နည်းပြဖြစ်သူရဲ့ ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းပြောဆိုမှုကို ပြန်လည်မှတ်ချက်ပေးလိုက်တဲ့ ရက်ရှ်ဖို့ဒ်

Photo Credit

Photo Credit

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ကတော့ နည်းပြဖြစ်သူ အိုလီဂန်နာဆိုးလ်ရှားရဲ့ရော်နယ်ဒိုနဲ့ ခိုင်းနိုှုင်းပြောဆိုမှုအပေါ် သူ့ရဲ့အမြင်ကို ပြန်လည် ပြောပြခဲ့ပါတယ်။ နော်ဝေသားနည်းပြကြီးကတော့ အင်္ဂလန်သားဟာ ထိပ်သီးကစားသမား တစ်ဦးဖြစ်လာဖို့ အလားအလာရှိတာကြောင့် ရက်ရှ်ဖို့ဒ်ကို ရော်နယ်ဒိုနဲ့နှိုင်းယှဉ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Photo Credit

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ အင်္ဂလန်သားကတော့ Ballon d’Or ဆု ၅ ကြိမ် ဆွတ်ခူးထားတဲ့ ရော်နယ်ဒိုလို အောင်မြင်မှုတွေရရှိဖို့ ခရီးရှည်ကြီးကို ဆက်လက်လျှောက်လှမ်းရဦးမှာလိ့ု ဆိုပါတယ်။

Photo Credit

ရက်ရှ်ဖို့ဒ်က “ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ခံရတာက တကယ်ကို ကောင်းပါတယ်။ အကောင်းဆုံးသော ချီးမွမ်းစကားပါပဲ။ ဒါပေမဲ့ သူ့(ရော်နယ်ဒို)လို အဆင့်အတန်းကို ရောက်ရှိဖို့ ဘယ်လောက်ထိ ဝေးကွာနေသေးတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ခြေစွမ်းတွေ တိုးတက်လာဖိ့ုပဲ အာရုံစိုက်ထားပါတယ်”လို့ပြောပါတယ်။

Photo Credit

ရက်ရှ်ဖို့ဒ်ဟာ အသက် ၁၈ နှစ်အရွယ် ၂၀၁၆ ကတည်းက မန်ယူအသင်းရဲ့ အကယ်ဒမီကစားသမားဘဝကနေ စီနီယာအသင်း ကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းက တောက်ပခဲ့ပြီး ထိုအချိန်တည်းက အင်္ဂလန်သားဟာ ယူနိုက်တက်အသင်းရဲ့ စီနီယာကစားသမားအဖြစ် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တာပါ။ သူ့ရဲ့ အကယ်ဒမီက သင်တန်းဆင်းလာမှုနဲ့ အတွေ့အကြုံတွေက ယူနိုက်တက်အသင်းရဲ့ အရည်အချင်းရှိ သွေးသစ်ကစားသမားအဖြစ် အံဝင်နေတာလို့ ရက်ရှ်ဖို့ဒ်က ယုံကြည်နေပါတယ်။

Photo Credit

Zawgyi

နည္းျပျဖစ္သူရဲ႕ ေရာ္နယ္ဒိုနဲ႔ ခိုင္းႏႈိင္းေျပာဆိုမႈကို ျပန္လည္မွတ္ခ်က္ေပးလိုက္တဲ့ ရက္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မွဴး မားကပ္ရက္ရွ္ဖို႔ဒ္ကေတာ့ နည္းျပျဖစ္သူ အိုလီဂန္နာဆိုးလ္ရွားရဲ႕ေရာ္နယ္ဒိုနဲ႔ ခုိင္းႏိုႈင္းေျပာဆိုမႈအေပၚ သူ႕ရဲ႕အျမင္ကို ျပန္လည္ ေျပာျပခဲ့ပါတယ္။ ေနာ္ေဝသားနည္းျပၾကီးကေတာ့ အဂၤလန္သားဟာ ထိပ္သီးကစားသမား တစ္ဦးျဖစ္လာဖို႔ အလားအလာရွိတာေၾကာင့္ ရက္ရွ္ဖို႔ဒ္ကို ေရာ္နယ္ဒိုနဲ႔ႏိႈင္းယွဥ္ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီၿပိဳင္ပြဲစံု ၂၁ ပြဲမွာ ၁၃ ဂိုးသြင္းယူၿပီး ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ထားပါတယ္။ ဒါေပမဲ့ အဂၤလန္သားကေတာ့ Ballon d’Or ဆု ၅ ႀကိမ္ ဆြတ္ခူးထားတဲ့ ေရာ္နယ္ဒိုလို ေအာင္ျမင္မႈေတြရရွိဖို႔ ခရီးရွည္ႀကီးကို ဆက္လက္ေလွ်ာက္လွမ္းရဦးမွာလိ႔ု ဆုိပါတယ္။
ရက္ရွ္ဖို႔ဒ္က “ေရာ္နယ္ဒိုနဲ႔ ႏိႈင္းယွဥ္ခံရတာက တကယ္ကို ေကာင္းပါတယ္။ အေကာင္းဆံုးေသာ ခ်ီးမြမ္းစကားပါပဲ။ ဒါေပမဲ့ သူ႕(ေရာ္နယ္ဒို)လို အဆင့္အတန္းကို ေရာက္ရွိဖို႔ ဘယ္ေလာက္ထိ ေဝးကြာေနေသးတယ္ဆိုတာ ကၽြန္ေတာ္နားလည္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ေျခစြမ္းေတြ တိုးတက္လာဖိ႔ုပဲ အာရံုစိုက္ထားပါတယ္”လို႔ေျပာပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ အသက္ ၁၈ ႏွစ္အရြယ္ ၂၀၁၆ ကတည္းက မန္ယူအသင္းရဲ႕ အကယ္ဒမီကစားသမားဘဝကေန စီနီယာအသင္း ကစားသမားအျဖစ္ ပံုမွန္ပြဲထြက္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။ ယူရိုပါလိဂ္၊ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြမွာ ရက္ရွ္ဖို႔ဒ္ရဲ႕ေျခစြမ္းက ေတာက္ပခဲ့ၿပီး ထုိအခ်ိန္တည္းက အဂၤလန္သားဟာ ယူႏိုက္တက္အသင္းရဲ႕ စီနီယာကစားသမားအျဖစ္ တစ္စိတ္တစ္ပိုင္းပါဝင္ခဲ့တာပါ။
သူ႕ရဲ႕ အကယ္ဒမီက သင္တန္းဆင္းလာမႈနဲ႔ အေတြ႔အၾကံဳေတြက ယူႏိုက္တက္အသင္းရဲ႕ အရည္အခ်င္းရွိ ေသြးသစ္ကစားသမားအျဖစ္ အံဝင္ေနတာလို႔ ရက္ရွ္ဖို႔ဒ္က ယံုၾကည္ေနပါတယ္။