မန်စီးတီးမယှဉ်နိုင်လောက်တဲ့ ၅ သင်းကို ဂွာဒီယိုလာဖွင့်ဟ

Photo- Internet
Photo- Internet

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်ယူအပါအဝင် သူတို့တွေမယှဉ်နိုင်လောက်တဲ့ ထိပ်သီး ၅ သင်းအမည်ကို ပြောကြားလိုက်တယ်လို့ သိရပါတယ်။ မန်စီးတီးဟာပြီးခဲ့တဲ့ စနေနေ့က မန်ယူကိုအိမ်ကွင်းမှာ ၁-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် သူကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီမှာခြေစွမ်းကျဆင်းလာမှုနဲ့အတူ ထိပ်ဆုံးကဦးဆောင်နေတဲ့ လီဗာပူးနဲ့လည်း ၁၄ မှတ်ပြတ်နေလို့ ဂွာဒီယိုလာရဲ့နည်းပြသက်တမ်းမှာ အမှတ်ပေးဖလား ၁၆ ပွဲကစားပြီးချိန်မှာ အဆိုးဆုံးသောအမှတ်ကွာဟမှုလည်းဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းကိုပြန်ကြည့်ရင်လည်း နေ့ခင်းဘက်ကစားတဲ့ပွဲတွေအပြီးမှာ ထိပ်ဆုံးအသင်းနဲ့ ၁၄ မှတ်ကွာတဲ့အသင်းမှန်သမျှ ချန်ပီယံဖြစ်တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။

Photo- Internet

မန်စီးတီးဟာ မကြာသေးခင်ကလည်း လီဗာပူးကိုရှုံးခဲ့သေးလို့ ဥရောပအဆင့်မှာထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်မယ့် မန်စီးတီးရဲ့စွမ်းရည်အပေါ် ဂွာဒီယိုလာကသံသယရှိနေတာပါ။ သူက”မန်ယူဟာ ခံစစ်ပိုင်းအရည်အသွေးရှိသလို တန်ပြန်တိုက်စစ်တွေမှာလည်း စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်။ ဒါကိုကျွန်တော်တို့ လက်ခံရမှာပါ။

Photo- Internet

ဒီလိုပုံစံမျိုးကို လီဗာပူး၊ ဂျူ ဗင်တပ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာလည်းတွေ့နိုင်ပါတယ်။ ဒီအသင်းတွေကို ကျွန်တော်တို့ ရင်ဆိုင်ရဦးမှာဖြစ်ပြီး တကယ့်အမှန်တရားကတော့ လက်ရှိမှာသူတို့ကို ယှဉ်ဆိုင်နိုင်ဖို့ မလွယ်သေးတာပါဘဲ။ တိုးတက်ဖို့လိုနေတာကို လက်ခံပြီး တိုးတက်အောင်ကြိုးစားဖို့လိုပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီကပြည်တွင်းဆုဖလား ၃ လုံးဆွတ်ခူးခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီပရီးမီးယားလိဂ်မှာ သူတို့တွေရမှတ် ၁၀၀ နဲ့ချန်ပီယံဖြစ်ခဲ့မှုကလည်း ပြိုင်ပွဲသမိုင်းမှာ စံချိန်တင်ရမှတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

မန္စီးတီးမယွဥ္ႏိုင္ေလာက္တဲ႔ ၅ သင္းကို ဂြာဒီယိုလာဖြင့္ဟ

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာက မန္ယူအပါအ၀င္ သူတို႔ေတြမယွဥ္ႏိုင္ေလာက္တဲ႔ ထိပ္သီး ၅ သင္းအမည္ကို ေျပာၾကားလိုက္တယ္လို႔ သိရပါတယ္။ မန္စီးတီးဟာၿပီးခဲ့တဲ႔ စေနေန႔က မန္ယူကိုအိမ္ကြင္းမွာ ၁-၂ နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ သူကအခုလိုေျပာၾကားလိုက္တာျဖစ္ပါတယ္။

မန္စီးတီးဟာ ဒီရာသီမွာေျခစြမ္းက်ဆင္းလာမႈနဲ႔အတူ ထိပ္ဆုံးကဦးေဆာင္ေနတဲ႔ လီဗာပူးနဲ႔လည္း ၁၄ မွတ္ျပတ္ေနလို႔ ဂြာဒီယိုလာရဲ႕နည္းျပသက္တမ္းမွာ အမွတ္ေပးဖလား ၁၆ ပြဲကစားၿပီးခ်ိန္မွာ အဆိုးဆုံးေသာအမွတ္ကြာဟမႈလည္းျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းကိုျပန္ၾကည့္ရင္လည္း ေန႔ခင္းဘက္ကစားတဲ႔ပြဲေတြအၿပီးမွာ ထိပ္ဆုံးအသင္းနဲ႔ ၁၄ မွတ္ကြာတဲ႔အသင္းမွန္သမွ် ခ်န္ပီယံျဖစ္တယ္ဆိုတာလည္း မရွိခဲ့ပါဘူး။

မန္စီးတီးဟာ မၾကာေသးခင္ကလည္း လီဗာပူးကိုရႈံးခဲ့ေသးလို႔ ဥေရာပအဆင့္မွာထိပ္သီးအသင္းေတြကို ယွဥ္ၿပိဳင္မယ္႔ မန္စီးတီးရဲ႕စြမ္းရည္အေပၚ ဂြာဒီယိုလာကသံသယရွိေနတာပါ။ သူက”မန္ယူဟာ ခံစစ္ပိုင္းအရည္အေသြးရွိသလို တန္ျပန္တိုက္စစ္ေတြမွာလည္း စြမ္းေဆာင္ရည္ေကာင္းမြန္ပါတယ္။ ဒါကိုက်ြန္ေတာ္တို႔ လက္ခံရမွာပါ။

ဒီလိုပုံစံမ်ဳိးကို လီဗာပူး၊ ဂ်ဴ ဗင္တပ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔မွာလည္းေတြ႔ႏိုင္ပါတယ္။ ဒီအသင္းေတြကို ကၽြန္ေတာ္တို႔ ရင္ဆိုင္ရဦးမွာျဖစ္ၿပီး တကယ္႔အမွန္တရားကေတာ႔ လက္ရွိမွာသူတို႔ကို ယွဥ္ဆိုင္ႏိုင္ဖို႔ မလြယ္ေသးတာပါဘဲ။ တိုးတက္ဖို႔လိုေနတာကို လက္ခံၿပီး တိုးတက္ေအာင္ႀကိဳးစားဖို႔လိုပါတယ္” လို႔ေျပာသြားပါတယ္။

မန္စီးတီးဟာ ၿပီးခဲ့တဲ႔ ရာသီကျပည္တြင္းဆုဖလား ၃ လုံးဆြတ္ခူးခဲ့တဲ႔ ပထမဆုံးအဂၤလိပ္အသင္းအျဖစ္မွတ္တမ္း၀င္ခဲ့ပါတယ္။ ၿပီးခဲ့တဲ႔ ရာသီပရီးမီးယားလိဂ္မွာ သူတို႔ေတြရမွတ္ ၁၀၀ နဲ႔ခ်န္ပီယံျဖစ္ခဲ့မႈကလည္း ၿပိဳင္ပြဲသမိုင္းမွာ စံခ်ိန္တင္ရမွတ္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။