ပြိုင်ဘက်အသင်းတိုင်းကြောက်ရွံ့နေရပြီဖြစ်တဲ့ လီဗာပူးအသင်းကြီးရဲ့ စွမ်းဆောင်ရည်များ

photo internet

ဖလာမင်ဂို အသင်းကိုအနိုင်ရခဲ့ပြီး လီဗာပူးအသင်းဟာ ကမ္ဘာ့ကလပ်များ ချန်ပီယံဘွဲ့ဖြစ်လာခဲ့ပြီးနောက် ယာဂင်ကလော့ပ် ဦးဆောင်နေတဲ့အသင်းဟာ ပြိုင်ဘက်တိုင်းကြောက်ရတဲ့ အသင်းဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့ပြီလို့ အားကစားသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဝါးနော့က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။အသင်းတစ်သင်းကို ပြိုင်ဘက်တိုင်း ကြောက်နေဖို့ဆိုတာက အမြင့်ဆုံးစွမ်းဆောင်ရည်တွေနဲ့ အကြိမ်ကြိမ် သက်သေပြနိုင်မှသာ တည်ဆောက်နိုင်မှာဖြစ်တာကြောင့် ငွေကြေးနဲ့အလွယ်တကူ ဝယ်ယူလို့ရနိုင်တဲ့ ကိစ္စမဟုတ်ပါဘူးလို့လည်း ဝါးနော့က ဆိုပါသေးတယ်။

photo internet

၂၀၁၉ မှာ ကမ္ဘာ့ကလပ်များချန်ပီယံဖြစ်လာခဲ့တဲ့ လီဗာပူးဟာ ချန်ပီယံလိဂ်၊ စူပါဖလားတို့ကို ရယူအောင်မြင်နိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာဆိုရင်လည်း ခရစ္စမတ်ကာလအထိ ယူနိုက်တက်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ သရေကျခဲ့လို့ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တဲ့ ပွဲကလွဲရင် ကျန်တဲ့ပွဲစဉ်တိုင်းမှာ အမှတ်ပြည့်ရယူနိုင်ခဲ့တာဟာလည်း အံ့သြစရာကောင်းလှပါတယ်။ အဆင့် ၂ နေရာက လက်စတာအသင်းကို အမှတ်ပေးဇယားမှာ ၁၀ မှတ်အသာနဲ့ ဦးဆောင်ထားပြီး၊ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန် အဆင့်မြင့်တန်းဖလားကို ပြန်လည်ရယူနိုင်ဖို့ ဒီနှစ်မှာ အလားအလာ အကောင်းဆုံး အသင်းဖြစ်နေပါတယ်။

photo internet

လီဗာပူးအသင်း အမှတ်ပေးဖလား နောက်ဆုံးအကြိမ်ရခဲ့တဲ့ ၁၉၈၉-၉၀ ခုနှစ်မှာ သွင်းဂိုး ၂၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဂျွန်ဗားနက်စ်ကလည်း လက်ရှိ လီဗာပူးအသင်းရဲ့ အခြေအနေနဲ့ ပြိုင်ဘက်အသင်းတွေအကြောင်းကို အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။“နည်းပြ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အခုလက်ရှိ ကောင်းမွန်နေတဲ့ စွမ်းဆောင်ရည်တွေကို နောက်နှစ်တွေအထိ ဆက်ပြီး ထိန်းသိမ်းသွားနိုင်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ ယူနိုက်တက်တို့ကလည်း တိုးတက်ဖို့ ငွေတွေအများကြီး သုံးလာဦးမှာပါ။ လီဗာပူး အမှတ်ပေးဖလား အနိုင်ရတာကို သူတို့ မြင်ချင်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ခြေစွမ်းကောင်းမွန်နေတဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ဆက်ပြီး ထိန်းထားဖို့လည်း လိုပါတယ်။ ဒီထက် ပိုကောင်းလာဖို့ ရှိနေတယ်လို့လည်း ကျနော် မထင်ဘူး။ ဒါပေမယ့် ဒီစွမ်းဆောင်ရည်ကို တည်ငြိမ်အောင်တော့ ထိန်းသိမ်းထားနိုင်ပါတယ်။ အခုအချိန်မှာ အသင်းတိုင်းက ပေါင်သန်း ရာနဲ့ချီပြီး သုံးစွဲလာခဲ့ကြတယ်။ ငွေအင်အားတွေသုံးပြီးတော့ အသင်းတိုင်းက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ကြတယ်။ လိဂ်ကို လွှမ်းမိုးဖို့နဲ့ ကိုယ့်ရဲ့နေရာကို ထိန်းသိမ်းဖို့က ကျွန်တော်တို့ခေတ်တုန်းကထက် ပိုခက်လာပါတယ်” လို့ ဆိုခဲ့ပါတယ်။

photo internet

အခုအချိန်ဟာဆိုရင် ကမ္ဘာ့ဘောလုံးလောကမှာ လီဗာပူးအသင်းဟာ ပြိုင်ဘက်အသင်းတိုင်းက သတိထား စောင့်ကြည့်နေရတဲ့ အသင်းတစ်သင်းလည်းဖြစ်လာခဲ့ပါပြီ။ လီဗာပူးအသင်းဟာ ပွဲစဉ်တိုင်းမှာ အနိုင်ရလိုစိတ် ပြင်းထန်နေပြီး အနိုင်ရရှိဖို့အတွက်ကိုလည်း အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်နေကြပါတယ်။ ဒီရာသီမှာ လီဗာပူးကစားသမားတွေဟာလည်း သူတို့အသင်း ရှုံးနိမ့်နေခဲ့တဲ့ အချိန်တွေမှာတောင် နာကျင်အချိန်ပိုအထိ အနိုင်ရလဒ်တွေဖြစ်လာအောင် စွမ်းဆောင်ကစားနိုင်ခဲ့ကြပါတယ်။ ဒါတွေဟာ အတိတ်တုန်းက ယူနိုက်တက်လိုပဲ စိတ်ပိုင်းဆိုင်ရာ အားသာချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ချန်ပီယံဆုကို သိမ်းပိုက်ချင်တဲ့ အသင်းတစ်သင်းဟာ ဒီလို စိတ်ဓာတ်တွေရှိနေဖို့ အရမ်းကို အရေးကြီးပါတယ်။

ကြိုးကြာနီပရိသတ်များ ကျန်းမာ ချမ်းသာကြပါစေ…

photo internet

(Zawgyi Version)

ၿပိဳင္ဘက္အသင္းတုိင္းေၾကာက္ရြံ႕ေနရၿပီျဖစ္တဲ့ လီဗာပူးအသင္းႀကီးရဲ႕ စြမ္းေဆာင္ရည္မ်ား

ဖလာမင္ဂုိ အသင္းကိုအႏုိင္ရခဲ့ၿပီး လီဗာပူးအသင္းဟာ ကမာၻ ့ကလပ္မ်ား ခ်န္ပီယံဘြဲ႕ျဖစ္လာခဲ့ၿပီးေနာက္ ယာဂင္ကေလာ့ပ္ ဦးေဆာင္ေနတဲ့အသင္းဟာ ၿပိဳင္ဘက္တုိင္းေၾကာက္ရတဲ့ အသင္းျဖစ္လာေအာင္ တည္ေဆာက္ႏုိင္ခဲ့ၿပီလုိ႔ အားကစားသုံးသပ္သူတစ္ဦးျဖစ္တဲ့ ၀ါးေနာ့က သုံးသပ္ ေျပာဆုိသြားခဲ့ပါတယ္။အသင္းတစ္သင္းကုိ ၿပိဳင္ဘက္တုိင္း ေၾကာက္ေနဖုိ႔ဆုိတာက အျမင့္ဆုံးစြမ္းေဆာင္ရည္ေတြနဲ႔ အႀကိမ္ႀကိမ္ သက္ေသျပႏုိင္မွသာ တည္ေဆာက္ႏုိင္မွာျဖစ္တာေၾကာင့္ ေငြေၾကးနဲ႔အလြယ္တကူ ၀ယ္ယူလုိ႔ရႏုိင္တဲ့ ကိစၥမဟုတ္ပါဘူးလုိ႔လည္း ၀ါးေနာ့က ဆုိပါေသးတယ္။

၂၀၁၉ မွာ ကမာၻ ့ကလပ္မ်ားခ်န္ပီယံျဖစ္လာခဲ့တဲ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္၊ စူပါဖလားတုိ႔ကုိ ရယူေအာင္ျမင္ႏုိင္ခဲ့တဲ့ အသင္းတစ္သင္းလည္းျဖစ္ပါတယ္။ ျပည္တြင္း အမွတ္ေပးၿပိဳင္ပြဲမွာဆုိရင္လည္း ခရစၥမတ္ကာလအထိ ယူႏုိက္တက္အသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ သေရက်ခဲ့လုိ႔ ရမွတ္ ၂ မွတ္ ဆုံး႐ႈံးခဲ့တဲ့ ပြဲကလြဲရင္ က်န္တဲ့ပြဲစဥ္တုိင္းမွာ အမွတ္ျပည့္ရယူႏုိင္ခဲ့တာဟာလည္း အ့ံၾသစရာေကာင္းလွပါတယ္။ အဆင့္ ၂ ေနရာက လက္စတာအသင္းကုိ အမွတ္ေပးဇယားမွာ ၁၀ မွတ္အသာနဲ႔ ဦးေဆာင္ထားၿပီး၊ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အဂၤလန္ အဆင့္ျမင့္တန္းဖလားကို ျပန္လည္ရယူႏုိင္ဖုိ႔ ဒီႏွစ္မွာ အလားအလာ အေကာင္းဆုံး အသင္းျဖစ္ေနပါတယ္။

လီဗာပူးအသင္း အမွတ္ေပးဖလား ေနာက္ဆုံးအႀကိမ္ရခဲ့တဲ့ ၁၉၈၉-၉၀ ခုႏွစ္မွာ သြင္းဂုိး ၂၂ ဂုိး အထိ သြင္းယူေပးႏုိင္ခဲ့ၿပီး အဓိကက်တဲ့ ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ဂၽြန္ဗားနက္စ္ကလည္း လက္ရွိ လီဗာပူးအသင္းရဲ႕ အေျခအေနနဲ႔ ၿပိဳင္ဘက္အသင္းေတြအေၾကာင္းကုိ အခုလုိ သုံးသပ္ေျပာဆုိခဲ့ပါတယ္။
“နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ အခုလက္ရွိ ေကာင္းမြန္ေနတဲ့ စြမ္းေဆာင္ရည္ေတြကုိ ေနာက္ႏွစ္ေတြအထိ ဆက္ၿပီး ထိန္းသိမ္းသြားႏုိင္ဦးမယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ကလည္း တိုးတက္ဖို႔ ေငြေတြအမ်ားၾကီး သံုးလာဦးမွာပါ။ လီဗာပူး အမွတ္ေပးဖလား အႏုိင္ရတာကို သူတို႔ ျမင္ခ်င္မယ္လို႔ က်ေနာ္ကေတာ့ မထင္ပါဘူး။ေျခစြမ္းေကာင္းမြန္ေနတဲ့ အသင္းရဲ႕စြမ္းေဆာင္ရည္ကုိလည္း ဆက္ၿပီး ထိန္းထားဖုိ႔လည္း လုိပါတယ္။ ဒီထက္ ပိုေကာင္းလာဖို႔ ရွိေနတယ္လို႔လည္း က်ေနာ္ မထင္ဘူး။ ဒါေပမယ့္ ဒီစြမ္းေဆာင္ရည္ကို တည္ျငိမ္ေအာင္ေတာ့ ထိန္းသိမ္းထားႏုိင္ပါတယ္။ အခုအခ်ိန္မွာ အသင္းတုိင္းက ေပါင္သန္း ရာနဲ႔ခ်ီၿပီး သုံးစြဲလာခဲ့ၾကတယ္။ ေငြအင္အားေတြသုံးၿပီးေတာ့ အသင္းတုိင္းက အရွိန္အဟုန္နဲ႔ တုိးတက္လာခဲ့ၾကတယ္။ လိဂ္ကို လႊမ္းမုိးဖုိ႔နဲ႔ ကုိယ့္ရဲ႕ေနရာကုိ ထိန္းသိမ္းဖို႔က ကၽြန္ေတာ္တုိ႔ေခတ္တုန္းကထက္ ပုိခက္လာပါတယ္” လုိ႔ ဆုိခဲ့ပါတယ္။

အခုအခ်ိန္ဟာဆုိရင္ ကမာၻ ့ေဘာလုံးေလာကမွာ လီဗာပူးအသင္းဟာ ၿပိဳင္ဘက္အသင္းတုိင္းက သတိထား ေစာင့္ၾကည့္ေနရတဲ့ အသင္းတစ္သင္းလည္းျဖစ္လာခဲ့ပါၿပီ။ လီဗာပူးအသင္းဟာ ပြဲစဥ္တုိင္းမွာ အႏုိင္ရလုိစိတ္ ျပင္းထန္ေနၿပီး အႏုိင္ရရွိဖုိ႔အတြက္ကုိလည္း အစြမ္းကုန္ ႀကိဳးစား ယွဥ္ၿပိဳင္ေနၾကပါတယ္။ ဒီရာသီမွာ လီဗာပူးကစားသမားေတြဟာလည္း သူတုိ႔အသင္း ႐ႈံးနိမ့္ေနခဲ့တဲ့ အခ်ိန္ေတြမွာေတာင္ နာက်င္အခ်ိန္ပုိအထိ အႏုိင္ရလဒ္ေတြျဖစ္လာေအာင္ စြမ္းေဆာင္ကစားႏုိင္ခဲ့ၾကပါတယ္။ ဒါေတြဟာ အတိတ္တုန္းက ယူႏုိက္တက္လုိပဲ စိတ္ပုိင္းဆုိင္ရာ အားသာခ်က္တစ္ခုျဖစ္လာခဲ့ပါတယ္။ ခ်န္ပီယံဆုကုိ သိမ္းပုိက္ခ်င္တဲ့ အသင္းတစ္သင္းဟာ ဒီလို စိတ္ဓာတ္ေတြရွိေနဖုိ႔ အရမ္းကုိ အေရးႀကီးပါတယ္။

ႀကိဳးၾကာနီပရိသတ္မ်ား က်န္းမာ ခ်မ္းသာၾကပါေစ…