ဒီအချိန်မှာ ချန်ပီယံအကြောင်းတွေးရင် ရူးသွပ်မှုပဲဖြစ်လိမ့်မယ်လို့ ဂွါဒီယိုလာဖွင့်ဟလိုက်

0
409
PC ; Internet

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ လီဗာပူးအသင်းပြတ်ပြတ်သားသား ဦးဆောင်နေပေမယ့် ချန်ပီယံအဖြေထုတ်ဖို့တော့ စောလွန်းနေသေးတယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဂွါဒီယိုလာရဲ့မန်စီးတီးဟာ ပြီးခဲ့တဲ့သီတင်းပတ်ပွဲစဉ်မှာ နယူးကာဆယ်နဲ့သရေကျခဲ့ပေမယ့် ကြားရက်ပွဲစဉ်မှာတော့ ဘန်လေကို ၄-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒါကြောင့် မာဆေးဆိုက်ဒါဘီပွဲနွှဲရမယ့် လီဗာပူးနဲ့အမှတ်ကွာဟမှုကို ၈မှတ်အထိလျှော့ချနိုင်ခဲ့သလို ဒီအချိန်မှာ ချန်ပီယံအကြောင်းတွေးရင် ရူးသွပ်မှုတစ်ခုသာဖြစ်လိမ့်မယ်လို့ စပိန်သားနည်းပြက ဖွင့်ဟလိုက်တာပါ။

PC ; Internet

“ချန်ပီယံဆုအတွက်ပြီးဆုံးသွားပါပြီ။ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ပါပြီလို့ ပြောသံမကြားမိသေးပါဘူး။ ဒါ ပြီးသွားပြီတဲ့လား။ ကျွန်တော်မယုံနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ယုံကြည်တာ၊ မယုံကြည်တာတွေနဲ့လည်း မသက်ဆိုင်ပါဘူး။ လာမယ့်ပွဲအကြောင်းကိုသာ စဉ်းစားရမှာပါ။ အသင်းကတည်ငြိမ်မှုအပြည့်ရှိနေသလို ဒါဟာကျွန်တော်တို့လိုချင်တဲ့ပုံစံပါပဲ။

PC ; Internet

လီဗာပူးနဲ့ကျွန်တော်တို့ရဲ့အကွာအဝေးကိုကြည့်ပြီး ချန်ပီယံဆုအကြောင်းစဉ်းစားနေရင်တော့ ဒါက ရူးသွပ်မှုတစ်ခုပါပဲ။ အရိုးသားဆုံးပြောတာပါ။ လာမယ့်စနေမှာကစားမယ့် မန်ချက်စတာဒါဘီပွဲအကြောင်းကိုသာစဉ်းစားနေပါတယ်။ အခြားပြိုင်ပွဲတွေဖြစ်တဲ့ အက်ဖ်အေ၊ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်တို့ရှိပါသေးတယ်။ အရေးကြီးဆုံးက လာမယ့်ပွဲစဉ်တွေအတွက် ရစ်သမ်မှန်နေဖို့ပါပဲ”လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

PC ; Internet

ဒါ့အပြင် အဂူရိုဒဏ်ရာရနေချိန်မှာ ဂိုးတွေသွင်းပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဂျီဆပ်နဲ့ပတ်သက်ပြီးတော့လည်း “အဂူရိုလိုကစားသမားကိုဆုံးရှုံးထားတဲ့အတွက် သူ့ကိုလိုအပ်သလို အခုလိုသွင်းဂိုးတွေရဖို့အတွက်လည်းမျှော်လင့်နေပါတယ်။ ဂျီဆပ်ရဲ့ဂိုးတွေက ကျွန်တော်တို့အသင်းကို ကူညီပေးနိုင်ခဲ့သလို လှပတဲ့သွင်းဂိုး ၂ဂိုးကိုရယူနိုင်ခဲ့ပါတယ်”လို့ ချီးကျူးသွားခဲ့ပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္မွာ လီဗာပူးအသင္းျပတ္ျပတ္သားသား ဦးေဆာင္ေနေပမယ့္ ခ်န္ပီယံအေျဖထုတ္ဖို႔ေတာ့ ေစာလြန္းေနေသးတယ္လို႔ မန္စီးတီးနည္းျပဂြါဒီယိုလာက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ဂြါဒီယိုလာရဲ႕မန္စီးတီးဟာ ၿပီးခဲ့တဲ့သီတင္းပတ္ပြဲစဥ္မွာ နယူးကာဆယ္နဲ႔သေရက်ခဲ့ေပမယ့္ ၾကားရက္ပြဲစဥ္မွာေတာ့ ဘန္ေလကို ၄-၁ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ဒါေၾကာင့္ မာေဆးဆိုက္ဒါဘီပြဲႏႊဲရမယ့္ လီဗာပူးနဲ႔အမွတ္ကြာဟမႈကို ၈မွတ္အထိေလွ်ာ့ခ်ႏိုင္ခဲ့သလို ဒီအခ်ိန္မွာ ခ်န္ပီယံအေၾကာင္းေတြးရင္ ရူးသြပ္မႈတစ္ခုသာျဖစ္လိမ့္မယ္လို႔ စပိန္သားနည္းျပက ဖြင့္ဟလိုက္တာပါ။“ခ်န္ပီယံဆုအတြက္ၿပီးဆံုးသြားပါျပီ။ ဒီအခြင့္အေရးကိုလက္လႊတ္လိုက္ပါၿပီလို႔ ေျပာသံမၾကားမိေသးပါဘူး။ ဒါ ၿပီးသြားၿပီတဲ့လား။ ကၽြန္ေတာ္မယံုႏိုင္ေသးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ယံုၾကည္တာ၊ မယံုၾကည္တာေတြနဲ႔လည္း မသက္ဆိုင္ပါဘူး။ လာမယ့္ပြဲအေၾကာင္းကိုသာ စဥ္းစားရမွာပါ။ အသင္းကတည္ၿငိမ္မႈအျပည့္ရွိေနသလို ဒါဟာကၽြန္ေတာ္တို႔လိုခ်င္တဲ့ပံုစံပါပဲ။ လီဗာပူးနဲ႔ကၽြန္ေတာ္တို႔ရဲ႕အကြာအေ၀းကိုၾကည့္ျပီး ခ်န္ပီယံဆုအေၾကာင္းစဥ္းစားေနရင္ေတာ့ ဒါက ရူးသြပ္မႈတစ္ခုပါပဲ။ အရိုးသားဆံုးေျပာတာပါ။ လာမယ့္စေနမွာကစားမယ့္ မန္ခ်က္စတာဒါဘီပြဲအေၾကာင္းကိုသာစဥ္းစားေနပါတယ္။ အျခားျပိဳင္ပြဲေတြျဖစ္တဲ့ အက္ဖ္ေအ၊ လိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္တို႔ရွိပါေသးတယ္။ အေရးၾကီးဆံုးက လာမယ့္ပြဲစဥ္ေတြအတြက္ ရစ္သမ္မွန္ေနဖို႔ပါပဲ”လို႔ ဂြါဒီယိုလာက ေျပာဆိုသြားခဲ့ပါတယ္။ဒါ့အျပင္ အဂူရိုဒဏ္ရာရေနခ်ိန္မွာ ဂိုးေတြသြင္းေပးႏိုင္ခဲ့တဲ့ တိုက္စစ္မွဴးဂ်ီဆပ္နဲ႔ပတ္သက္ၿပီးေတာ့လည္း “အဂူရိုလိုကစားသမားကိုဆံုးရွံဳးထားတဲ့အတြက္ သူ႔ကိုလိုအပ္သလို အခုလိုသြင္းဂိုးေတြရဖို႔အတြက္လည္းေမွ်ာ္လင့္ေနပါတယ္။ ဂ်ီဆပ္ရဲ႕ဂိုးေတြက ကၽြန္ေတာ္တို႔အသင္းကို ကူညီေပးႏိုင္ခဲ့သလို လွပတဲ့သြင္းဂိုး ၂ဂိုးကိုရယူႏိုင္ခဲ့ပါတယ္”လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။