ပွဲမကန်ရဘဲ ချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်လာတဲ့ လီဗာပူးနဲ့ ၂ဂိုးပြတ်ဦးဆောင်နေရာကနေ အမှတ်ပြည့်ဆုံးရှုံးသွားတဲ့ စီးတီး (ဝုဗ် ၃-၂ စီးတီး ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

စီးတီးအတွက် အထိနာတဲ့ပွဲဖြစ်ပြီး ၁ယောက်လျော့အနေအထားကနေ ၂ဂိုးအသာနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ချေပဂိုးတွေပေးခဲ့ရတဲ့အပြင် ဝုဗ်အသင်းကို အနိုင်ဂိုးပေးလိုက်ရလို့ အမှတ်ပြည့်ပါဆုံးရှုံးသွားခဲ့ရပြီး ချန်ပီယံဆုကာကွယ်နိုင်ရေး မျှော်လင့်ချက် ပိုမိုနည်းပါးသွားခဲ့ရပါတယ်။

Photo Credit

ပ-အကျော့ အီတီဟတ်မှာ ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဝုဗ်အသင်းကတော့ နည်းပြဂွါဒီယိုလာရဲ့စီးတီးကို တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း ၂ပွဲစလုံးအနိုင်ရတဲ့ ဒုတိယမြောက်အသင်းဖြစ်လာပြီး ပထမအသင်းကတော့ ဂွါဒီယိုလာရဲ့ပထမဆုံးရာသီဖြစ်တဲ့ ၂၀၁၆-၁၇ ရာသီမှာ နည်းပြကွန်တီရဲ့ချဲလ်ဆီးက နှစ်ကျော့စလုံးအနိုင်ရခဲ့တာပါ။

Photo Credit

စီးတီးကတော့ ဂိုးသမား အီဒါဆန်ရဲ့ဆုံးဖြတ်ချက်အမှားကနေ တန်ဖိုးကြီးကြီးပေးဆပ်လိုက်ရတာဖြစ်ပြီး နည်းပြဂွါဒီယိုလာလည်း ၂ဂိုးအသာနဲ့ ဦးဆောင်နေချိန်မှာ နောက်ခံလူတွေကို အစားထိုးကာ ခံစစ်ပိတ်ကစားခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေခဲ့ဘဲ ပွဲချိန် ၈၂ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ ဒုတိယမြောက်ချေပဂိုးနဲ့အနိုင်ဂိုးတွေ ဆက်တိုက်ပေးခဲ့ရတာပါ။

Photo Credit

နောက်ပြီး ဝုဗ်ဟာ နည်းပြဂွါဒီယိုလာကိုင်တွယ်တဲ့အသင်းကို အမှတ်ပေးပြိုင်ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀%နဲ့အထက် လွှမ်းမိုးကစားနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာပြီး အခုဆိုရင် အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၂ မှတ်အကွာ အဆင့် ၅နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit

ပထမပိုင်းမှာတော့ အငြင်းပွားစရာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ တစ်ယောက်တည်းလွတ်လာတဲ့ ဂျိုတာရဲ့ထိုးဖောက်မှုကို ဧရိယာအပြင်ဘက်အထိ ထွက်ပြီး ဘောလုံးမရှိချိန် ကိုယ်လုံးနဲ့ တားဆီးခဲ့တဲ့ စီးတီးဂိုးသမား အီဒါဆန် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။

Photo Credit

အဲဒီနောက် ပွဲချိန် ၂၄ မိနစ်မှာ မာရက်ဇ်ကို ဒင်ဒန်ကာ ဥပဒေပကစားတယ်ဆိုပြီး VAR ပြန်ကြည့်ကာ စီးတီးအသင်း ပင်နယ်တီရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို စတာလင်ကန်သွင်းရာမှာ ဝုဗ်ဂိုးသမား ပက်ထရစ်စီယို ကာကွယ်နိုင်ခဲ့ပေမယ့် စတာလင် မကန်ခင် ဝုဗ်နောက်ခံလူ ကိုအာဒီ ပင်နယ်တီစည်းထဲ ရောက်လာတယ်လို့ VAR က ဆုံးဖြတ်ခဲ့ပြန်ပါတယ်။

Photo Credit

အဲဒါနဲ့ စတာလင် ပင်နယ်တီထပ်ကန်တာကို ပက်ထရစ်စီယိုကပဲ ထပ်ပုတ်သေးပေမယ့် ဒီတစ်ခါ ဘောလုံးက စတာလင်ရှေ့တည့်တည့် ပြန်ရောက်လာလို့ ပင်နယ်တီနှစ်ကြိမ်ဆက်မဝင်တဲ့ စတာလင်က ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ကန်သွင်းကာ အဖွင့်ဂိုးရယူနိုင်ခဲ့ပါတယ်။

Photo Credit

ဒုတိယပိုင်းကတော့ အငြင်းပွားစရာမဖြစ်တော့ဘဲ ပွဲချိန်မိနစ် ၅၀မှာ ဒီဘရိုင်းရဲ့လှပတဲ့ပေးပို့မှုကနေ စတာလင်ကပဲ ဂိုးသမားကို အသာလေးကျော်သွင်းယူနိုင်ခဲ့လို့ စီးတီးအသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ နောက် ၅ မိနစ်အကြာမှာ ပ-ကျော့တုန်းက ၂ဂိုးစလုံးသွင်းယူခဲ့တဲ့ ထရာအိုရေးက ဝုဗ်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာ ထရာအိုရေးရဲ့ဖြတ်တင်ဘောကနေ ဂျီမီနက်ဇ်က အသာလေးပိတ်သွင်းယူနိုင်ခဲ့လို့ ဝုဗ်အသင်း ဒုတိယမြောက်ချေပဂိုးရရှိခဲ့ပါတယ်။

Photo Credit

ဒါက မန်ဒီရဲ့အမှားကြောင့် ပေးလိုက်ရတာဖြစ်ပြီး မန်ဒီအနေနဲ့ ဂိုးလွန်ဘောလုပ်ဖို့ လူကာထားချိန်မှာ သူ့ထက် ကိုယ်လုံးပိုကြီးတဲ့ ထရာအိုရေးက တွန်းတွန်းတိုက်တိုက်လုယူသွားတာဖြစ်ပြီး နောက် ၇မိနစ်အကြာမှာ ဒိုဟာတီက အနိုင်ဂိုးသွင်းသွားပါတယ်။

Photo Credit

စီးတီးလည်း ချန်ပီယံဆုကာကွယ်နိုင်ဖို့ မျှော်လင့်ချက် အတော်လေးနည်းသွားရပြီး အခုဆိုရင် လီဗာပူးနဲ့ ၁ပွဲပို ၁၄ မှတ်အကွာမှာ ရပ်တည်နေရသလို ဒုတိယနေရာက လက်စတာကို ကျော်ဖြတ်နိုင်မယ့်အခွင့်အရေးလည်း ဆုံးရှုံးသွားရပါတယ်။

Photo Credit

Zawgyi

ပြဲမကန္ရဘဲ ခ်န္ပီယံျဖစ္ဖို႔ ပုိမိုနီးစပ္လာတဲ့ လီဗာပူးနဲ႔ ၂ဂိုးျပတ္ဦးေဆာင္ေနရာကေန အမွတ္ျပည့္ဆံုး႐ံႈးသြားတဲ့ စီးတီး (၀ုဗ္ ၃-၂ စီးတီး ပြဲၿပီးျမင္ကြင္းက်ယ္)

စီးတီးအတြက္ အထိနာတဲ့ပဲြျဖစ္ၿပီး ၁ေယာက္ေလ်ာ့အေနအထားကေန ၂ဂိုးအသာနဲ႔ ဦးေဆာင္ကစားႏုိင္ခဲ့ေပမယ့္ ေခ်ပဂိုးေတြေပးခဲ့ရတဲ့အျပင္ ၀ုဗ္အသင္းကို အႏိုင္ဂိုးေပးလုိက္ရလုိ႔ အမွတ္ျပည့္ပါဆုံး႐ံႈးသြားခဲ့ရၿပီး ခ်န္ပီယံဆုကာကြယ္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္ ပိုမိုနည္းပါးသြားခဲ့ရပါတယ္။
ပ-အေက်ာ့ အီတီဟတ္မွာ ၀-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့၀ုဗ္အသင္းကေတာ့ နည္းျပဂြါဒီယိုလာရဲ႕စီးတီးကို တစ္ရာသီအတြင္း အိမ္ကြင္း၊ အေ၀းကြင္း ၂ပဲြစလုံးအႏုိင္ရတ့ဲ ဒုတိယေျမာက္အသင္းျဖစ္လာၿပီး ပထမအသင္းကေတာ့ ဂြါဒီယိုလာရဲ႕ပထမဆံုးရာသီျဖစ္တဲ့ ၂၀၁၆-၁၇ ရာသီမွာ နည္းျပကြန္တီရဲ႕ခ်ဲလ္ဆီးက ႏွစ္ေက်ာ့စလုံးအႏုိင္ရခဲ့တာပါ။
စီးတီးကေတာ့ ဂိုးသမား အီဒါဆန္ရဲ႕ဆုံးျဖတ္ခ်က္အမွားကေန တန္ဖိုးႀကီးႀကီးေပးဆပ္လုိက္ရတာျဖစ္ၿပီး နည္းျပဂြါဒီယိုလာလည္း ၂ဂိုးအသာနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ေနာက္ခံလူေတြကို အစားထိုးကာ ခံစစ္ပိတ္ကစားခဲ့ေပမယ့္ ဘယ္လုိမွ အဆင္မေျပခဲ့ဘဲ ပဲြခ်ိန္ ၈၂ မိနစ္နဲ႔ ၈၉ မိနစ္ေတြမွာ ဒုတိယေျမာက္ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြ ဆက္တုိက္ေပးခဲ့ရတာပါ။
ေနာက္ၿပီး ၀ုဗ္ဟာ နည္းျပဂြါဒီယိုလာကုိင္တြယ္တဲ့အသင္းကို အမွတ္ေပးၿပိဳင္ပြဲမွာ ေဘာလုံးပိုင္ဆုိင္မႈ ၆၀%နဲ႔အထက္ လႊမ္းမုိးကစားႏိုင္တဲ့ပထမဆုံးအသင္းျဖစ္လာၿပီး အခုဆုိရင္ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၂ မွတ္အကြာ အဆင့္ ၅ေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။
ပထမပုိင္းမွာေတာ့ အျငင္းပြားစရာေတြ ဆက္တုိက္ျဖစ္ေပၚခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာ တစ္ေယာက္တည္းလြတ္လာတဲ့ ဂ်ိဳတာရဲ႕ထိုးေဖာက္မႈကို ဧရိယာအျပင္ဘက္အထိ ထြက္ၿပီး ေဘာလုံးမရွိခ်ိန္ ကိုယ္လုံးနဲ႔ တားဆီးခဲ့တဲ့ စီးတီးဂိုးသမား အီဒါဆန္ တုိက္႐ိုက္အနီကတ္ျပသခံခဲ့ရပါတယ္။
အဲဒီေနာက္ ပြဲခ်ိန္ ၂၄ မိနစ္မွာ မာရက္ဇ္ကို ဒင္ဒန္ကာ ဥပေဒပကစားတယ္ဆုိၿပီး VAR ျပန္ၾကည့္ကာ စီးတီးအသင္း ပင္နယ္တီရရွိခဲ့ပါတယ္။ ဒီပင္နယ္တီကို စတာလင္ကန္သြင္းရာမွာ ၀ုဗ္ဂိုးသမား ပက္ထရစ္စီယုိ ကာကြယ္ႏိုင္ခဲ့ေပမယ့္ စတာလင္ မကန္ခင္ ၀ုဗ္ေနာက္ခံလူ ကိုအာဒီ ပင္နယ္တီစည္းထဲ ေရာက္လာတယ္လုိ႔ VAR က ဆုံးျဖတ္ခဲ့ျပန္ပါတယ္။
အဲဒါနဲ႔ စတာလင္ ပင္နယ္တီထပ္ကန္တာကို ပက္ထရစ္စီယိုကပဲ ထပ္ပုတ္ေသးေပမယ့္ ဒီတစ္ခါ ေဘာလုံးက စတာလင္ေရွ႕တည့္တည့္ ျပန္ေရာက္လာလုိ႔ ပင္နယ္တီႏွစ္ႀကိမ္ဆက္မ၀င္တဲ့ စတာလင္က ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ ကန္သြင္းကာ အဖြင့္ဂိုးရယူႏုိင္ခဲ့ပါတယ္။
ဒုတိယပိုင္းကေတာ့ အျငင္းပြားစရာမျဖစ္ေတာ့ဘဲ ပြဲခ်ိန္မိနစ္ ၅၀မွာ ဒီဘ႐ိုင္းရဲ႕လွပတဲ့ေပးပို႔မႈကေန စတာလင္ကပဲ ဂုိးသမားကို အသာေလးေက်ာ္သြင္းယူႏုိင္ခဲ့လုိ႔ စီးတီးအသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။
ဒါေပမဲ့ ေနာက္ ၅ မိနစ္အၾကာမွာ ပ-ေက်ာ့တုန္းက ၂ဂိုးစလုံးသြင္းယူခဲ့တ့ဲ ထရာအိုေရးက ၀ုဗ္အတြက္ ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာ ထရာအိုေရးရဲ႕ျဖတ္တင္ေဘာကေန ဂ်ီမီနက္ဇ္က အသာေလးပိတ္သြင္းယူႏုိင္ခဲ့လုိ႔ ၀ုဗ္အသင္း ဒုတိယေျမာက္ေခ်ပဂိုးရရွိခဲ့ပါတယ္။
ဒါက မန္ဒီရဲ႕အမွားေၾကာင့္ ေပးလုိက္ရတာျဖစ္ၿပီး မန္ဒီအေနနဲ႔ ဂိုးလြန္ေဘာလုပ္ဖို႔ လူကာထားခ်ိန္မွာ သူ႕ထက္ ကိုယ္လုံးပိုႀကီးတဲ့ ထရာအိုေရးက တြန္းတြန္းတိုက္တုိက္လုယူသြားတာျဖစ္ၿပီး ေနာက္ ၇မိနစ္အၾကာမွာ ဒုိဟာတီက အႏုိင္ဂိုးသြင္းသြားပါတယ္။
စီးတီးလည္း ခ်န္ပီယံဆုကာကြယ္ႏုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ အေတာ္ေလးနည္းသြားရၿပီး အခုဆုိရင္ လီဗာပူးနဲ႔ ၁ပြဲပို ၁၄ မွတ္အကြာမွာ ရပ္တည္ေနရသလုိ ဒုတိယေနရာက လက္စတာကို ေက်ာ္ျဖတ္ႏိုင္မယ့္အခြင့္အေရးလည္း ဆုံး႐ံႈးသြားရပါတယ္။