မက်ဆီကိုတားဆီးရာမှာ မတတ်သာတဲ့အဆုံး ဘောင်းဘီဆွဲချွတ်ခဲ့တဲ့ တိုနီခရူးစ်

photo-tribuna

photo-gettyimages

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့အယ်ကလက်စီကိုပွဲစဉ်ဟာ သမိုင်းတစ်လျှောက် ပျင်းစရာအကောင်းဆုံးအယ်ကလက်စီကိုပွဲတွေထဲက တစ်ပွဲဖြစ်သွားပါတယ်။ နိုင်ငံရေးနောက်ခံကြောင့် တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရပေမယ့် ပွဲရသအနေနဲ့ကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ရလဒ်ကို ကြည့်တာနဲ့ သိသာပါတယ်။

photo-tribuna

ဂိုးမရှိသရေရလဒ်ဆိုတာ နောက်ဆုံးကစားခဲ့တဲ့ အယ်ကလက်စီကိုပွဲ ၅၀ မှာ ပထမဆုံးအကြိမ်အဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၂ နောက်ပိုင်း ဂိုးမသွင်းတဲ့ပထမဆုံးအယ်ကလက်စီကိုပွဲလည်း ဖြစ်လာခဲ့တယ်။ ပျင်းစရာကောင်းခဲ့တာ မှန်ပေမယ့်လည်း ပွဲချိန်အတွင်းက အဖြစ်အပျက်လေးတစ်ခုကြောင့် ရယ်စရာတော့ ကောင်းသွားခဲ့ပါတယ်။

photo-tribuna

အဲဒီပွဲ ဒုတိယပိုင်းရဲ့နာကျင်အချိန်ပိုအရောက်မှာ ရီးရဲလ်ကွင်းလယ်လူတိုနီခရူးစ်ဟာ ပြိုင်ဘက်တိုက်စစ်မှုးမက်ဆီကို တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘဲ သူသာ လဲကျသွားခဲ့ပါတယ်။ တိုနီခရူးစ်တစ်ယောက် မတတ်သာတဲ့အဆုံး လဲနေရင်းနဲ့ပဲ မက်ဆီရဲ့ဘောင်းဘီကို လှမ်းဆွဲလိုက်တော့ အဲဒီအာဂျင်တီးနားသားဟာ ဘောင်းဘီကျွတ်သွားပြီး ကိုယ်အောက်ပိုင်း နောက်ဘက်အခြမ်းပေါ်သွားပါတယ်။ အမည်းရောင်အောက်ခံဘောင်းဘီကယ်သွားလို့သာ မက်ဆီခံသာသွားခဲ့တာပါ။ နို့မို့ဆိုရင်တော့……..

[Zawgyi]

မက္ဆီကိုတားဆီးရာမွာ မတတ္သာတဲ့အဆုံး ေဘာင္းဘီဆြဲခြၽတ္ခဲ့တဲ့ တိုနီခ႐ူးစ္

ၿပီးခဲ့တဲ့ဗုဒၶဟူးညက ဘာစီလုိနာနဲ႔ရီးရဲလ္မက္ဒရစ္တုိ႔ရဲ႕အယ္ကလက္စီကိုပြဲစဥ္ဟာ သမိုင္းတစ္ေလွ်ာက္ ပ်င္းစရာအေကာင္းဆုံးအယ္ကလက္စီကိုပြဲေတြထဲက တစ္ပြဲျဖစ္သြားပါတယ္။ ႏိုင္ငံေရးေနာက္ခံေၾကာင့္ တစ္ကမာၻလုံးရဲ႕အာရုံစိုက္ျခင္းကို ခံခဲ့ရေပမယ့္ ပြဲရသအေနနဲ႔ကေတာ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့ပါဘူး။ ရလဒ္ကို ၾကည့္တာနဲ႔ သိသာပါတယ္။

ဂိုးမရွိသေရရလဒ္ဆိုတာ ေနာက္ဆုံးကစားခဲ့တဲ့ အယ္ကလက္စီကိုပြဲ ၅၀ မွာ ပထမဆုံးအႀကိမ္အျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၀၂ ေနာက္ပိုင္း ဂိုးမသြင္းတဲ့ပထမဆုံးအယ္ကလက္စီကိုပဲြလည္း ျဖစ္လာခဲ့တယ္။ ပ်င္းစရာေကာငး္ခဲ့တာ မွန္ေပမယ့္လည္း ပြဲခ်ိန္အတြင္းက အျဖစ္အပ်က္ေလးတစ္ခုေၾကာင့္ ရယ္စရာေတာ့ ေကာင္းသြားခဲ့ပါတယ္။

အဲဒီပြဲ ဒုတိယပိုင္းရဲ႕နာက်င္အခ်ိန္ပိုအေရာက္မွာ ရီးရဲလ္ကြင္းလယ္လူတုိနီခရူးစ္ဟာ ၿပိဳင္ဘက္တုိက္စစ္မႈးမက္ဆီကို တားဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ မေအာင္ျမင္ခဲ့ဘဲ သူသာ လဲက်သြားခဲ့ပါတယ္။ တိုနီခရူးစ္တစ္ေယာက္ မတတ္သာတဲ့အဆုံး လဲေနရင္းနဲ႔ပဲ မက္ဆီရဲ႕ေဘာင္းဘီကို လွမ္းဆြဲလိုက္ေတာ့ အဲဒီအာဂ်င္တီးနားသားဟာ ေဘာင္းဘီကၽြတ္သြားၿပီး ကိုယ္ေအာက္ပိုင္း ေနာက္ဘက္အျခမး္ေပၚသြားပါတယ္။ အမည္းေရာင္ေအာက္ခံေဘာင္းဘီကယ္သြားလုိ႔သာ မက္ဆီခံသာသြားခဲ့တာပါ။ ႏို႔မို႔ဆိုရင္ေတာ့……..