မက်ဆီနဲ့ယှဉ်ပြီးအလှောင်ခံရလို့ ငယ်ပါကိုင်ကာ ရိုင်းစိုင်းစွာတုံ့ပြန်ခဲ့တဲ့ စီရော်နယ်ဒို

Photo- Internet

ပြီးခဲ့တဲ့တစ်ပတ်က ဂျူ ဗင်တပ်အသင်းက လာဇီယိုကိုရှုံးနိမ့်ခဲ့တဲ့ အီတလီစူပါဖလားပွဲစဉ်အပြီးမှာ ပြိုင်ဘက်ပရိသတ်တွေက သူ့ကိုမက်ဆီနဲ့ယှဉ်ပြီးလှောင်ပြောင်ခဲ့မှုကို မကျေမနပ်ဖြစ်ပြီး ငယ်ပါကိုကိုင်ပြကာ ရိုင်းစိုင်းတဲ့အမူအရာနဲ့တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဂျူ ဗင်တပ်က ၃-၁ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်အတွင်းသူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့ပြီး ballon d’or ဆုရရှိမှုမှာလည်း သူ့ကိုကျော်ဖြတ်သွားခဲ့တဲ့ မက်ဆီရဲ့အမည်ကိုအဲဒီပွဲအပြီး မှာလာဇီယို ပရိသတ်တွေကအော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စီရော်နယ်ဒိုက သူ့ငယ်ပါကိုဆုပ်ကိုင်ပြပြီး တုံ့ပြန်ခဲ့တာကို ဗီဒီယိုပြကွက်တွေမှာတွေ့လိုက်ကြရပါတယ်။

Photo- Internet

ဒီအရှုံးဟာ စီရော်နယ်ဒိုအတွက်ပေါ်တူဂီ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူ ဗင်တပ်တို့နဲ့အတူ ဗိုလ်လုပွဲ ၁၄ ခုဆက်တိုက် မရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်းအဆုံးသတ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာအဲဒီပွဲချိန်အတွင်းမှာရော ပွဲအပြီးဆုတံဆိပ်ရယူချိန်မှာပါ စိတ်ပျက်နေတဲ့ ပုံစံတွေ့ခဲ့ရတာဖြစ်ပါတယ်။

Photo- Internet

သူရတဲ့ ဒုတိယဆုတံဆိပ်ကို ချက်ခြင်းဆွဲဖြုတ်ပြီးချိန်မှာ လာဇီယိုပရိသတ်တွေက သူ့ကိုစတင်လှောင်ပြောင်ခဲ့ကြတာပါ။ မက်ဆီအမည်ကို အော်ဟစ်မှုစတင်ကြားရချိန်မှာ သူဟာပြုံးရုံသာပြုံးခဲ့ပေမယ့် ဆက်လက်ကြားရတဲ့အချိန်မှာတော့ ဒေါသထွက်ပြီးငယ်ပါကိုဆုပ် ကိုင်ပြလိုက်တာဖြစ်ပါတယ်။ အခုလိုမက်ဆီအမည်ကိုအော်ဟစ်ခဲ့တြတဲ့အထဲမှာ ဒီပွဲကိုလက်ခံကျင်းပခဲ့တဲ့ အိမ်ရှင်ဆော်ဒီပရိသတ်တွေလည်း ပါဝင်ခဲ့ပါတယ်။

Photo- Internet

မကြာသေးခင်က မက်ဆီဟာ ballon d’or ဆုကိုဆွတ်ခူးခဲ့ပြီးနောက် ဒီဆုကို ၆ ကြိမ်မြောက်ရခဲ့တာဖြစ်လို့ စီရော်နယ်ဒိုထက်တစ်ကြိမ်သာလွန်သွားခဲ့ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ အရမ်းကိုစိတ်ပျက်ခဲ့ပြီး ပရိသတ်တွေရဲ့အော်ဟစ်သံဆက်တိုက်ကြားလိုက်ချိန်မှာ အရမ်းကိုဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

Zawgyi

မက္ဆီနဲ႔ယွဥ္ၿပီးအေလွာင္ခံရလို႔ ငယ္ပါကိုင္ကာ ရိုင္းစိုင္းစြာတုံ႔ျပန္ခဲ့တဲ႔ စီေရာ္နယ္ဒို

ၿပီးခဲ့တဲ႔တစ္ပတ္က ဂ်ဴ ဗင္တပ္အသင္းက လာဇီယိုကိုရႈံးနိမ့္ခဲ့တဲ႔ အီတလီစူပါဖလားပြဲစဥ္အၿပီးမွာ ၿပိဳင္ဘက္ပရိသတ္ေတြက သူ႔ကိုမက္ဆီနဲ႔ယွဥ္ၿပီးေလွာင္ေျပာင္ခဲ့မႈကို မေက်မနပ္ျဖစ္ၿပီး ငယ္ပါကိုကိုင္ျပကာ ရိုင္းစိုင္းတဲ႔အမူအရာနဲ႔တုံ႔ျပန္ခဲ့တယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ဂ်ဴ ဗင္တပ္က ၃-၁ နဲ႔အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္းသူ႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္ခဲ့ၿပီး ballon d’or ဆုရရွိမႈမွာလည္း သူ႔ကိုေက်ာ္ျဖတ္သြားခဲ့တဲ႔ မက္ဆီရဲ႕အမည္ကိုအဲဒီပြဲအၿပီး မွာလာဇီယို ပရိသတ္ေတြကေအာ္ဟစ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုက သူ႔ငယ္ပါကိုဆုပ္ကိုင္ျပၿပီး တုံ႔ျပန္ခဲ့တာကို ဗီဒီယိုျပကြက္ေတြမွာေတြ႔လိုက္ၾကရပါတယ္။

ဒီအရႈံးဟာ စီေရာ္နယ္ဒိုအတြက္ေပၚတူဂီ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴ ဗင္တပ္တို႔နဲ႔အတူ ဗိုလ္လုပြဲ ၁၄ ခုဆက္တိုက္ မရႈံးနိမ့္ခဲ့တဲ႔ မွတ္တမ္းေကာင္းကိုလည္းအဆုံးသတ္ေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူဟာအဲဒီပြဲခ်ိန္အတြင္းမွာေရာ ပြဲအၿပီးဆုတံဆိပ္ရယူခ်ိန္မွာပါ စိတ္ပ်က္ေနတဲ႔ ပုံစံေတြ႔ခဲ့ရတာျဖစ္ပါတယ္။

သူရတဲ႔ ဒုတိယဆုတံဆိပ္ကို ခ်က္ျခင္းဆြဲျဖဳတ္ၿပီးခ်ိန္မွာ လာဇီယိုပရိသတ္ေတြက သူ႔ကိုစတင္ေလွာင္ေျပာင္ခဲ့ၾကတာပါ။ မက္ဆီအမည္ကို ေအာ္ဟစ္မႈစတင္ၾကားရခ်ိန္မွာ သူဟာၿပဳံးရုံသာၿပံဳးခဲ့ေပမယ္႔ ဆက္လက္ၾကားရတဲ႔အခ်ိန္မွာေတာ႔ ေဒါသထြက္ၿပီးငယ္ပါကိုဆုပ္ ကိုင္ျပလိုက္တာျဖစ္ပါတယ္။ အခုလိုမက္ဆီအမည္ကိုေအာ္ဟစ္ခဲ့ၾတတဲ႔အထဲမွာ ဒီပြဲကိုလက္ခံက်င္းပခဲ့တဲ႔ အိမ္ရွင္ေဆာ္ဒီပရိသတ္ေတြလည္း ပါ၀င္ခဲ့ပါတယ္။

မၾကာေသးခင္က မက္ဆီဟာ ballon d’or ဆုကိုဆြတ္ခူးခဲ့ၿပီးေနာက္ ဒီဆုကို ၆ ႀကိမ္ေျမာက္ရခဲ့တာျဖစ္လို႔ စီေရာ္နယ္ဒိုထက္တစ္ႀကိမ္သာလြန္သြားခဲ့ပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ အရမ္းကိုစိတ္ပ်က္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ေအာ္ဟစ္သံဆက္တိုက္ၾကားလိုက္ခ်ိန္မွာ အရမ္းကိုေဒါသထြက္ခဲ့တာျဖစ္ပါတယ္။