မက်ဆီကအကောင်းဆုံးဖြစ်လို့ သူ့ကိုဘဲ Ballon d´Or ပေးလိုက်လို့ ဗယ်ဗာဒီပြော

Photo- Internet
Photo- Internet

ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီက မက်ဆီကအကောင်းဆုံးဘောလုံးသမားဖြစ်လို့ သူ့ကိုဘဲ Ballon d’Or ဆုပေးလိုက်တော့လို့ ပြောလိုက်ပါတယ်။ ဒီဆုအတွက် ဂျာနယ်လစ်တွေ၊ နည်းပြတွေက  မဲပေးရတာဖြစ်ပြီး မဲပေးဖို့တွေဝေနေရင် မက်ဆီကိုပေးလိုက်တာက အလွယ်ဆုံးဖြစ်လိမ့်မယ်လို့လည်း သူကဆိုပါတယ်။

ဒီဆုကိုလာမယ့် ဒီဇင်ဘာ ၂ မှာပေးအပ်ချီးမြှင့်မှာဖြစ်ပြီး မက်ဆီသာဆုထပ်ရရင် စီရော်နယ်ဒိုကိုကျော်ဖြတ်ပြီး ဆုကို ၆ ကြိမ်မြောက်အဖြစ်စံချိန်တင်ရရှိသူလည်းဖြစ်လာမှာပါ။ လက်ရှိမှာ ဒီဆုကိုသူရလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေသလို ဘွတ်ကီတွေကလည်း မက်ဆီဆုရမယ့် ကြေးဖွင့်လှစ်မှုကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းကရုပ်သိမ်းထားပြီးဖြစ်ပါတယ်။

Photo- Internet

လက်ရှိမှာ မက်ဆီနဲ့အပြိုင်ရေပန်းစားနေသူကတော့ လီဗာပူးကိုပြီးခဲ့တဲ့ ရာသီကချန်ပီယံလိဂ်ဖလားရအောင်  စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဗန်ဒစ်ချ် ဖြစ်ပါတယ်။ နယ်သာလန်နောက်ခံလူ ဗန်ဒစ်ချ်ဟာပြီးခဲ့တဲ့ ရာသီမှာ ဆုဖလားရရှိမှုမှာ မက်ဆီထက်ပိုသာတဲ့အတွက် သူသာရသင့်တယ်လို့ အင်္ဂလိပ်တွေဘက်က ဆိုနေကြပါတယ်။

Photo- Internet

ဗယ်ဗာဒီက”ဆုပေးပွဲဟာ သိပ်ကြာလွန်းတဲ့အတွက် ကျွန်တော်တက်ရောက်မှာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမဲပေးခဲ့သလဲဆိုရင် ခင်ဗျားတို့နဲ့တူမယ့်သူဘဲလို့ ကျွန်တော်ခန့်မှန်းခြင်တယ်။ အကောင်းဆုံးကစားသမားကိုဘဲ မဲပေးခဲ့တာပါ။

Photo- Internet

သူကတော့ မက်ဆီပေါ့ဗျာ။ ရာသီတိုင်းမှာအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့သူတွေကို မဲပေးလေ့ရှိကြပေမယ့် မဲပေးဖို့တွေဝေနေရင် မက်ဆီကိုပေးလိုက်တာနဲ့ ပြဿ     နာတိုင်းကိုဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ သူဟာအကောင်းဆုံးကစားသမားပါ” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

မက္ဆီကအေကာင္းဆုံးျဖစ္လို႔ သူ႔ကိုဘဲ Ballon d´Or ေပးလိုက္လို႔ ဗယ္ဗာဒီေျပာ

ဘာစီလိုနာအသင္းနည္းျပ ဗယ္ဗာဒီက မက္ဆီကအေကာင္းဆုံးေဘာလုံးသမားျဖစ္လို႔ သူ႔ကိုဘဲ Ballon d’Or ဆုေပးလိုက္ေတာ႔လို႔ ေျပာလိုက္ပါတယ္။ ဒီဆုအတြက္ ဂ်ာနယ္လစ္ေတြ၊ နည္းျပေတြက  မဲေပးရတာျဖစ္ၿပီး မဲေပးဖို႔ေတြေ၀ေနရင္ မက္ဆီကိုေပးလိုက္တာက အလြယ္ဆုံးျဖစ္လိမ့္မယ္လို႔လည္း သူကဆိုပါတယ္။

ဒီဆုကိုလာမယ္႔ ဒီဇင္ဘာ ၂ မွာေပးအပ္ခ်ီးျမွင့္မွာျဖစ္ၿပီး မက္ဆီသာဆုထပ္ရရင္ စီေရာ္နယ္ဒိုကိုေက်ာ္ျဖတ္ၿပီး ဆုကို ၆ ႀကိမ္ေျမာက္အျဖစ္စံခိ်န္တင္ရရွိသူလည္းျဖစ္လာမွာပါ။ လက္ရွိမွာ ဒီဆုကိုသူရလိမ့္မယ္လို႔ သတင္းေတြထြက္ေပၚေနသလို ဘြတ္ကီေတြကလည္း မက္ဆီဆုရမယ္႔ ေၾကးဖြင့္လွစ္မႈကို ၿပီးခဲ့တဲ႔ တစ္ပတ္ကတည္းကရုပ္သိမ္းထားၿပီးျဖစ္ပါတယ္။

လက္ရွိမွာ မက္ဆီနဲ႔အၿပိဳင္ေရပန္းစားေနသူကေတာ႔ လီဗာပူးကိုၿပီးခဲ့တဲ႔ ရာသီကခ်န္ပီယံလိဂ္ဖလားရေအာင္  စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ႔ ေနာက္ခံလူ ဗန္ဒစ္ခ်္ ျဖစ္ပါတယ္။ နယ္သာလန္ေနာက္ခံလူ ဗန္ဒစ္ခ်္ဟာၿပီးခဲ့တဲ႔ ရာသီမွာ ဆုဖလားရရွိမႈမွာ မက္ဆီထက္ပိုသာတဲ႔အတြက္ သူသာရသင့္တယ္လို႔ အဂၤလိပ္ေတြဘက္က ဆိုေနၾကပါတယ္။

ဗယ္ဗာဒီက”ဆုေပးပြဲဟာ သိပ္ၾကာလြန္းတဲ႔အတြက္ က်ြန္ေတာ္တက္ေရာက္မွာမဟုတ္ပါဘူး။ ဘယ္သူ႔ကိုမဲေပးခဲ့သလဲဆိုရင္ ခင္ဗ်ားတို႔နဲ႔တူမယ္႔သူဘဲလုိ႔ က်ြန္ေတာ္ခန္႔မွန္းျခင္တယ္။ အေကာင္းဆုံးကစားသမားကိုဘဲ မဲေပးခဲ့တာပါ။

သူကေတာ႔ မက္ဆီေပါ့ဗ်ာ။ ရာသီတိုင္းမွာအေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့သူေတြကို မဲေပးေလ႔ရွိၾကေပမယ္႔ မဲေပးဖို႔ေတြေ၀ေနရင္ မက္ဆီကိုေပးလိုက္တာနဲ႔ ျပႆ     နာတိုင္းကိုေျဖရွင္းၿပီးသား ျဖစ္သြားပါလိမ့္မယ္။ သူဟာအေကာင္းဆုံးကစားသမားပါ” လို႔ေျပာသြားပါတယ္။