ပရီးမီးယားလိဂ်မှာ ဘာသွင်းဂိုး၊ဘာဂိုးဖန်တီးမှုတို့မှ မရှိဘဲနဲ့ ၂၀၁၉ ကိုအဆုံးသတ်ခဲ့ရတဲ့ လင်ဂတ်

0
347

photo-gettyimages

photo-gettyimages

စနေည ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ဘန်လေကို ၂-၀ ဂိုးနဲ့ အနိုင်ရလိုက်ခြင်းအားဖြင့် မန်ယူဟာ သူတို့အတွက် ရက်သတ္တပတ်ကောင်းတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအရင် ပြီးခဲ့တဲ့ကြားရက် ဘောက်ဆင်ဒေးပွဲစဉ်မှာလည်း နယူးကာဆယ်ကို ဂိုးပြတ်ထားတာပါ။ ဒီလိုနိုင်ပွဲဆက်မှုကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာကို တက်လှမ်းလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိလာပါတယ်။ သိပ်မကြာသေးခင်က တန်းဆင်းဇုန်အထက်မှာရှိခဲ့တဲ့အသင်းတစ်သင်းရဲ့အလှည့်အပြောင်းပါပဲ။

photo-gettyimages

ဘန်လေနဲ့ပွဲဟာ မန်ယူအတွက် နေ့ကောင်းတစ်ရက်ဖြစ်ခဲ့ပေမယ့် ကွင်းလယ်လူလင်ဂတ်အတွက်တော့ အလုံးစုံအပေါင်းလက္ခဏာမဆန်ခဲ့ပါဘူး။ သူဟာ အဲဒီပွဲမှာ ၇၃ မိနစ်အရောက် လူစားဝင်လာခဲ့ပြီး ကစားခွင့်ရတဲ့အချိန်လေးမှာလည်း ပွဲအပေါ် မသက်ရောက်နိုင်ခဲ့ဘဲ ဂိုသွင်းတာရော ဂိုးဖန်တီးတာပါ မရှိခဲ့တာပါ။ တကယ်လည်း ၂၀၁၉ အတွင်းပရီးမီးယားလိဂ်မှာ လင်ဂတ်ဟာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ လုံးဝမရှိခဲ့ပါဘူး။

photo-gettyimages

ပရီးမီးယားလိဂ်မှာ လင်ဂတ်နောက်ဆုံးဂိုးသွင်းခဲ့တာက ၂၀၁၈ ဒီဇင်ဘာ ၂၂ ကကစားခဲ့တဲ့ ကာဒစ်ဖ်နဲ့ပွဲဖြစ်ပြီး ၂ ဂိုးသွင်းနိုင်ခဲ့တာပါ။ နောက် ၄ ရက်အကြာ ၂၀၁၈ ရဲ့ဘောက်ဆင်ဒေးပွဲဖြစ်တဲ့ ဟက်ဒါဖီးလ်နဲ့ပွဲမှာလည်း သူဟာ ၂ ဂိုးဖန်တီးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းကတည်းက လင်ဂတ်ဟာ ပရီးမီးယားလိဂ်မှာ ဘာဂိုးပါဝင်ပတ်သက်မှုမှ မရှိတော့တာပါ။ သူဟာ ၂၀၁၉ အတွင်း ပရီးမီးယားလိဂ် ၂၈ ပွဲကစားခဲ့ပြီး ကွင်းထဲမှာ ၁၄၇၇ မိနစ်ရှိခဲ့ပါတယ်။ ၂၀၁၉ တစ်နှစ်လုံးမှာ မန်ယူအင်္ကျီဝတ်ပြီး လင်ဂတ်ဂိုးသွင်းနိုင်ခဲ့တာဆိုလို့ ပြီးခဲ့တဲ့နိုဝင်ဘာလက ကစားခဲ့တဲ့ အက်စ်တာနာနဲ့ ယူရိုပါလိဂ်တစ်ပွဲတည်းသာ ရှိပါတယ်။ ၂၇ နှစ်ရှိပြီဆိုတော့ သူ့အသက်ကလည်း မငယ်တော့ပါဘူး။

[Zawgyi]

ပရီးမီးယားလိဂ္မွာ ဘာသြင္းဂိုး၊ဘာဂိုးဖန္တီးမႈတို႔မွ မရွိဘဲနဲ႔ ၂၀၁၉ ကိုအဆုံးသတ္ခဲ့ရတဲ့ လင္ဂတ္

စေနည ပရီးမီးယားလိဂ္အေ၀းကြင္းပြဲစဥ္မွာ ဘန္ေလကို ၂-၀ ဂိုးနဲ႔ အႏိုင္ရလိုက္ျခင္းအားျဖင့္ မန္ယူဟာ သူတို႔အတြက္ ရက္သတၱပတ္ေကာင္းတစ္ခုကို ျဖတ္သန္းႏိုင္ခဲ့ပါတယ္။ အဲဒီအရင္ ၿပီးခဲ့တဲ့ၾကားရက္ ေဘာက္ဆင္ေဒးပြဲစဥ္မွာလညး္ နယူးကာဆယ္ကို ဂိုးျပတ္ထားတာပါ။ ဒီလိုႏိုင္ပြဲဆက္မႈေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာကို တက္လွမ္းလာၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ရွိလာပါတယ္။ သိပ္မၾကာေသးခင္က တန္းဆင္းဇုန္အထက္မွာရွိခဲ့တဲ့အသင္းတစ္သင္္းရဲ႕အလွည့္အေျပာင္းပါပဲ။

ဘန္ေလနဲ႔ပြဲဟာ မန္ယူအတြက္ ေန႔ေကာင္းတစ္ရက္ျဖစ္ခဲ့ေပမယ့္ ကြင္းလယ္လူလင္ဂတ္အတြက္ေတာ့ အလုံးစုံအေပါင္းလကၡဏာမဆန္ခဲ့ပါဘူး။ သူဟာ အဲဒီပြဲမွာ ၇၃ မိနစ္အေရာက္ လူစား၀င္လာခဲ့ၿပီး ကစားခြင့္ရတဲ့အခ်ိန္ေလးမွာလညး္ ပြဲအေပၚ မသက္ေရာက္ႏိုင္ခဲ့ဘဲ ဂိုသြင္းတာေရာ ဂိုးဖန္တီးတာပါ မရွိခဲ့တာပါ။ တကယ္လည္း ၂၀၁၉ အတြင္းပရီးမီးယားလိဂ္မွာ လင္ဂတ္ဟာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ လုံး၀မရွိခဲ့ပါဘူး။

ပရီးမီးယားလိဂ္မွာ လင္ဂတ္ေနာက္ဆုံးဂိုးသြငး္ခဲ့တာက ၂၀၁၈ ဒီဇင္ဘာ ၂၂ ကကစားခ့ဲတဲ့ ကာဒစ္ဖ္နဲ႔ပြဲျဖစ္ၿပီး ၂ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ေနာက္ ၄ ရက္အၾကာ ၂၀၁၈ ရဲ႕ေဘာက္ဆင္ေဒးပြဲျဖစ္တဲ့ ဟက္ဒါဖီးလ္နဲ႔ပြဲမွာလည္း သူဟာ ၂ ဂိုးဖန္တီးခဲ့ပါေသးတယ္။ အဲဒီေနာက္ပိုင္းကတည္းက လင္ဂတ္ဟာ ပရီးမီးယားလိဂ္မွာ ဘာဂိုးပါ၀င္ပတ္သက္မႈမွ မရွိေတာ့တာပါ။ သူဟာ ၂၀၁၉ အတြင္း ပရီးမီးယားလိဂ္ ၂၈ ပြဲကစားခဲ့ၿပီး ကြင္းထဲမွာ ၁၄၇၇ မိနစ္ရွိခဲ့ပါတယ္။ ၂၀၁၉ တစ္ႏွစ္လုံးမွာ မန္ယူအက်ၤီ၀တ္ၿပီး လင္ဂတ္ဂိုးသြင္းႏိုင္ခဲ့တာဆုိလို႔ ၿပီးခဲ့တဲ့ႏုိ၀င္ဘာလက ကစားခဲ့တဲ့ အက္စ္တာနာနဲ႔ ယူရိုပါလိဂ္တစ္ပြဲတည္းသာ ရွိပါတယ္။ ၂၇ ႏွစ္ရွိၿပီဆုိေတာ့ သူ႔အသက္ကလည္း မငယ္ေတာ့ပါဘူး။