။ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်ထဲမှာ မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာကာနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့အတွက် ပေါင်သန်း ၁၅၀ နီးပါးအသုံးပြုခဲ့သူလည်းဖြစ်ပါတယ်။

photo internet

မန်ယူဟာ ပေါ့ဂ်ဘာကိုရီးရဲလ်မက်ဒရစ်အသင်းဆီပေါင်သန်း ၁၅၀ နဲ့ရောင်းချဖို့ရှိနေပြီး ဒီပြင်သစ်သားကိုရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားရဲ့အသုံးစားရိတ်ကပေါင်သန်း ၄၀၀ နီးပါးရှိလာနိုင်တယ်လို့လည်းဆိုကြပါတယ်။ ဒေါ့မန်ဟာ ဆန်ချိုအတွက်ပေါင်သန်း ၁၀၀ အထိအလိုရှိနေပြီး ဟာလန်းအတွက်ပေါင်သန်း ၇၀ အထိကုန်ကျရဖွယ်ရှိနေပါတယ်။

PHOTO- Internet

Zawgyi

မန္ယူကိုျပန္လည္တည္ေဆာက္ဖို႔ ေပါင္သန္း ၂၅၀ ရမယ္႔ ဆိုးလ္ရွား

မန္ယူပိုင္ရွင္ဂေလဇာမိသားစုဟာနည္းျပဆိုးလ္ရွားကိုအသင္းျပန္လည္တည္ေဆာက္ဖို႔အတြက္ ေထာက္ခံခ်က္ေပးထားၿပီး လာမယ္႔ႏွစ္မွာေပါင္သန္း ၂၅၀ ထုတ္ေပးလိမ့္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လာမယ္႔ ေႏြရာသီေစ်းကြက္အတြင္းမွာ မန္ယူဟာအလုပ္မ်ားဖို႔ရွိေနတယ္လို႔လည္း သုံးသပ္ၾကပါတယ္။

ဆိုးလ္ရွားဟာ ဒီေငြေတြနဲ႔ အသင္းမွာအရန္သင့္ကစားႏိုင္တဲ႔ သူမ်ဳိးေတြကိုေရြးခ်ယ္မွာျဖစ္ၿပီး ေဒါ့မန္ေတာင္ပံကစားသမား ဆန္ခ်ဳိနဲ႔ ဆဲလ္ဘတ္အသင္းတိုက္စစ္မွဴ း အာလင္းဟာလန္းတို႔ကို ပစ္မွတ္ထားေနပါတယ္။ ဆိုးလ္ရွားဟာ အသင္းကိုတည္ေဆာက္ရာမွာ ေရရွည္အတြက္ရည္ရြယ္ထားလို႔ လူငယ္ေတြကိုအဓိက ပစ္မွတ္ထားမွာျဖစ္ပါတယ္။

သူဟာအသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ ေမဆန္ဂရင္း၀ုဒ္နဲ႔ အသက္ ၁၉ ႏွစ္အရြယ္ ဘရန္ဒန္၀ီလ်ံတို႔ကိုလည္း ဒီရာသီမွာေနရေပးခဲ့သူျဖစ္ပါတယ္။ သူက”အသင္းအတြက္က်ြန္ေတာ္တို႔ အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္မွာပါ။ ဒါဟာလိုအပ္လို႔ လုပ္ရတာမ်ဳိးပါ။

ေလာေလာဆယ္မွာလည္း ကစားသမားသစ္ ၂ ဦးေလာက္အထိလိုအပ္ေနပါတယ္။ ဒါေပမယ္႔ ဒီလိုအပ္ခ်က္ကို ဇန္န၀ါရီေစ်းကြက္ထဲမွာျဖည့္တင္းဖို႔မရွိဘဲ လာမယ္႔ ေႏြရာသီေရာက္မွျဖစ္လာပါလိမ့္မယ္” လို႔ေျပာသြားပါတယ္။ ဆိုးလ္ရွားဟာ ၿပီးခဲ့တဲ႔ေႏြရာသီေစ်းကြက္ထဲမွာ မက္ဂြိဳင္းယား၊ ၀မ္ဘစ္ဆာကာနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တို႔အတြက္ ေပါင္သန္း ၁၅၀ နီးပါးအသုံးျပဳခဲ့သူလည္းျဖစ္ပါတယ္။

မန္ယူဟာ ေပါ့ဂ္ဘာကိုရီးရဲလ္မက္ဒရစ္အသင္းဆီေပါင္သန္း ၁၅၀ နဲ႔ေရာင္းခ်ဖို႔ရွိေနၿပီး ဒီျပင္သစ္သားကိုေရာင္းျဖစ္ခဲ့မယ္ဆိုရင္ေတာ႔ ဆိုးလ္ရွားရဲ႕အသုံးစားရိတ္ကေပါင္သန္း ၄၀၀ နီးပါးရွိလာႏိုင္တယ္လို႔လည္းဆိုၾကပါတယ္။ ေဒါ့မန္ဟာ ဆန္ခ်ဳိအတြက္ေပါင္သန္း ၁၀၀ အထိအလိုရွိေနၿပီး ဟာလန္းအတြက္ေပါင္သန္း ၇၀ အထိကုန္က်ရဖြယ္ရွိေနပါတယ္။