ပရီးမီးယားလိဂ်မှာ ဆက်ကစားနိုင်စွမ်းရှိကြောင်း ပြသဖို့က သူ့ရည်ရွယ်ချက်လို့ ဝိန်းရူနီပြော

PHOTO- Internet
PHOTO- Internet

ဒါဘီအသင်းမှာ ကစားသမား/နည်းပြအဖြစ်မြင်တွေ့ရတော့မယ့် တိုက်စစ်မှူ း ဝိန်းရူနီက သူ့ရဲ့ရည်မှန်းချက်က ပရီးမီးယားလိဂ်မှာဆက်ကစားနိုင်စွမ်းရှိနေသေးတယ်ဆိုတာ ပြသဖို့အတွက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူဟာလာမယ့် ဇန်နဝါရီ ၁ မှာ ဒါဘီအသင်းရဲ့တရားဝင်ပူးပေါင်းရမှာဖြစ်ပါတယ်။

အဲဗာတန်နဲ့ မန်ယူအသင်းတို့ရဲ့တိုက်စစ်မှူ းဟောင်းဖြစ်တဲ့ ရူနီဟာ ဒီစီယူနိုက်တက်နဲ့လမ်းခွဲပြီးနောက် အင်္ဂလန်ကိုပြန်ရောက်လာတာဖြစ်ပြီး ကစားသမားအဖြစ်သာမက အသင်းနည်းပြ ဖိလစ်ကိုကူးရဲ့လက်ထောက်အဖြစ်ပါဆောင်ရွက်သွားမှာဖြစ်ပါတယ်။

PHOTO- Internet

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရူနီက”ကျွန်တော်ဟာ အဲဗာတန်မှာရှိစဉ်ကတည်းက ပရီးမီးယားလိဂ်မှာဆက်ကစားနိုင်သေးတယ်ဆိုတဲ့ ခံစားချက်ရှိခဲ့တာဖြစ်ပေမယ့် အခြားသူတွေရဲ့ဆုံးဖြတ်ချက်ချခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် ဒါဘီနဲ့အတူတန်းပြန်တက်ဖို့ ရည်ရွယ်ထားပြီး ကျွန်တော်ကကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

PHOTO- Internet

ရွိုင်ယန်ဂစ်ဆိုရင် သူ့အသက် ၄၀ နီးပါးအထိကစားသွားခဲ့သလို ဂါရတ်ဘာရီဆိုရင်လည်း ဒီအတိုင်းပါဘဲ။ ဒီနေရာမှာဘောလုံးအကြောင်းကိုနားလည်ဖို့ကလည်း အရေးကြီးပါတယ်။ ဘောလုံးဆိုတာအချိန်တိုင်းပြေးလွှားနေလို့မရဘဲ ခေါင်းအသုံးပြုပြီး ကစားတာမျိုးပါ” လို့ပြောသွားပါတယ်။

PHOTO- Internet

အင်္ဂလန်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဝိန်းရူနီဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက်ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပြီး ၂၀၈ ဂိုးသွင်းယူထားပါတယ်။ ဂိုးသွင်းအများဆုံးသူကတော့ အလန်ရှီးယားဖြစ်ပြီး ၂၆၀ ဂိုးရရှိထားတာဖြစ်ပါတယ်။

PHOTO- Internet

Zawgyi

ပရီးမီးယားလိဂ္မွာ ဆက္ကစားႏိုင္စြမ္းရွိေၾကာင္း ျပသဖို႔က သူ႔ရည္ရြယ္ခ်က္လို႔ ၀ိန္းရူနီေျပာ

ဒါဘီအသင္းမွာ ကစားသမား/နည္းျပအျဖစ္ျမင္ေတြ႔ရေတာ႔မယ္႔ တိုက္စစ္မွဴ း ၀ိန္းရူနီက သူ႔ရဲ႕ရည္မွန္းခ်က္က ပရီးမီးယားလိဂ္မွာဆက္ကစားႏိုင္စြမ္းရွိေနေသးတယ္ဆိုတာ ျပသဖို႔အတြက္ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ သူဟာလာမယ္႔ ဇန္န၀ါရီ ၁ မွာ ဒါဘီအသင္းရဲ႕တရား၀င္ပူးေပါင္းရမွာျဖစ္ပါတယ္။

အဲဗာတန္နဲ႔ မန္ယူအသင္းတို႔ရဲ႕တိုက္စစ္မွဴ းေဟာင္းျဖစ္တဲ႔ ရူနီဟာ ဒီစီယူႏိုက္တက္နဲ႔လမ္းခြဲၿပီးေနာက္ အဂၤလန္ကိုျပန္ေရာက္လာတာျဖစ္ၿပီး ကစားသမားအျဖစ္သာမက အသင္းနည္းျပ ဖိလစ္ကိုကူးရဲ႕လက္ေထာက္အျဖစ္ပါေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ ရူနီက”က်ြန္ေတာ္ဟာ အဲဗာတန္မွာရွိစဥ္ကတည္းက ပရီးမီးယားလိဂ္မွာဆက္ကစားႏိုင္ေသးတယ္ဆိုတဲ႔ ခံစားခ်က္ရွိခဲ့တာျဖစ္ေပမယ္႔ အျခားသူေတြရဲ႕ဆုံးျဖတ္ခ်က္ခ်ျခင္းကို ခံလိုက္ရပါတယ္။ ဒါေၾကာင့္ ဒါဘီနဲ႔အတူတန္းျပန္တက္ဖို႔ ရည္ရြယ္ထားၿပီး က်ြန္ေတာ္ကကူညီေပးႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။

ရြိဳင္ယန္ဂစ္ဆိုရင္ သူ႔အသက္ ၄၀ နီးပါးအထိကစားသြားခဲ့သလို ဂါရတ္ဘာရီဆိုရင္လည္း ဒီအတိုင္းပါဘဲ။ ဒီေနရာမွာေဘာလုံးအေၾကာင္းကိုနားလည္ဖို႔ကလည္း အေရးႀကီးပါတယ္။ ေဘာလုံးဆိုတာအခ်ိန္တိုင္းေျပးလႊားေနလို႔မရဘဲ ေခါင္းအသုံးျပဳၿပီး ကစားတာမ်ဳိးပါ” လို႔ေျပာသြားပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္လည္းျဖစ္တဲ႔ ၀ိန္းရူနီဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယေျမာက္ဂိုးသြင္းအမ်ားဆုံးသူျဖစ္ခဲ့ၿပီး ၂၀၈ ဂိုးသြင္းယူထားပါတယ္။ ဂိုးသြင္းအမ်ားဆုံးသူကေတာ႔ အလန္ရွီးယားျဖစ္ၿပီး ၂၆၀ ဂိုးရရွိထားတာျဖစ္ပါတယ္။