ဘောလုံးမှာ နတ်ဘုရားတစ်ပါးဘဲရှိတယ်ဆိုပြီး မက်ဆီကိုစပိန်မီဒီယာတွေဂုဏ်ပြု

Photo-Internet
Photo-Internet

ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းတိုက်စစ်မှူ း မက်ဆီဟာပြီးခဲ့တဲ့ တနင်္လာနေ့က  Ballon d’Or ဆုကို ၆ ကြိမ်မြောက်ရရှိပြီးနောက် သူ့ကိုစပိန်မီဒီယာတွေက ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ မက်ဆီဟာ ဒီဆုကိုအကြိမ်ရေအများဆုံး ဆွတ်ခူးသူအဖြစ် စံချိန်တင်ခဲ့တာပါ။

သူ့အတွက် ပိုပြီးချိုမြိန်စရာဖြစ်ရတာကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်တစ်ခုအတွင်းမှာ သူ့မဟာပြိုင်ဘက်ဖြစ်ခဲ့တဲ့ စီရော်နယ်ဒိုကို နောက်ကောက်ချနိုင်ခဲ့ပြီး ဆုကိုစံချိန်တင်ရယူခဲ့တာပါဘဲ။ အဲဒီဂျူ ဗင်တပ်တိုက်စစ်မှူ းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မတိုင်ခင်က ဒီဆုကိုမက်ဆီနဲ့အတူ ၅ ကြိမ်စီ ဆွတ်ခူးမှုခြင်းတူညီခဲ့တာဖြစ်ပါတယ်။

Photo-Internet

မက်ဆီဆုရပြီးတဲ့နောက်မှာ မက်ဒရစ်အခြေစိုက် မာကာသတင်းစာကြီးက မက်ဆီဆုရတဲ့နှစ်တိုင်းက ဓါတ်ပုံအားလုံးကိုတင်ပြီး ဂုဏ်ပြုဖော်ပြသွားတာပါ။ မာကာသတင်းစာကြီးဟာ ရီးရဲလ်ဘက်ကိုယိမ်းတဲ့ အာဘော်ရှိလို့ အခုလိုဖော်ပြမှုက ရီးရဲလ်မှာ ၉ နှစ်ကြာကစားသွားတဲ့ စီရော်နယ်ဒိုကို ထိုးနှက်လိုက်သလိုဖြစ်ခဲ့တာပါ။ဘာစီလိုနာအခြေစိုက် စပို့တ်ဆိုတဲ့ သတင်းစာကလည်း ဘောလုံးမှာနတ်ဘုရားတစ်ပါးဘဲရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo-Internet

မက်ဆီဟာ ဒီဆုကိုပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက်လွဲချော်ခဲ့ပေမယ့်လည်း ဂရပ်ဖ်ဆွဲထားမှုအရ ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်းမှာသူဆုရမှု တိုးတက်တဲ့နှုန်းထားဟာ စီရော်နယ်ဒိုထက်သာလွန်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေကလည်း မက်ဆီရဲ့စံချိန်ကို စီေ့ရာ်နယ်ဒိုလိုက်မမီတော့ဘူးလို့ ခန့်မှန်းကြပါတယ်။

Photo-Internet

စီရော်နယ်ဒိုဟာ ကစားဖော်တွေဂိုးသွင်းရင် မကျေနပ်ကြောင်းပြသမှု၊ သူဆုမရလို့ပြီးခဲ့တဲ့ ဖီဖာရဲ့ The Best ဆုပေးပွဲနဲ့ Ballon d’Or ဆုပေးပွဲကို မတက်ရောက်ခဲ့မှု၊ ကစားဖော်တွေဂိုသွင်းရင် မကျေနပ်တဲ့အမူအရာ ပြသမှု၊ စီးရီးအေအကောင်းဆုံးဆုပေးပွဲမှာလည်း အကောင်းဆုံးဆုရတယ်ဆိုမှသာ ဆုပေးပွဲခန်းမထဲဝင်ခဲ့မှုတွေကြောင့် မောက်မာပြီး တစ်ဖက်သားကိုမလေးစားသူအဖြစ် စွပ်စွဲခံနေရပါတယ်။

Photo-Internet

Zawgyi

ေဘာလုံးမွာ နတ္ဘုရားတစ္ပါးဘဲရွိတယ္ဆိုၿပီး မက္ဆီကိုစပိန္မီဒီယာေတြဂုဏ္ျပဳ

ဘာစီလိုနာနဲ႔ အာဂ်င္တီးနားအသင္းတိုက္စစ္မွဴ း မက္ဆီဟာၿပီးခဲ့တဲ႔ တနလၤာေန႔က  Ballon d’Or ဆုကို ၆ ႀကိမ္ေျမာက္ရရွိၿပီးေနာက္ သူ႔ကိုစပိန္မီဒီယာေတြက ဂုဏ္ျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။ မက္ဆီဟာ ဒီဆုကိုအႀကိမ္ေရအမ်ားဆုံး ဆြတ္ခူးသူအျဖစ္ စံခ်ိန္တင္ခဲ့တာပါ။

သူ႔အတြက္ ပိုၿပီးခ်ဳိၿမိန္စရာျဖစ္ရတာကေတာ႔ ၿပီးခဲ့တဲ႔ ဆယ္စုႏွစ္ေက်ာ္တစ္ခုအတြင္းမွာ သူ႔မဟာၿပိဳင္ဘက္ျဖစ္ခဲ့တဲ႔ စီေရာ္နယ္ဒိုကို ေနာက္ေကာက္ခ်ႏိုင္ခဲ့ၿပီး ဆုကိုစံခ်ိန္တင္ရယူခဲ့တာပါဘဲ။ အဲဒီဂ်ဴ ဗင္တပ္တိုက္စစ္မွဴ းဟာ ၿပီးခဲ့တဲ႔ တနလၤာေန႔မတိုင္ခင္က ဒီဆုကိုမက္ဆီနဲ႔အတူ ၅ ႀကိမ္စီ ဆြတ္ခူးမႈျခင္းတူညီခဲ့တာျဖစ္ပါတယ္။

မက္ဆီဆုရၿပီးတဲ႔ေနာက္မွာ မက္ဒရစ္အေျခစိုက္ မာကာသတင္းစာႀကီးက မက္ဆီဆုရတဲ႔ႏွစ္တိုင္းက ဓါတ္ပုံအားလုံးကိုတင္ၿပီး ဂုဏ္ျပဳေဖာ္ျပသြားတာပါ။ မာကာသတင္းစာႀကီးဟာ ရီးရဲလ္ဘက္ကိုယိမ္းတဲ႔ အာေဘာ္ရွိလို႔ အခုလိုေဖာ္ျပမႈက ရီးရဲလ္မွာ ၉ ႏွစ္ၾကာကစားသြားတဲ႔ စီေရာ္နယ္ဒိုကို ထိုးႏွက္လိုက္သလိုျဖစ္ခဲ့တာပါ။ဘာစီလိုနာအေျခစိုက္ စပို႔တ္ဆိုတဲ႔ သတင္းစာကလည္း ေဘာလုံးမွာနတ္ဘုရားတစ္ပါးဘဲရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

မက္ဆီဟာ ဒီဆုကိုၿပီးခဲ့တဲ႔ ၃ ႏွစ္ဆက္တိုက္လြဲေခ်ာ္ခဲ့ေပမယ္႔လည္း ဂရပ္ဖ္ဆြဲထားမႈအရ ၿပီးခဲ့တဲ႔ ၁၁ ႏွစ္အတြင္းမွာသူဆုရမႈ တိုးတက္တဲ႔ႏႈန္းထားဟာ စီေရာ္နယ္ဒိုထက္သာလြန္ခဲ့တာကိုေတြ႔ခဲ့ရပါတယ္။ က်ြမ္းက်င္သူေတြကလည္း မက္ဆီရဲ႕စံခ်ိန္ကို စီေ႔ရာ္နယ္ဒိုလိုက္မမီေတာ႔ဘူးလို႔ ခန္႔မွန္းၾကပါတယ္။

စီေရာ္နယ္ဒိုဟာ ကစားေဖာ္ေတြဂိုးသြင္းရင္ မေက်နပ္ေၾကာင္းျပသမႈ၊ သူဆုမရလို႔ၿပီးခဲ့တဲ႔ ဖီဖာရဲ႕ The Best ဆုေပးပြဲနဲ႔ Ballon d’Or ဆုေပးပြဲကို မတက္ေရာက္ခဲ့မႈ၊ ကစားေဖာ္ေတြဂိုသြင္းရင္ မေက်နပ္တဲ႔အမူအရာ ျပသမႈ၊ စီးရီးေအအေကာင္းဆုံးဆုေပးပြဲမွာလည္း အေကာင္းဆုံးဆုရတယ္ဆိုမွသာ ဆုေပးပြဲခန္းမထဲ၀င္ခဲ့မႈေတြေၾကာင့္ ေမာက္မာၿပီး တစ္ဖက္သားကိုမေလးစားသူအျဖစ္ စြပ္စြဲခံေနရပါတယ္။