ဘယ်ထိပ်တန်းကစားသမားထက်မဆို ပိုမြန်စွာနဲ့ ကလပ်ဂိုး ရာပြည့်ခဲ့တဲ့ အသက် ၂၀ အရွယ် အမ်ဘက်ပီ

photo-marca

photo-BR Football

ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ချန်ပီယံလိဂ်ပွဲစဉ်မှာ သူ့ကစားသမားဘဝရဲ့ကလပ်ရာပြည့်ဂိုးကို သွင်းနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းကစားသမားတွေထဲ အသက်အငယ်ဆုံး ကလပ်ဂိုး ၁၀၀ ပြည့်သူ ဖြစ်လာပါတယ်။ အဲဒီပြင်သစ်သားတိုက်စစ်မှုးဟာ ဂါလာတာစာရေးကို ၅ ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် စတုတ္ထဂိုးသွင်းပြီးတဲ့နောက် အသက် ၂၁ နှစ်မပြည့်ခင် တစ်ပတ်အလိုမှာပဲ ကလပ်ဂိုး ၁၀၀ ပြည့်ခဲ့တာပါ။ တစ်နည်းအားဖြင့် လက်ရှိကမ္ဘာ့အကောင်းဆုံးတွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ထက်တောင် ပိုမြန်စွာနဲ့ အမ်ဘက်ပီဟာ ကလပ်ဂိုးရာပြည့်အမှတ်အသားကိုရောက်ရှိခဲ့တာပါ။

photo-gettyimages

မက်ဆီဆိုရင် ၂၂ နှစ်နဲ့ ၂၀၆ ရက်တိုင်အောင် ဘာစီလိုနာအတွက် ဂိုးရာပြည့်ခဲ့တာ မဟုတ်ပါဘူး။ ဒီလိုပဲ စီရော်နယ်ဒိုဟာလည်း ၂၃ နှစ်နဲ့ ၂၅၅ ရက်ရောက်မှ ကလပ်ဂိုးရာပြည့်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိဥရောပထိပ်တန်းတိုက်စစ်မှုးတွေထဲမှာ အမ်ဘက်ပီနဲ့အနီးစပ်ဆုံးစွမ်းဆောင်နိုင်သူက လူကာကူဖြစ်နေပါတယ်။ လက်ရှိ အင်တာမှာကစားနေတဲ့ လူကာကူဟာ ဆယ်ကျော်ဘဝတုန်းက ဝက်စ်ဘရွန်း၊အဲဗာတန်တို့မှာ ကစားခဲ့သူ ဖြစ်ပါတယ်။

photo-gettyimages

အမြန်ဆုံးကလပ်ဂိုး ၁၀၀ ပြည့်ခဲ့သူများ

၁။ အမ်ဘက်ပီ( ၂၀ နှစ်နဲ့ ၃၆၅ ရက်)

၂။ လူကာကူ( ၂၂ နှစ်နဲ့ ၁၃၈ ရက်)

၃။ အဂူရို( ၂၂ နှစ်နဲ့ ၁၄၇ ရက်)

၄။ မက်ဆီ( ၂၂ နှစ်နဲ့ ၂၀၆ ရက်)

၅။ ဝိန်းရွန်းနီ( ၂၃ နှစ်နဲ့ ၃၇ ရက်)

၆။ ဟယ်ရီကိန်း( ၂၃ နှစ်နဲ့ ၂၁၃ ရက်)

၇။ စီရော်နယ်ဒို( ၂၃ နှစ်နဲ့ ၂၅၅ ရက်)

၈။ အူဘာမီယန်( ၂၆ နှစ်နဲ့ ၆၃ ရက်)

[Zawgyi]

ဘယ္ထိပ္တန္းကစားသမားထက္မဆို ပိုျမန္စြာနဲ႔ ကလပ္ဂိုး ရာျပည့္ခဲ့တဲ့ အသက္ ၂၀ အရြယ္ အမ္ဘက္ပီ

ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးညက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ သူ႔ကစားသမားဘ၀ရဲ႕ကလပ္ရာျပည့္ဂိုးကို သြင္းႏိုင္ခဲ့တာေၾကာင့္ ဥေရာပထိပ္တန္းကစားသမားေတြထဲ အသက္အငယ္ဆုံး ကလပ္ဂိုး ၁၀၀ ျပည့္သူ ျဖစ္လာပါတယ္။ အဲဒီျပင္သစ္သားတိုက္စစ္မႈးဟာ ဂါလာတာစာေရးကို ၅ ဂိုးျပတ္နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ပီအက္စ္ဂ်ီအတြက္ စတုတၳဂိုးသြင္းၿပီးတ့ဲေနာက္ အသက္ ၂၁ ႏွစ္မျပည့္ခင္ တစ္ပတ္အလုိမွာပဲ ကလပ္ဂိုး ၁၀၀ ျပည့္ခဲ့တာပါ။ တစ္နည္းအားျဖင့္ လက္ရွိကမာၻ႔အေကာင္းဆုံးေတြျဖစ္ၾကတဲ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ထက္ေတာင္ ပိုျမန္စြာနဲ႔ အမ္ဘက္ပီဟာ ကလပ္ဂိုးရာျပည့္အမွတ္အသားကိုေရာက္ရွိခဲ့တာပါ။

မက္ဆီဆုိရင္ ၂၂ ႏွစ္နဲ႔ ၂၀၆ ရက္တိုင္ေအာင္ ဘာစီလုိနာအတြက္ ဂိုးရာျပည့္ခဲ့တာ မဟုတ္ပါဘူး။ ဒီလုိပဲ စီေရာ္နယ္ဒိုဟာလည္း ၂၃ ႏွစ္နဲ႔ ၂၅၅ ရက္ေရာက္မွ ကလပ္ဂိုးရာျပည့္ခဲ့တာပါ။ ဒါေပမဲ့ လက္ရွိဥေရာပထိပ္တန္းတိုက္စစ္မႈးေတြထဲမွာ အမ္ဘက္ပီနဲ႔အနီးစပ္ဆုံးစြမ္းေဆာင္ႏိုင္သူက လူကာကူျဖစ္ေနပါတယ္။ လက္ရွိ အင္တာမွာကစားေနတဲ့ လူကာကူဟာ ဆယ္ေက်ာ္ဘ၀တုန္းက ၀က္စ္ဘရြန္း၊အဲဗာတန္တို႔မွာ ကစားခဲ့သူ ျဖစ္ပါတယ္။

အျမန္ဆုံးကလပ္ဂိုး ၁၀၀ ျပည့္ခ့ဲသူမ်ား

၁။ အမ္ဘက္ပီ( ၂၀ ႏွစ္နဲ႔ ၃၆၅ ရက္)

၂။ လူကာကူ( ၂၂ ႏွစ္နဲ႔ ၁၃၈ ရက္)

၃။ အဂူရို( ၂၂ ႏွစ္နဲ႔ ၁၄၇ ရက္)

၄။ မက္ဆီ( ၂၂ ႏွစ္နဲ႔ ၂၀၆ ရက္)

၅။ ၀ိန္းရြန္းနီ( ၂၃ ႏွစ္နဲ႔ ၃၇ ရက္)

၆။ ဟယ္ရီကိန္း( ၂၃ ႏွစ္နဲ႔ ၂၁၃ ရက္)

၇။ စီေရာ္နယ္ဒို( ၂၃ ႏွစ္နဲ႔ ၂၅၅ ရက္)

၈။ အူဘာမီယန္( ၂၆ ႏွစ္နဲ႔ ၆၃ ရက္)