ဖာဂူဆန်ရဲ့ မန်ယူနည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံး အချင်းများပြီး ပြသနာတက်ခဲ့မှု ၅ ကြိမ်နဲ့ ကစားသမား ၅ ဦး

ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ယူနိုက်တက် နည်းပြဘဝတစ်လျှောက်မှာ သူနဲ့ အဆိုးရွားဆုံး ပြသနာတက်ခဲ့တဲ့ ကစားသမား ၅ ဦးနဲ့ အဲဒီအဖြစ်အပျက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

photo internet

ဟုတ်ကဲ့။ ဖာဂူဆန်ဟာ ယူနိုက်တက်ကို ၂၆ နှစ်ကြာ တာဝန်ယူသွားခဲ့သူပါ။ စကော့တလန်နိုင်ငံ ဂလက်ကိုမြို့မှာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ မှာ မွေးဖွားခဲ့သူမို့ ဒီနှစ် ဒီဇင်ဘာ ၃၁ ဆိုရင် ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အောင်မြင်မှုအရှိဆုံး နည်းပြကြီးတစ်ဦးဖြစ်သလို ဗြိတိန်ဘောလုံးလောကသာမက ကမ္ဘာ့ဘောလုံးအသိုင်းအဝန်းကပါ လေးစားခြင်းကို ခံရသူတစ်ဦးပါ။ ဒါပေမယ့် ယူနိုက်တက်ကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်းမှာ ဖာဂူဆန်အတွက် အရာရာဟာ ပန်းခင်းလမ်းဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲရစ်ကန်တိုနာလို၊ ရောနယ်ဒိုလို ကမ္ဘာ့အဆင့် ပါရမီရှင် ကစားသမားတွေသာမက နိုင်ငံပေါင်းစုံက ကစားသမားတွေ၊ စိတ်ဓာတ်ခံယူချက်မတူတဲ့ ကစားသမားတွေကို ထိန်းချုပ်ခဲ့ရတာပါ။

photo internet

အရင်ခေတ် ဖာဂူဆန်တာဝန်ယူခဲ့စဉ်က ယူနိုက်တက်မှာ ဘောလုံးနည်းစနစ်ဒါရိုက်တာဆိုတာ မရှိခဲ့ပါဘူး။ အသင်းစီအီးအိုနဲ့ ဖာဂူဆန်တို့ပြီးရင် ယူနိုက်တက်က ပြီးတာပါပဲ။ ဖာဂူဆန်ကလည်း အဝတ်လဲခန်း ကစားသမားအချင်းချင်း ဆက်ဆံရေးကနေ ကစားသမားတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လူနေထိုင်မှုဘ၀ အခြေအနေအထိ အာရုံစိုက်ပြီး လုပ်ဆောင်ပေးခဲ့သူပါ။ ဒါကြောင့်လည်း ယူနိုက်တက်ကို တာဝန်ယူခဲ့တဲ့ ၂၆ နှစ်အတွင်းမှာ ဖာဂူဆန်နဲ့ အဆင်မပြေသူတွေလည်း ရှိခဲ့ပါတယ်။

photo internet

ယူနိုက်တက်ကို မော်ရင်ဟိုတာဝန်ယူခဲ့ချိန်မှာ ပေါ့ဘာဦးဆောင်တဲ့ကစားသမားတွေနဲ့ အဆင်မပြေဖြစ်လို့ စီအီးအို ဝုဒ်ဝါဒ်က မော်ရင်ဟိုကို ထုတ်လိုက်တဲ့အဖြစ်မျိုးကိုတော့ ဖာဂူဆန်တာဝန်ယူခဲ့ရချိန်မှာ အဖြစ်ခံမှာမဟုတ်ပါဘူး။ “အသင်းနဲ့ ကလပ်”သည်သာ ပထမလို့ ခံယူထားခဲ့တဲ့ နည်းပြကြီး ဖာဂူဆန်ဟာ ဒီစံနှုန်းနဲ့မကိုက်ညီတဲ့ အချိန်တွေမှာသာ ကစားသမားတွေနဲ့ ပြသနာတက်ခဲ့တာပါ။ နည်းပြကြီး ဖာဂူဆန် ယူနိုက်တက်ကို တာဝန်ယူခဲ့တဲ့ကာလတစ်လျှောက် သူနဲ့ အဆိုးရွားဆုံးပြသနာတက်ခဲ့တဲ့ ကစားသမား ၅ ဦးကတော့ ဂျပ်စတန်း၊ ရွန်းနီ၊ နစ္စတယ်ရွိုင်း၊ ရွိုင်ကိန်းနဲ့ ဒေးဗစ်ဘက်ခမ်းတို့ပါပဲ။

photo internet

ဂျပ်စတန်း (၅)
ဂျပ်စတန်းဟာ ယူနိုက်တက်မှာ ၁၉၉၈ ကနေ ၂၀၀၁ အထိ ၃ နှစ်ကြာ ကစားခဲ့သူပါ။ ရာသီတိုင်း ပရီးမီးယားလိဂ်ဖလားရရှိခဲ့သလို အသင်းနဲ့ ပထမဆုံးရာသီမှာပဲ ယူနိုက်တက်ရဲ့သမိုင်းဝင် ၁၉၉၉ ဖလား ၃ လုံးရတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့သူပါ။ အရပ်အမြင့် ၁၉၃ စင်တီမီတာ(၆ပေ ၃ လက်မ) ရှိပြီး ခန္ဓာကိုယ်ကလည်း ကြံ့ခိုင် တောင့်တင်းလွန်းလို့ အဲဒီအချိန်တွေတုန်းကတော့ စတန်းကို ပရီးမီးယားလိဂ်တိုက်စစ်မှူးတော်တော်များများ ဖြတ်ကျော်နိုင်ဖို့ ခက်ခဲပါတယ်။ တချို့နည်းပြတွေဆိုရင် အွန်နရီနဲ့ အခြားတိုက်စစ်မှူးတွေခေါ်မယ့်အစား စတန်းကို ပိုလိုအပ်တယ်လို့တောင် ပြောခဲ့ကြဖူးပါတယ်။ စတန်းဟာ ယူနိုက်တက်ကို PSV ကနေ ၁၉၉၈ ခုနှစ်မှာ ပေါင် ၁၀.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ အဲဒီခေတ်အခါက ဒတ်ချ်ကစားသမားတွေရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ခံစစ်ကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ ယူနိုက်တက်ကိုရောက်ပြီး ပထမ ၂ ရာသီမှာ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် တတိယရာသီအရောက်မှာတော့ အခြေအနေတွေ ပြောင်းသွားခဲ့ပါတယ်။ အဲဒါကတော့ PSV မှာ ကစားနေစဉ်အတွင်းမှာပဲ ဖာဂူဆန်က သူ့ကို တောက်လျှောက် ချဉ်းကပ်သွေးဆောင်နေခဲ့တဲ့အကြောင်း စတန်းက သူ့ရဲ့အထ္ထုပတ္တိစာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ကစားသမားတစ်ယောက်အနေနဲ့ သက်ဆိုင်ရာအသင်းကမသိဘဲ လျှို့ဝှက် ချဉ်းကပ်တဲ့ အဓိပ္ပာယ် သက်ရောက်ခဲ့ပြီး ဖာဂူဆန်အတွက်လည်း အများကြီး သိက္ခာကျဆင်းခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ တတိယရာသီမှာတော့ စတန်းဟာ စုစုပေါင်း ၂၃ ပွဲသာ ပွဲထွက် ကစားခဲ့ရပြီး နောက်ရာသီ စတင်ချိန်မှာပဲ ပေါင် ၁၆ သန်းနဲ့ လာဇီရိုကို ရောင်းချခံလိုက်ရပါတယ်။ စတန်းကို ရောင်းခဲ့ချိန်မှာ ၂၉ နှစ်သာ ရှိသေးပြီး ကစားသမားဘ၀ အကောင်းဆုံးအချိန်ဖြစ်လို့ ဖာဂူဆန်နဲ့ စတန်းတို့ပြသနာက ထင်ရှားလွန်းခဲ့ပါတယ်။

photo internet

ဝိန်းရွန်းနီ – (၄)
ယူနိုက်တက်မှာ ၂၀၀၄ ကနေ ၂၀၀၇ အထိ ၁၃ ရာသီအတွင်း ပြိုင်ပွဲစုံ ၃၉၃ ပွဲကစားသွားခဲ့တဲ့ ယူနိုက်တက်ရဲ့ ဂန္ထဝင် အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်းနီကလည်း ဖာဂူဆန်နဲ့ ပြသနာတက်ခဲ့ဖူးပါတယ်။ ရွန်းနီဟာ ၂၀၀၇-၀၈ ရာသီက ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့အချိန်က အဓိက ကျခဲ့ပါတယ်။ တစ်ကွင်းလုံးမှာ မရပ်မနား ကြိုးစား ကစားခဲ့တဲ့သူ့ကိုလည်း ယူနိုက်တက် ပရိသတ်တွေက ချစ်ခင် အားပေးခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၀ မှာတော့ အခြေအနေတွေဟာ ပြောင်းလဲကုန်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားအပြီးမှာ ရွန်းနီက သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် ယူနိုက်တက်နဲ့အဆင်မပြေတဲ့အတွက် ချဲလ်ဆီးကို ပြောင်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ အဲဒီကာလမှာပဲ ရွန်းနီနဲ့ ဖာဂူဆန်တို့ ပြသနာစတက်လာခဲ့ပါတယ်။ အဲဒါအပြင် ရွန်းနီက ဂျာမနီကွင်းလယ်လူ အိုဇေးလ်ကို ယူနိုက်တက်ကို ခေါ်စေချင်တယ်လို့ လူသိရှင်ကြားထုတ်ပြောခဲ့ပါသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဖာဂူဆန်က ကစားသမားဝယ်ရေး၊ မဝယ်ရေးကိစ္စဟာ ရွန်းနီနဲ့မသက်ဆိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဝါဒါဘရီမင်ကနေ ရီးရဲလ်ကို အိုဇေးလ်ပြောင်းသွားချိန်မှာတော့ ယူနိုက်တက်ဟာ ရည်မှန်းချက်မရှိတဲ့ အသင်းမဟုတ်ဘူးလို့ ရွန်းနီက ဝေဖန်ခဲ့တာကြောင့် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တွေကို ပူပူနွေးနွေးရထားလို့ ယူနိုက်တက်ရဲ့ ရည်မှန်းချက်ကို မေးခွန်းထုတ်စရာမလိုဘူးလို့ ဖာဂူဆန်က တုံ့ပြန်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ရွန်းနီရဲ့ယူနိုက်တက်အပေါ် သစ္စာရှိမှုနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကိုလည်း ဖာဂူဆန်က မေးခွန်းထုတ်ခဲ့ပါသေးတယ်။ အဲဒီအချိန်ကာလတွေကတော့ ရွန်းနီအပေါ် ယူနိုက်တက်နဲ့ ပတ်သက်သူတွေက လေးစားမှုပျောက်ဆုံးခဲ့ပြီး ဖာဂူဆန်နဲ့ ရွန်းနီတို့ အကြီးအကျယ် ပြသနာတက်ခဲ့ကြတဲ့ ကာလတွေပါ။

photo internet

နစ္စတဲလ်ရွိုင်း (၃)
လက်ရှိအချိန်မှာတော့ PSV ရဲ့ ယူ-၁၉ အသင်းနည်းပြတာဝန်ယူထားတဲ့ အသက် ၄၃ နှစ်ရှိ နစ္စတဲလ်ရွိုင်းဟာ ယူနိုက်တက်မှာ ၂၀၀၁ ကနေ ၂၀၀ ၆ အထိ ၅ နှစ်ကြာကစားခဲ့သူပါ။ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၁၅၀ ပွဲကစား ၉၅ ဂိုးသွင်းခဲ့ပြီး အဲဒီခေတ်အချိန်က ပရီးမီးယားလိဂ်မှာ ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပါတယ်။ နစ္စတဲလ်ရွိုင်းဟာ ဂိုးရဖို့တစ်ခုပဲ အတ္တကြီးလွန်းတဲ့ တစ်ကိုယ်ကောင်းဆန် တိုက်စစ်မှူးလို့တောင် တင်စားပြီး ဖာဂူဆန်က ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၅-၀၆ ရာသီ လိဂ်ဖလားဗိုလ်လုပွဲမှာ အရန်ခုံထိုင်ခဲ့ရလို့ နစ္စတဲလ်ရွိုင်းနဲ့ ဖာဂူဆန်တို့ ပြသနာတက်ခဲ့ကြပါတယ်။ အဲဒီ ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခွင့်ပေးဖို့ နစ္စတဲလ်ရွိုင်းက တောင်းဆိုခဲ့ပေမယ့် ဖာဂူဆန်က လူးဝစ်ဆာဟာကိုပဲ ဆက်ကစားစေခဲ့ပါတယ်။ ဒီဗိုလ်လုပွဲမှာမှ ဆာဟာကိုချန်ထားခဲ့လိုက်ရင် မျှတရာရောက်မှာမဟုတ်ဘူးလို့ ဖာဂူဆန်က ဆိုခဲ့တာကြောင့် နစ္စတဲလ်ရွိုင်းက ဖာဂူဆန်ကို အော်ငေါက်ခဲ့ရာက ပြသနာတက်ခဲ့ပြီး နောက်ပိုင်းမှာတော့ နစ္စတဲလ်ရွိုင်းတစ်ယောက်လည်း ယူနိုက်တက်မှာ နေရာမရခဲ့တော့ပါဘူး။ ဒါ့အပြင် ယူနိုက်တက်ကို ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်းမှာလည်း နစ္စတဲလ်ရွိုင်းနဲ့ပြသနာတက်ခဲ့ပြီး ရော်နယ်ဒိုဖခင် သေဆုံးချိန်မှာ နစ္စတဲလ်ရွိုင်းရေးခဲ့တဲ့ စာတစ်စောင်ကြောင့် ဖာဂူဆန်ကနေရာမပေးတော့ဘဲ ဖယ်ကျဉ်ခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

photo internet

ရွိုင်ကိန်း (၂)
ယူနိုက်တက်မှာ ၁၉၉၃ ကနေ ၂၀၀၅ အထိ ကစားသွားခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဟာ ယူနိုက်တက်ကို တကယ်ဦးဆောင်နိုင်ခဲ့သူပါ။ ဖာဂူဆန်ခေတ် ယူနိုက်တက်ဟာ Never Say Die ဆိုတဲ့ “သေသည်အထိ ဇွဲမလျှော့”တိုက်ပွဲဝင်စိတ်ရှိတာတွေကို ပြသနိုင်ခဲ့တာဟာ ကွင်းထဲမှာ ရွိုင်ကိန်းလို အသင်းခေါင်းဆောင်ရှိခဲ့လို့ပါ။ အိုင်းရစ်ရှ်သားဖြစ်လို့လည်း ပင်ကိုယ်က စိတ်ဓာတ်မာကျောပြီး ခပ်ကြမ်းကြမ်းဆက်ဆံတဲ့ ရွိုင်ကိန်းဟာ ရာသီကြိုပြင်ဆင်မှုမှာတော့ ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြ ကွီးရော့ဇ်ကို ဝေဖန်ခဲ့ပါတယ်။ ကစားသမားတွေအတွက် လိုအပ်တာတွေကို လုပ်ပေးနိုင်သူမဟုတ်ဘူးလို့ ဝေဖန်ခဲ့တာပါ။ ဒါ့အပြင် ဂယ်ရီနဗီးလ်အပါအဝင် ယူနိုက်တက်ကစားသမားတွေဟာ အသင်းရဲ့လေ့ကျင့်ရေးနည်းစနစ်တွေနဲ့ပတ်သက်ပြီး မပျော်ကြဘူးလို့ ထုတ်ပြောခဲ့ပြန်ပါတယ်။ ထို့အတူ မစ်ဒယ်ဘရော့ကို ရှုံးခဲ့တဲ့ ပွဲအပြီး ယူနိုက်တက်ရုပ်သံမှာ ဆိုးရှားလ်လို လူငယ်ကစားသမားတွေအပါအဝင် ယူနိုက်တက်ကစားသမားတချို့ဟာ စွမ်းဆောင်မှုကြောင့်မဟုတ်ဘဲ နေရာရနေတယ်လို့ ပြောလိုက်ပြန်ပါတယ်။ ဒါဟာ ဖာဂူဆန်ကိုပါ သွယ်ဝိုက်စော်ကားတဲ့သဘောရောက်သွားပြီး အဲဒီနောက်ပိုင်းက စလို့ ရွိုင်ကိန်းဟာ ယူနိုက်တက်မှာ နေရမရတော့ပါဘူး။ ရွိုင်ကိန်းရဲ့ မှတ်ချက်နဲ့ ဝေဖန်မှုတွေဟာ အသင်းကို အနုတ်ပြစေတယ်လို့ ဖာဂူဆန်က ခံယူပြီး ၂၀၀၆ မှာတော့ ဆဲလ်တစ်ကို ဖာဂူဆန်က ရောင်းထုတ်ခဲ့ပါတယ်။

photo internet

ဒေးဗစ်ဘက်ခမ်း (၁)
၁၉၉၂ ကနေ ၂၀၀၃ ခုနှစ်အထိ ယူနိုက်တက်မှာကစားသွားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းကတော့ ယူနိုက်တက် ဘောလုံးသမိုင်းတစ်လျှောက် ပရိသတ်အချစ်ဆုံး ကစားသမားလို့တောင် သုံးသပ်ခံရနိုင်ပါတယ်။ ရီးရဲလ်၊ ဂလက်ဆီ၊ အေစီမီလန်၊ ပီအက်စ်ဂျီတို့မှာ ကစားခဲ့ဖူးတဲ့ ဘက်ခမ်းဟာ ယူနိုက်တက်ကစားသမားဘဝမှာတော့ အထွန်းတောက်ဆုံးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ဘောကန်ချက်တွေနဲ့ ကျော့ရှင်းတဲ့ ရုပ်ရှင်သွင်ပြင်ကလည်း ဘောလုံးစိတ်မဝင်စားတဲ့ တစ်ကမ္ဘာလုံးက မိန်းမပျိုလေးတွေကိုတောင်မှ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်စေနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ကစားနေစဉ် ပြစ်ဒဏ်ဘောကန်ချက်တွေကို သူ့ဘာသူ အပိုထပ်ဆောင်း လေ့ကျင့်ခဲ့တာ၊ ကြိုးစားအားထုတ်လွန်းတာတွေက ဖာဂူဆန်အကြိုက်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဒေးဗစ်ဘက်ခမ်းနဲ့ လက်ရှိ ဇနီးသည် ဗစ်တိုးရီးယားတို့ လက်ထပ်ပြီးတဲ့နောက်မှာတော့ အခြေအနေတွေ ပြောင်းလဲကုန်ပါတယ်။ ဗစ်တိုးရီးယားဟာ ဖက်ရှင်ဒီဇိုင်နာဖြစ်သလို ခင်ပွန်းဖြစ်သူတို့လည်း လှလှပပ ကျော့ကျော့ရှင်းရှင်းနဲ့ စမတ်ကျအောင် ပြင်ဆင်ပေးပါတယ်။ ဒီလိုလုပ်တာဟာ အလွမ်းပိုလွန်းတယ်လို့ ဖာဂူဆန်က ယူဆပါတယ်။ နောက်ပြီး ရိုးသားကြိုးစားတဲ့ ကစားသမားလေးအဖြစ်ကနေ ဟန်ထုတ်ပြီး မော်ဒယ်လိုလိုဖြစ်သွားတဲ့ ပုံစံကိုလည်း ဖာဂူဆန်က ဒေါသထွက်ခဲ့ပါတယ်။ ၂၀၀၃ ဖေဖော်ဝါရီ ၁၅ မှာတော့ ယူနိုက်တက်က အာဆင်နယ်ကို အက်ဖ်အေပွဲမှာ ရှုံးသွားခဲ့ပါတယ်။ အဲဒီပွဲမှာပေးလိုက်ရတဲ့ ဂိုး ၁ ဂိုးနဲ့ပတ်သက်ပြီး ဒေးဗစ်ဘက်ခမ်းက လိုက်လံဖျက်ထုတ်ခြင်းမရှိဘဲ ကြွကြွရွရွလေး ပြေးနေတယ်လို့ ဖာဂူဆန်က ယူဆခဲ့ပါတယ်။ အဝတ်လဲခန်းအတွင်းမှာတော့ ဖာဂူဆန်ရဲ့ ဒေါသတွေဟာ ဘက်ခမ်းအပေါ်စုပြုံပေါက်ကွဲခဲ့ပြီး ဘောလုံးကန်ဖိနပ်နဲ့ ဘက်ခမ်းကိုပစ်ပေါက်ခဲ့ရာမှာ ဘက်ခမ်းမျက်ခုံးကွဲသွားခဲ့ကာ ချုပ်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ ကစားသမားတစ်ဦးအပေါ် လိုတာထက်ပိုတဲ့ ကိုယ်ထိလက်ရောက်မှုဖြစ်ခဲ့ပြီး ဖာဂူဆန်ထွက်ရနိုင်တယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။ ကစားဒိုင်တွေကဆိုရင် ယူနိုက်တက်ကနေ အရင်ထွက်ရမယ့်သူဟာ ဒေးဗစ်ဘက်ခမ်းလား? ဖာဂူဆန်လား?လို့တောင် ကြေးတွေ ဖွင့်ခဲ့ကြပါတယ်။ အဲဒီပြသနာနဲ့အတူ ဖာဂူဆန်ကိုလည်း ဝေဖန်မှုတွေရှိခဲ့သလို ဘက်ခမ်းလည်း ယူနိုက်တက်မှာ နေရာ မရတော့ပါဘူး။ ၂၀၀၃ ခုနှစ်မှာတော့ ဘက်ခမ်းကို ရီးရဲလ်ကို ရောင်းလိုက်ပြီး ဖာဂူဆန်က ယူနိုက်တက်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ဘက်ခမ်းဟာ ရီးရဲလ်မှာလည်း အောင်မြင်မှုရခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ်တွေမှာ Google မှာ ရှာဖွေမှုအခံရဆုံး စာလုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယူနိုက်တက်က ဘက်ခမ်းကိုရောင်းလိုက်တာဟာ အချိန်စောလွန်းတယ်လို့လည်း ယူဆခဲ့ကြပြီး ဖာဂူဆန်ရဲ့နည်းပြဘဝတစ်လျှောက် ဘက်ခမ်းဟာ အဆိုးရွားဆုံး ပြသနာတက်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

photo internet

(Zawgyi Version)

ဖာဂူဆန္ရဲ႕ မန္ယူနည္းျပဘ၀တစ္ေလွ်ာက္ အဆုိးရြားဆုံး အခ်င္းမ်ားၿပီး ျပသနာတက္ခဲ့မႈ ၅ ႀကိမ္နဲ႔ ကစားသမား ၅ ဦး

ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ယူႏုိက္တက္ နည္းျပဘ၀တစ္ေလွ်ာက္မွာ သူနဲ႔ အဆုိးရြားဆုံး ျပသနာတက္ခဲ့တဲ့ ကစားသမား ၅ ဦးနဲ႔ အဲဒီအျဖစ္အပ်က္ေတြကုိ တင္ဆက္ေပးလုိက္ပါတယ္။

ဟုတ္ကဲ့။ ဖာဂူဆန္ဟာ ယူႏုိက္တက္ကုိ ၂၆ ႏွစ္ၾကာ တာ၀န္ယူသြားခဲ့သူပါ။ စေကာ့တလန္ႏုိင္ငံ ဂလက္ကုိၿမိဳ႕မွာ ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ မွာ ေမြးဖြားခဲ့သူမုိ႔ ဒီႏွစ္ ဒီဇင္ဘာ ၃၁ ဆုိရင္ ၇၈ ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ ယူႏုိက္တက္ရဲ႕ ေအာင္ျမင္မႈအရွိဆုံး နည္းျပႀကီးတစ္ဦးျဖစ္သလို ၿဗိတိန္ေဘာလုံးေလာကသာမက ကမာၻ ့ေဘာလုံးအသုိင္းအ၀န္းကပါ ေလးစားျခင္းကုိ ခံရသူတစ္ဦးပါ။ ဒါေပမယ့္ ယူႏုိက္တက္ကုိ ၂၆ ႏွစ္ၾကာ ကုိင္တြယ္ခဲ့တဲ့ ကာလအတြင္းမွာ ဖာဂူဆန္အတြက္ အရာရာဟာ ပန္းခင္းလမ္းျဖစ္ခဲ့တာေတာ့ မဟုတ္ပါဘူး။ အဲရစ္ကန္တုိနာလုိ၊ ေရာနယ္ဒုိလုိ ကမာၻ ့အဆင့္ ပါရမီရွင္ ကစားသမားေတြသာမက ႏုိင္ငံေပါင္းစုံက ကစားသမားေတြ၊ စိတ္ဓာတ္ခံယူခ်က္မတူတဲ့ ကစားသမားေတြကုိ ထိန္းခ်ဳပ္ခဲ့ရတာပါ။

အရင္ေခတ္ ဖာဂူဆန္တာ၀န္ယူခဲ့စဥ္က ယူႏုိက္တက္မွာ ေဘာလုံးနည္းစနစ္ဒါ႐ုိက္တာဆုိတာ မရွိခဲ့ပါဘူး။ အသင္းစီအီးအုိနဲ႔ ဖာဂူဆန္တုိ႔ၿပီးရင္ ယူႏုိက္တက္က ၿပီးတာပါပဲ။ ဖာဂူဆန္ကလည္း အ၀တ္လဲခန္း ကစားသမားအခ်င္းခ်င္း ဆက္ဆံေရးကေန ကစားသမားတစ္ဦးခ်င္းစီရဲ႕ ပုဂၢဳိလ္ေရးဆုိင္ရာ လူေနထုိင္မႈဘ၀ အေျခအေနအထိ အာ႐ုံစုိက္ၿပီး လုပ္ေဆာင္ေပးခဲ့သူပါ။ ဒါေၾကာင့္လည္း ယူႏုိက္တက္ကုိ တာ၀န္ယူခဲ့တဲ့ ၂၆ ႏွစ္အတြင္းမွာ ဖာဂူဆန္နဲ႔ အဆင္မေျပသူေတြလည္း ရွိခဲ့ပါတယ္။

ယူႏုိက္တက္ကုိ ေမာ္ရင္ဟုိတာ၀န္ယူခဲ့ခ်ိန္မွာ ေပါ့ဘာဦးေဆာင္တဲ့ကစားသမားေတြနဲ႔ အဆင္မေျပျဖစ္လုိ႔ စီအီးအုိ ၀ုဒ္၀ါဒ္က ေမာ္ရင္ဟုိကုိ ထုတ္လုိက္တဲ့အျဖစ္မ်ဳိးကိုေတာ့ ဖာဂူဆန္တာ၀န္ယူခဲ့ရခ်ိန္မွာ အျဖစ္ခံမွာမဟုတ္ပါဘူး။ “အသင္းနဲ႔ ကလပ္”သည္သာ ပထမလုိ႔ ခံယူထားခဲ့တဲ့ နည္းျပႀကီး ဖာဂူဆန္ဟာ ဒီစံႏႈန္းနဲ႔မကိုက္ညီတဲ့ အခ်ိန္ေတြမွာသာ ကစားသမားေတြနဲ႔ ျပသနာတက္ခဲ့တာပါ။ နည္းျပႀကီး ဖာဂူဆန္ ယူႏုိက္တက္ကုိ တာ၀န္ယူခဲ့တဲ့ကာလတစ္ေလွ်ာက္ သူနဲ႔ အဆုိးရြားဆုံးျပသနာတက္ခဲ့တဲ့ ကစားသမား ၅ ဦးကေတာ့ ဂ်ပ္စတန္း၊ ရြန္းနီ၊ နစၥတယ္ရြိဳင္း၊ ရြိဳင္ကိန္းနဲ႔ ေဒးဗစ္ဘက္ခမ္းတုိ႔ပါပဲ။

ဂ်ပ္စတန္း (၅)
ဂ်ပ္စတန္းဟာ ယူႏုိက္တက္မွာ ၁၉၉၈ ကေန ၂၀၀၁ အထိ ၃ ႏွစ္ၾကာ ကစားခဲ့သူပါ။ ရာသီတုိင္း ပရီးမီးယားလိဂ္ဖလားရရွိခဲ့သလုိ အသင္းနဲ႔ ပထမဆုံးရာသီမွာပဲ ယူႏုိက္တက္ရဲ႕သမုိင္း၀င္ ၁၉၉၉ ဖလား ၃ လုံးရတဲ့ ေအာင္ျမင္မႈေတြကုိ ရရွိခဲ့သူပါ။ အရပ္အျမင့္ ၁၉၃ စင္တီမီတာ(၆ေပ ၃ လက္မ) ရွိၿပီး ခႏၶာကုိယ္ကလည္း ႀကံ့ခိုင္ ေတာင့္တင္းလြန္းလုိ႔ အဲဒီအခ်ိန္ေတြတုန္းကေတာ့ စတန္းကုိ ပရီးမီးယားလိဂ္တုိက္စစ္မွဴးေတာ္ေတာ္မ်ားမ်ား ျဖတ္ေက်ာ္ႏုိင္ဖုိ႔ ခက္ခဲပါတယ္။ တခ်ဳိ႕နည္းျပေတြဆုိရင္ အြန္နရီနဲ႔ အျခားတုိက္စစ္မွဴးေတြေခၚမယ့္အစား စတန္းကုိ ပုိလုိအပ္တယ္လုိ႔ေတာင္ ေျပာခဲ့ၾကဖူးပါတယ္။ စတန္းဟာ ယူႏုိက္တက္ကုိ PSV ကေန ၁၉၉၈ ခုႏွစ္မွာ ေပါင္ ၁၀.၆ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူပါ။ အဲဒီေခတ္အခါက ဒတ္ခ်္ကစားသမားေတြရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္ခဲ့ၿပီး ကမာၻ ့ေစ်းအႀကီးဆုံး ခံစစ္ကစားသမားအျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။ ယူႏုိက္တက္ကိုေရာက္ၿပီး ပထမ ၂ ရာသီမွာ အဓိက ကစားသမားျဖစ္ခဲ့ေပမယ့္ တတိယရာသီအေရာက္မွာေတာ့ အေျခအေနေတြ ေျပာင္းသြားခဲ့ပါတယ္။ အဲဒါကေတာ့ PSV မွာ ကစားေနစဥ္အတြင္းမွာပဲ ဖာဂူဆန္က သူ႔ကုိ ေတာက္ေလွ်ာက္ ခ်ဥ္းကပ္ေသြးေဆာင္ေနခဲ့တဲ့အေၾကာင္း စတန္းက သူ႔ရဲ႕အထၳဳပတၱိစာအုပ္ထဲမွာ ေရးသားေဖာ္ျပခဲ့လုိ႔ပဲ ျဖစ္ပါတယ္။ ဒါဟာ ကစားသမားတစ္ေယာက္အေနနဲ႔ သက္ဆုိင္ရာအသင္းကမသိဘဲ လွ်ဳိ႕၀ွက္ ခ်ဥ္းကပ္တဲ့ အဓိပၸာယ္ သက္ေရာက္ခဲ့ၿပီး ဖာဂူဆန္အတြက္လည္း အမ်ားႀကီး သိကၡာက်ဆင္းခဲ့ရပါတယ္။ ယူႏုိက္တက္ရဲ႕ တတိယရာသီမွာေတာ့ စတန္းဟာ စုစုေပါင္း ၂၃ ပြဲသာ ပြဲထြက္ ကစားခဲ့ရၿပီး ေနာက္ရာသီ စတင္ခ်ိန္မွာပဲ ေပါင္ ၁၆ သန္းနဲ႔ လာဇီ႐ုိကုိ ေရာင္းခ်ခံလုိက္ရပါတယ္။ စတန္းကုိ ေရာင္းခဲ့ခ်ိန္မွာ ၂၉ ႏွစ္သာ ရွိေသးၿပီး ကစားသမားဘ၀ အေကာင္းဆုံးအခ်ိန္ျဖစ္လုိ႔ ဖာဂူဆန္နဲ႔ စတန္းတုိ႔ျပသနာက ထင္ရွားလြန္းခဲ့ပါတယ္။

၀ိန္းရြန္းနီ – (၄)
ယူႏိုက္တက္မွာ ၂၀၀၄ ကေန ၂၀၀၇ အထိ ၁၃ ရာသီအတြင္း ၿပိဳင္ပြဲစုံ ၃၉၃ ပြဲကစားသြားခဲ့တဲ့ ယူႏုိက္တက္ရဲ႕ ဂႏၳ၀င္ အဂၤလန္တုိက္စစ္မွဴး ၀ိန္းရြန္းနီကလည္း ဖာဂူဆန္နဲ႔ ျပသနာတက္ခဲ့ဖူးပါတယ္။ ရြန္းနီဟာ ၂၀၀၇-၀၈ ရာသီက ယူႏုိက္တက္အသင္းဟာ ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ့တဲ့အခ်ိန္က အဓိက က်ခဲ့ပါတယ္။ တစ္ကြင္းလုံးမွာ မရပ္မနား ႀကိဳးစား ကစားခဲ့တဲ့သူ႔ကုိလည္း ယူႏုိက္တက္ ပရိသတ္ေတြက ခ်စ္ခင္ အားေပးခဲ့ၾကပါတယ္။ ဒါေပမယ့္ ၂၀၁၀ မွာေတာ့ အေျခအေနေတြဟာ ေျပာင္းလဲကုန္ပါတယ္။ ၂၀၁၀ ကမာၻ ့ဖလားအၿပီးမွာ ရြန္းနီက သက္တမ္းတုိးဖုိ႔ လုပ္ေဆာင္ခဲ့ေပမယ့္ ယူႏုိက္တက္နဲ႔အဆင္မေျပတဲ့အတြက္ ခ်ဲလ္ဆီးကုိ ေျပာင္းဖုိ႔ ျပင္ဆင္ေနတယ္ဆုိတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါေသးတယ္။ အဲဒီကာလမွာပဲ ရြန္းနီနဲ႔ ဖာဂူဆန္တုိ႔ ျပသနာစတက္လာခဲ့ပါတယ္။ အဲဒါအျပင္ ရြန္းနီက ဂ်ာမနီကြင္းလယ္လူ အုိေဇးလ္ကုိ ယူႏုိက္တက္ကုိ ေခၚေစခ်င္တယ္လုိ႔ လူသိရွင္ၾကားထုတ္ေျပာခဲ့ပါေသးတယ္။ အဲဒီကိစၥနဲ႔ပတ္သက္လုိ႔ ဖာဂူဆန္က ကစားသမား၀ယ္ေရး၊ မ၀ယ္ေရးကိစၥဟာ ရြန္းနီနဲ႔မသက္ဆုိင္ဘူးလုိ႔ တု႔ံျပန္ခဲ့ပါတယ္။ ၀ါဒါဘရီမင္ကေန ရီးရဲလ္ကုိ အုိေဇးလ္ေျပာင္းသြားခ်ိန္မွာေတာ့ ယူႏုိက္တက္ဟာ ရည္မွန္းခ်က္မရွိတဲ့ အသင္းမဟုတ္ဘူးလုိ႔ ရြန္းနီက ေ၀ဖန္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ေတြကုိ ပူပူေႏြးေႏြးရထားလုိ႔ ယူႏုိက္တက္ရဲ႕ ရည္မွန္းခ်က္ကုိ ေမးခြန္းထုတ္စရာမလုိဘူးလုိ႔ ဖာဂူဆန္က တုံ႔ျပန္ခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ ရြန္းနီရဲ႕ယူႏုိက္တက္အေပၚ သစၥာရွိမႈနဲ႔ ပေရာ္ဖက္ရွင္နယ္ဆန္မႈကုိလည္း ဖာဂူဆန္က ေမးခြန္းထုတ္ခဲ့ပါေသးတယ္။ အဲဒီအခ်ိန္ကာလေတြကေတာ့ ရြန္းနီအေပၚ ယူႏုိက္တက္နဲ႔ ပတ္သက္သူေတြက ေလးစားမႈေပ်ာက္ဆုံးခဲ့ၿပီး ဖာဂူဆန္နဲ႔ ရြန္းနီတုိ႔ အႀကီးအက်ယ္ ျပသနာတက္ခဲ့ၾကတဲ့ ကာလေတြပါ။

နစၥတဲလ္ရြိဳင္း (၃)
လက္ရွိအခ်ိန္မွာေတာ့ PSV ရဲ႕ ယူ-၁၉ အသင္းနည္းျပတာ၀န္ယူထားတဲ့ အသက္ ၄၃ ႏွစ္ရွိ နစၥတဲလ္ရြိဳင္းဟာ ယူႏုိက္တက္မွာ ၂၀၀၁ ကေန ၂၀၀ ၆ အထိ ၅ ႏွစ္ၾကာကစားခဲ့သူပါ။ ယူႏုိက္တက္အတြက္ ပရီးမီးယားလိဂ္ ၁၅၀ ပြဲကစား ၉၅ ဂုိးသြင္းခဲ့ၿပီး အဲဒီေခတ္အခ်ိန္က ပရီးမီးယားလိဂ္မွာ ေၾကာက္စရာအေကာင္းဆုံးတုိက္စစ္မွဴးတစ္ဦးျဖစ္ခဲ့ပါတယ္။ နစၥတဲလ္ရြိဳင္းဟာ ဂုိးရဖုိ႔တစ္ခုပဲ အတၱႀကီးလြန္းတဲ့ တစ္ကုိယ္ေကာင္းဆန္ တုိက္စစ္မွဴးလုိ႔ေတာင္ တင္စားၿပီး ဖာဂူဆန္က ခ်ီးက်ဴးခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၀၅-၀၆ ရာသီ လိဂ္ဖလားဗုိလ္လုပြဲမွာ အရန္ခုံထုိင္ခဲ့ရလုိ႔ နစၥတဲလ္ရြိဳင္းနဲ႔ ဖာဂူဆန္တုိ႔ ျပသနာတက္ခဲ့ၾကပါတယ္။ အဲဒီ ဗုိလ္လုပြဲမွာ ပြဲထြက္ကစားခြင့္ေပးဖုိ႔ နစၥတဲလ္ရြိဳင္းက ေတာင္းဆုိခဲ့ေပမယ့္ ဖာဂူဆန္က လူး၀စ္ဆာဟာကုိပဲ ဆက္ကစားေစခဲ့ပါတယ္။ ဒီဗုိလ္လုပဲြမွာမွ ဆာဟာကုိခ်န္ထားခဲ့လုိက္ရင္ မွ်တရာေရာက္မွာမဟုတ္ဘူးလုိ႔ ဖာဂူဆန္က ဆုိခဲ့တာေၾကာင့္ နစၥတဲလ္ရြိဳင္းက ဖာဂူဆန္ကုိ ေအာ္ေငါက္ခဲ့ရာက ျပသနာတက္ခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ နစၥတဲလ္ရြိဳင္းတစ္ေယာက္လည္း ယူႏုိက္တက္မွာ ေနရာမရခဲ့ေတာ့ပါဘူး။ ဒါ့အျပင္ ယူႏုိက္တက္ကုိ ေရာ္နယ္ဒုိေရာက္လာၿပီးေနာက္ပုိင္းမွာလည္း နစၥတဲလ္ရြိဳင္းနဲ႔ျပသနာတက္ခဲ့ၿပီး ေရာ္နယ္ဒုိဖခင္ ေသဆုံးခ်ိန္မွာ နစၥတဲလ္ရြိဳင္းေရးခဲ့တဲ့ စာတစ္ေစာင္ေၾကာင့္ ဖာဂူဆန္ကေနရာမေပးေတာ့ဘဲ ဖယ္က်ဥ္ခံခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ရြိဳင္ကိန္း (၂)
ယူႏုိက္တက္မွာ ၁၉၉၃ ကေန ၂၀၀၅ အထိ ကစားသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းဟာ ယူႏုိက္တက္ကုိ တကယ္ဦးေဆာင္ႏုိင္ခဲ့သူပါ။ ဖာဂူဆန္ေခတ္ ယူႏုိက္တက္ဟာ Never Say Die ဆုိတဲ့ “ေသသည္အထိ ဇြဲမေလွ်ာ့”တုိက္ပြဲ၀င္စိတ္ရွိတာေတြကုိ ျပသႏုိင္ခဲ့တာဟာ ကြင္းထဲမွာ ရြိဳင္ကိန္းလုိ အသင္းေခါင္းေဆာင္ရွိခဲ့လုိ႔ပါ။ အုိင္းရစ္ရွ္သားျဖစ္လုိ႔လည္း ပင္ကုိယ္က စိတ္ဓာတ္မာေက်ာၿပီး ခပ္ၾကမ္းၾကမ္းဆက္ဆံတဲ့ ရြိဳင္ကိန္းဟာ ရာသီႀကိဳျပင္ဆင္မႈမွာေတာ့ ဖာဂူဆန္ရဲ႕ လက္ေထာက္နည္းျပ ကြီးေရာ့ဇ္ကုိ ေ၀ဖန္ခဲ့ပါတယ္။ ကစားသမားေတြအတြက္ လိုအပ္တာေတြကုိ လုပ္ေပးႏုိင္သူမဟုတ္ဘူးလုိ႔ ေ၀ဖန္ခဲ့တာပါ။ ဒါ့အျပင္ ဂယ္ရီနဗီးလ္အပါအ၀င္ ယူႏုိက္တက္ကစားသမားေတြဟာ အသင္းရဲ႕ေလ့က်င့္ေရးနည္းစနစ္ေတြနဲ႔ပတ္သက္ၿပီး မေပ်ာ္ၾကဘူးလုိ႔ ထုတ္ေျပာခဲ့ျပန္ပါတယ္။ ထို႔အတူ မစ္ဒယ္ဘေရာ့ကုိ ႐ႈံးခဲ့တဲ့ ပြဲအၿပီး ယူႏုိက္တက္႐ုပ္သံမွာ ဆုိးရွားလ္လုိ လူငယ္ကစားသမားေတြအပါအ၀င္ ယူႏုိက္တက္ကစားသမားတခ်ဳိ႕ဟာ စြမ္းေဆာင္မႈေၾကာင့္မဟုတ္ဘဲ ေနရာရေနတယ္လုိ႔ ေျပာလုိက္ျပန္ပါတယ္။ ဒါဟာ ဖာဂူဆန္ကုိပါ သြယ္၀ုိက္ေစာ္ကားတဲ့သေဘာေရာက္သြားၿပီး အဲဒီေနာက္ပုိင္းက စလုိ႔ ရြိဳင္ကိန္းဟာ ယူႏုိက္တက္မွာ ေနရမရေတာ့ပါဘူး။ ရြိဳင္ကိန္းရဲ႕ မွတ္ခ်က္နဲ႔ ေ၀ဖန္မႈေတြဟာ အသင္းကုိ အႏုတ္ျပေစတယ္လုိ႔ ဖာဂူဆန္က ခံယူၿပီး ၂၀၀၆ မွာေတာ့ ဆဲလ္တစ္ကုိ ဖာဂူဆန္က ေရာင္းထုတ္ခဲ့ပါတယ္။

ေဒးဗစ္ဘက္ခမ္း (၁)
၁၉၉၂ ကေန ၂၀၀၃ ခုႏွစ္အထိ ယူႏုိက္တက္မွာကစားသြားခဲ့တဲ့ ေဒးဗစ္ဘက္ခမ္းကေတာ့ ယူႏုိက္တက္ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ပရိသတ္အခ်စ္ဆုံး ကစားသမားလုိ႔ေတာင္ သုံးသပ္ခံရႏုိင္ပါတယ္။ ရီးရဲလ္၊ ဂလက္ဆီ၊ ေအစီမီလန္၊ ပီအက္စ္ဂ်ီတုိ႔မွာ ကစားခဲ့ဖူးတဲ့ ဘက္ခမ္းဟာ ယူႏုိက္တက္ကစားသမားဘ၀မွာေတာ့ အထြန္းေတာက္ဆုံးျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ ျပစ္ဒဏ္ေဘာကန္ခ်က္ေတြနဲ႔ ေက်ာ့ရွင္းတဲ့ ႐ုပ္ရွင္သြင္ျပင္ကလည္း ေဘာလုံးစိတ္မ၀င္စားတဲ့ တစ္ကမာၻလုံးက မိန္းမပ်ဳိေလးေတြကုိေတာင္မွ ပ်ဳိတုိင္းႀကိဳက္တဲ့ ႏွင္းဆီခုိင္ျဖစ္ေစႏုိင္ခဲ့ပါတယ္။ ယူႏုိက္တက္မွာ ကစားေနစဥ္ ျပစ္ဒဏ္ေဘာကန္ခ်က္ေတြကုိ သူ႔ဘာသူ အပုိထပ္ေဆာင္း ေလ့က်င့္ခဲ့တာ၊ ႀကိဳးစားအားထုတ္လြန္းတာေတြက ဖာဂူဆန္အႀကိဳက္ျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ ေဒးဗစ္ဘက္ခမ္းနဲ႔ လက္ရွိ ဇနီးသည္ ဗစ္တုိးရီးယားတုိ႔ လက္ထပ္ၿပီးတဲ့ေနာက္မွာေတာ့ အေျခအေနေတြ ေျပာင္းလဲကုန္ပါတယ္။ ဗစ္တုိးရီးယားဟာ ဖက္ရွင္ဒီဇုိင္နာျဖစ္သလုိ ခင္ပြန္းျဖစ္သူတုိ႔လည္း လွလွပပ ေက်ာ့ေက်ာ့ရွင္းရွင္းနဲ႔ စမတ္က်ေအာင္ ျပင္ဆင္ေပးပါတယ္။ ဒီလုိလုပ္တာဟာ အလြမ္းပုိလြန္းတယ္လုိ႔ ဖာဂူဆန္က ယူဆပါတယ္။ ေနာက္ၿပီး ႐ုိးသားႀကိဳးစားတဲ့ ကစားသမားေလးအျဖစ္ကေန ဟန္ထုတ္ၿပီး ေမာ္ဒယ္လုိလုိျဖစ္သြားတဲ့ ပုံစံကုိလည္း ဖာဂူဆန္က ေဒါသထြက္ခဲ့ပါတယ္။ ၂၀၀၃ ေဖေဖာ္၀ါရီ ၁၅ မွာေတာ့ ယူႏုိက္တက္က အာဆင္နယ္ကုိ အက္ဖ္ေအပြဲမွာ ႐ႈံးသြားခဲ့ပါတယ္။ အဲဒီပြဲမွာေပးလုိက္ရတဲ့ ဂုိး ၁ ဂုိးနဲ႔ပတ္သက္ၿပီး ေဒးဗစ္ဘက္ခမ္းက လုိက္လံဖ်က္ထုတ္ျခင္းမရွိဘဲ ၾကြၾကြရြရြေလး ေျပးေနတယ္လုိ႔ ဖာဂူဆန္က ယူဆခဲ့ပါတယ္။ အ၀တ္လဲခန္းအတြင္းမွာေတာ့ ဖာဂူဆန္ရဲ႕ ေဒါသေတြဟာ ဘက္ခမ္းအေပၚစုၿပဳံေပါက္ကြဲခဲ့ၿပီး ေဘာလုံးကန္ဖိနပ္နဲ႔ ဘက္ခမ္းကုိပစ္ေပါက္ခဲ့ရာမွာ ဘက္ခမ္းမ်က္ခုံးကြဲသြားခဲ့ကာ ခ်ဳပ္ရတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။ ဒါဟာ ကစားသမားတစ္ဦးအေပၚ လုိတာထက္ပုိတဲ့ ကုိယ္ထိလက္ေရာက္မႈျဖစ္ခဲ့ၿပီး ဖာဂူဆန္ထြက္ရႏုိင္တယ္လုိ႔လည္း သုံးသပ္ခဲ့ၾကပါတယ္။ ကစားဒုိင္ေတြကဆုိရင္ ယူႏုိက္တက္ကေန အရင္ထြက္ရမယ့္သူဟာ ေဒးဗစ္ဘက္ခမ္းလား? ဖာဂူဆန္လား?လုိ႔ေတာင္ ေၾကးေတြ ဖြင့္ခဲ့ၾကပါတယ္။ အဲဒီျပသနာနဲ႔အတူ ဖာဂူဆန္ကုိလည္း ေ၀ဖန္မႈေတြရွိခဲ့သလုိ ဘက္ခမ္းလည္း ယူႏုိက္တက္မွာ ေနရာ မရေတာ့ပါဘူး။ ၂၀၀၃ ခုႏွစ္မွာေတာ့ ဘက္ခမ္းကုိ ရီးရဲလ္ကုိ ေရာင္းလုိက္ၿပီး ဖာဂူဆန္က ယူႏုိက္တက္မွာပဲ ဆက္ရွိေနခဲ့ပါတယ္။ ဘက္ခမ္းဟာ ရီးရဲလ္မွာလည္း ေအာင္ျမင္မႈရခဲ့ၿပီး ၂၀၀၃ နဲ႔ ၂၀၀၄ ခုႏွစ္ေတြမွာ Google မွာ ရွာေဖြမႈအခံရဆုံး စာလုံးအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ယူႏုိက္တက္က ဘက္ခမ္းကုိေရာင္းလုိက္တာဟာ အခ်ိန္ေစာလြန္းတယ္လုိ႔လည္း ယူဆခဲ့ၾကၿပီး ဖာဂူဆန္ရဲ႕နည္းျပဘ၀တစ္ေလွ်ာက္ ဘက္ခမ္းဟာ အဆုိးရြားဆုံး ျပသနာတက္ခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။