ပေါချောင်ကောင်းဖြစ်မယ့် ဆဲလ်ဘတ်ရဲ့ဂျပန်ကြယ်ပွင့်ကို ခေါ်နိုင်ဖို့ အခြေအနေကောင်းနေတဲ့ လီဗာပူး

photo-daily mail

photo-gettyimages

လီဗာပူးအသင်းဟာ သြစတြီးယားကလပ်ဆဲလ်ဘတ်ရဲ့ဂျပန်တောင်ပံကစားသမားဖြစ်တဲ့ မီနာမီနိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အသက် ၂၄ နှစ်အရွယ် မီနာမီနိုဟာ ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဆဲလ်ဘတ်အတွက် ၆ ပွဲစလုံးပွဲထွက်ပါဝင်ခဲ့ပြီး အဲဒီထဲမှာ လီဗာပူးနဲ့တွေ့ဆုံခဲ့တဲ့ ၂ ပွဲလည်း ပါဝင်ခဲ့ကာ အဲဒီ ၆ ပွဲမှာ ၂ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးနိုင်ခဲ့ကာ ပြီးခဲ့တဲ့အောက်တိုဘာတုန်းက အန်ဖီးလ်မှာ လီဗာပူးဘက်ကို ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။

photo-gettyimages

ဆဲလ်ဘတ်က မီနာမီနိုရဲ့ထွက်ခွာကြေးဟာ ပေါင် ၇.၂၅ သန်းသာရှိပြီး သူ့ရဲ့ကာလပေါက်ဈေးအမှန်က ပေါင်သန်း ၂၀ ဝန်းကျင်အထိတောင် မြင့်တက်နေတာကြောင့် တခြားအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုလည်းရှိလာတဲ့အတွက် လီဗာပူးဟာ လက်ဦးမှုရယူဖို့ လုပ်နေတာပါ။  မီနာမီနိုဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ဆဲလ်ဘတ်အတွက် ၂၂ ပွဲမှာ ၉ ဂိုးသွင်း၊ ၁၁ ဂိုးဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က သူ့ရဲ့ဆဲလ်ဘတ်အသင်းဟာ လီဗာပူးကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပထမပိုင်းတုန်းက လီဗာပူးဘက်ကို တရစပ်ခြိမ်းခြောက်နိုင်သူလည်း ဖြစ်ခဲ့ပါတယ်။

photo-reuters

ဆဲလ်ဘတ်အသင်းအားကစားဒါရိုက်တာကလည်း မီနာမီနိုရဲ့အပြောင်းအရွှေ့အတွက် လီဗာပူးနဲ့ဆွေးနွေးနေတယ်ဆိုတာကို အသင်းဝက်ဘ်ဆိုဒ်ကနေ အတည်ပြုခဲ့ပါတယ်။ ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့နှစ်မှာ စည်းမျဉ်းပြောင်းလဲခဲ့တာကြောင့် မီနာမီနိုဟာ ဒီရာသီချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားခဲ့ပေမယ့်လည်း ပြောင်းရွှေ့ဖြစ်ရင် ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် ကစားခွင့်ရမှာပါ။

[Zawgyi]

ေပါေခ်ာင္ေကာင္းျဖစ္မယ့္ ဆဲလ္ဘတ္ရဲ႕ဂ်ပန္ၾကယ္ပြင့္ကို ေခၚႏိုင္ဖို႔ အေျခအေနေကာင္းေနတဲ့ လီဗာပူး

လီဗာပူးအသင္းဟာ ၾသစႀတီးယားကလပ္ဆဲလ္ဘတ္ရဲ႕ဂ်ပန္ေတာင္ပံကစားသမားျဖစ္တဲ့ မီနာမီႏိုကို လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚယူဖုိ႔ စီစဥ္ေနပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ မီနာမီႏိုဟာ ဒီရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဆဲလ္ဘတ္အတြက္ ၆ ပြဲစလုံးပြဲထြက္ပါ၀င္ခဲ့ၿပီး အဲဒီထဲမွာ လီဗာပူးနဲ႔ေတြ႕ဆံုခဲ့တဲ့ ၂ ပြဲလည္း ပါ၀င္ခဲ့ကာ အဲဒီ ၆ ပြဲမွာ ၂ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးႏိုင္ခ့ဲကာ ၿပီးခဲ့တဲ့ေအာက္တုိဘာတုန္းက အန္ဖီးလ္မွာ လီဗာပူးဘက္ကို ဂိုးသြင္းခဲ့သူလည္း ျဖစ္ပါတယ္။

ဆဲလ္ဘတ္က မီနာမီႏိုရဲ႕ထြက္ခြာေၾကးဟာ ေပါင္ ၇.၂၅ သန္းသာရွိၿပီး သူ႔ရဲ႕ကာလေပါက္ေစ်းအမွန္က ေပါင္သန္း ၂၀ ၀န္းက်င္အထိေတာင္ ျမင့္တက္ေနတာေၾကာင့္ တျခားအသင္းႀကီးေတြရဲ႕ စိတ္၀င္စားမႈလည္းရွိလာတဲ့အတြက္ လီဗာပူးဟာ လက္ဦးမႈရယူဖို႔ လုပ္ေနတာပါ။  မီနာမီႏိုဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ဆဲလ္ဘတ္အတြက္ ၂၂ ပြဲမွာ ၉ ဂိုးသြင္း၊ ၁၁ ဂိုးဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အဂၤါေန႔က သူ႔ရဲ႕ဆဲလ္ဘတ္အသင္းဟာ လီဗာပူးကို ၂-၀ ဂိုးနဲ႔ ရႈံးနိမ့္ခ့ဲေပမယ့္ ပထမပိုင္းတုန္းက လီဗာပူးဘက္ကို တရစပ္ၿခိမ္းေျခာက္ႏိုင္သူလည္း ျဖစ္ခဲ့ပါတယ္။

ဆဲလ္ဘတ္အသင္းအားကစားဒါရိုက္တာကလည္း မီနာမီႏုိရဲ႕အေျပာင္းအေရႊ႕အတြက္ လီဗာပူးနဲ႔ေဆြးေႏြးေနတယ္ဆိုတာကို အသငး္၀က္ဘ္ဆုိဒ္ကေန အတည္ျပဳခဲ့ပါတယ္။ ယူအီးအက္ဖ္ေအဟာ ၿပီးခဲ့တဲ့ႏွစ္မွာ စညး္မ်ဥ္းေျပာင္းလဲခဲ့တာေၾကာင့္ မီနာမီႏုိဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ လီဗာပူးနဲ႔ ရင္ဆိုင္ကစားခဲ့ေပမယ့္လည္း ေျပာင္းေရႊ႕ျဖစ္ရင္ ခ်န္ပီယံလိဂ္မွာ လီဗာပူးအတြက္ ကစားခြင့္ရမွာပါ။