မက်ဆီနဲ့စီရော်နယ်ဒိုတို့ကြောင့် Ballon d’Or ဆု နှစ်ခုထားဖို့ အမှန်အကန်အကြံပေးလိုက်တဲ့ရာမို့စ်

photo-tribuna

photo-gettyimages

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုကို မက်ဆီနဲ့စီရော်နယ်ဒိုတို့အတွက် တစ်ခုနဲ့ ကျန်တဲ့သူတွေအတွက် တစ်ခုထားဖို့ ရီးရဲလ်မက်ဒရစ်နောက်ခံလူရာမို့စ်က နောက်ပြောင်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ရာမို့စ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ဆုဖလားတွေအပြင် တစ်ဦးချင်းအောင်မြင်မှုအမြောက်အမြားလည်း ရရှိခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံး ၁၂ နှစ်အတွင်းက တခြားနာမည်ကြီးကစားသမားတွေလိုပဲ ဆုကြီးတွေနဲ့ပတ်သက်ရင် သူဟာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ရဲ့အရိပ်အောက် ရောက်နေခဲ့ရပါတယ်။

photo-gettyimages

Ballon d’Or ဆုကို စီရော်နယ်ဒို ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ ၂၀၀၈ ကစပြီး မက်ဆီနောက်ဆုံးအကြိမ်ရခဲ့တဲ့ ပြီးခဲ့တဲ့လအထိ အဲဒီဆုအတွက် သူတို့နှစ်ယောက်ကသာ ကြီးစိုးခဲ့တာပါ။ ကြားထဲမှာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ မရခဲ့တာဆိုလို့ မိုဒရစ်ရသွားတဲ့ ၂၀၁၈ တစ်ကြိမ်ပဲရှိခဲ့ပါတယ်။ နောက်ဆုံး ၁၂ နှစ်အတွင်းမှာ စီရော်နယ်ဒိုက ၅ ကြိမ်ရခဲ့ပြီး မက်ဆီက ၆ ကြိမ်ရခဲ့တာပါ။ ဒါကြောင့်လည်း ရာမို့စ်က သူတို့နှစ်ယောက်အတွက် တစ်ဆုထားပြီး ကျန်တဲ့သူတွေလည်း အခွင့်အရေးရအောင် နောက်ထပ်တစ်ဆုထားသင့်တယ်လို့ အရွှန်းဖောက်လိုက်တာပါ။

photo-TUDN

”ရလဒ်အပေါ်မူတည်ပြီး မက်ဆီနဲ့စီရော်နယ်ဒိုတို့အတွက် Ballon d’Or ဆုတစ်ခုထားလို့ရနိုင်ပါတယ်။ ကျန်တဲ့သူတွေအတွက် နောက်ထပ် Ballon d’Or ဆုတစ်ခုရောပေ့ါ။ အဲဒါမှ အဆုံးသတ်မှာ ဘောလုံးလောကကြီးအတွက် ပိုကောင်းသွားမှာပါ”လို့ ရာမို့စ်က မက္ကဆီကိုရုပ်သံတစ်ခုမှာ နောက်ပြောင်ခဲ့တာပါ။

[Zawgyi]

မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ေၾကာင့္ Ballon d’Or ဆု ႏွစ္ခုထားဖို႔ အမွန္အကန္အႀကံေပးလိုက္တဲ့ရာမုိ႔စ္

ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုကို မက္ဆီနဲ႔စီေရာ္နယ္ဒုိတုိ႔အတြက္ တစ္ခုနဲ႔ က်န္တဲ့သူေတြအတြက္ တစ္ခုထားဖို႔ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူရာမို႔စ္က ေနာက္ေျပာင္ေျပာၾကားလိုက္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ရာမို႔စ္ဟာ သူ႔ရဲ႕ကစားသမားဘ၀မွာ ဆုဖလားေတြအျပင္ တစ္ဦးခ်င္းေအာင္ျမင္မႈအေျမာက္အျမားလည္း ရရွိခဲ့တာပါ။ ဒါေပမဲ့ ေနာက္ဆုံး ၁၂ ႏွစ္အတြင္းက တျခားနာမည္ႀကီးကစားသမားေတြလုိပဲ ဆုႀကီးေတြနဲ႔ပတ္သက္ရင္ သူဟာ မက္ဆီနဲ႔စီေရာ္နယ္ဒုိတို႔ရဲ႕အရိပ္ေအာက္ ေရာက္ေနခဲ့ရပါတယ္။

Ballon d’Or ဆုကို စီေရာ္နယ္ဒို ပထမဆုံးအႀကိမ္ရရွိခဲ့တဲ့ ၂၀၀၈ ကစၿပီး မက္ဆီေနာက္ဆုံးအႀကိမ္ရခဲ့တဲ့ ၿပီးခဲ့တဲ့လအထိ အဲဒီဆုအတြက္ သူတို႔ႏွစ္ေယာက္ကသာ ႀကီးစုိးခဲ့တာပါ။ ၾကားထဲမွာ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ မရခဲ့တာဆုိလို႔ မိုဒရစ္ရသြားတဲ့ ၂၀၁၈ တစ္ႀကိမ္ပဲရွိခဲ့ပါတယ္။ ေနာက္ဆုံး ၁၂ ႏွစ္အတြင္းမွာ စီေရာ္နယ္ဒိုက ၅ ႀကိမ္ရခဲ့ၿပီး မက္ဆီက ၆ ႀကိမ္ရခဲ့တာပါ။ ဒါေၾကာင့္လည္း ရာမို႔စ္က သူတို႔ႏွစ္ေယာက္အတြက္ တစ္ဆုထားၿပီး က်န္တဲ့သူေတြလည္း အခြင့္အေရးရေအာင္ ေနာက္ထပ္တစ္ဆုထားသင့္တယ္လို႔ အရႊန္းေဖာက္လိုက္တာပါ။

”ရလဒ္အေပၚမူတည္ၿပီး မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔အတြက္ Ballon d’Or ဆုတစ္ခုထားလုိ႔ရႏိုင္ပါတယ္။ က်န္တဲ့သူေတြအတြက္ ေနာက္ထပ္ Ballon d’Or ဆုတစ္ခုေရာေပ့ါ။ အဲဒါမွ အဆုံးသတ္မွာ ေဘာလုံးေလာကႀကီးအတြက္ ပိုေကာင္းသြားမွာပါ”လို႔ ရာမို႔စ္က မကၠဆီကိုရုပ္သံတစ္ခုမွာ ေနာက္ေျပာင္ခဲ့တာပါ။