ဒီလော်ရန်တစ်ရဲ့ အာဏာရှင်ဆန်ဆန်အပြစ်ပေးမှုကို FIFPro ကန့်ကွက်

PC ; Internet

ကစားသမားတွေကို အိမ်ပြန်ခွင့်ပိတ်ပင်ပြီး လေ့ကျင့်ရေးဆက်ဆင်းခိုင်းတဲ့နာပိုလီရဲ့ပြစ်ဒဏ်ကို နိုင်ငံတကာပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံး(FIFPro)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ဒီပြစ်ဒဏ်ကို ပြီးခဲ့တဲ့တစ်လကျော်လောက်က အိမ်ကွင်းမှာ ဆဲလ်ဘတ်နဲ့သရေကျတဲ့ချန်ပီယံလိဂ်ပွဲအပြီး စိတ်ဆိုးနေတဲ့နာပိုလီအသင်းပိုင်ရှင်ဒီလော်ရန်တစ်က ချမှတ်ခဲ့တာဖြစ်ပါတယ်။

PC ; Internet

“ နာပိုလီဟာ သူတို့ရဲ့ကစားသမားတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ လစာငွေလျှော့ချဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ကစားသမားတွေကို အိမ်ပြန်ခွင့်မပေးဘဲ မိသားစုနဲ့ဆုံတွေ့ခွင့်ကိုတားဆီးခဲ့တဲ့ နာပိုလီရဲ့သီးခြားဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိပါဘူး။တစ်ခြားအလုပ်သမားတွေလိုပဲ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေမှာ လေးစားရမယ့် လူနေမှုဘဝကိုယ်စီရှိကြပါတယ်။အထူးသဖြင့် ပွဲစဉ်တွေကျပ်တည်းနေတဲ့ ဒီနေ့ဘောလုံးလောကမှာ ကစားသမားအတော်များများဟာ အိမ်ကိုအကြာကြီးခွဲနေရတာကို စဉ်းစားပေးသင့်ပါတယ် ” လို့ FIFPro ရဲ့ကြေညာချက်မှာ ပါရှိပါတယ်။

PC ; Internet

နာပိုလီအသင်းပိုင်ရှင်ဒီလော်ရန်တစ်ဟာ ကစားသမားတွေရဲ့အောက်တိုဘာလ လစာငွေထဲက ၅၀%ကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။သတင်းတွေအရ အသင်းခေါင်းဆောင်အင်ဆစ်ဂ်နီက ယူရို၃၅၀၀၀၀နဲ့ ဒဏ်ငွေအများဆုံးပေးဆောင်ခဲ့ရပြီး ကွင်းလယ်လူအယ်လန်က ယူရို၁၅၀၀၀၀နဲ့ဒုတိယဒဏ်ငွေအများဆုံးကစားသမားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ကစားသမားတွေရဲ့စုစုပေါင်းဒဏ်ငွေဟာ ယူရို၂.၃မီလီယံရှိခဲ့တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

PC ; Internet

ဒီကိစ္စကို သဘောမတူဘူးလို့ နာပိုလီနည်းပြအန်ဆယ်လော့တီက လူသိရှင်ကြားဝေဖန်ခဲ့သလို အီတလီကစားသမားများအစည်းအရုံးဥက္ကဌတိုမက်ဆီကလည်း လေ့ကျင်းရေးဆင်းဖို့အတွက် တရားဝင်ညွှန်ကြားချက်မျိုးရှိထားခဲ့သလားဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

(zawgyi)

ကစားသမားေတြကို အိမ္ျပန္ခြင့္ပိတ္ပင္ၿပီး ေလ့က်င့္ေရးဆက္ဆင္းခိုင္းတဲ့နာပိုလီရဲ႕ျပစ္ဒဏ္ကို ႏိုင္ငံတကာပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားမ်ားအစည္းအရံုး(FIFPro)က ကန္႔ကြက္ရႈတ္ခ်လိုက္ပါတယ္။ဒီျပစ္ဒဏ္ကို ၿပီးခဲ့တဲ့တစ္လေက်ာ္ေလာက္က အိမ္ကြင္းမွာ ဆဲလ္ဘတ္နဲ႔သေရက်တဲ့ခ်န္ပီယံလိဂ္ပြဲအၿပီး စိတ္ဆိုးေနတဲ့နာပိုလီအသင္းပိုင္ရွင္ဒီေလာ္ရန္တစ္က ခ်မွတ္ခဲ့တာျဖစ္ပါတယ္။“ နာပိုလီဟာ သူတို႔ရဲ႕ကစားသမားေတြကို ခိုင္လံုတဲ့အေၾကာင္းျပခ်က္မရွိဘဲ လစာေငြေလွ်ာ့ခ်ဖို႔ ရည္ရြယ္ခဲ့ပံုရပါတယ္။ကစားသမားေတြကို အိမ္ျပန္ခြင့္မေပးဘဲ မိသားစုနဲ႔ဆံုေတြ႔ခြင့္ကိုတားဆီးခဲ့တဲ့ နာပိုလီရဲ႕သီးျခားဆံုးျဖတ္ခ်က္ဟာ တရားမွ်တမႈမရွိပါဘူး။တစ္ျခားအလုပ္သမားေတြလိုပဲ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားေတြမွာ ေလးစားရမယ့္ လူေနမႈဘ၀ကိုယ္စီရွိၾကပါတယ္။အထူးသျဖင့္ ပြဲစဥ္ေတြက်ပ္တည္းေနတဲ့ ဒီေန႔ေဘာလံုးေလာကမွာ ကစားသမားအေတာ္မ်ားမ်ားဟာ အိမ္ကိုအၾကာႀကီးခြဲေနရတာကို စဥ္းစားေပးသင့္ပါတယ္ ” လို႔ FIFPro ရဲ႕ေၾကညာခ်က္မွာ ပါရွိပါတယ္။နာပိုလီအသင္းပိုင္ရွင္ဒီေလာ္ရန္တစ္ဟာ ကစားသမားေတြရဲ႕ေအာက္တိုဘာလ လစာေငြထဲက ၅၀%ကို ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။သတင္းေတြအရ အသင္းေခါင္းေဆာင္အင္ဆစ္ဂ္နီက ယူရို၃၅၀၀၀၀နဲ႔ ဒဏ္ေငြအမ်ားဆံုးေပးေဆာင္ခဲ့ရၿပီး ကြင္းလယ္လူအယ္လန္က ယူရို၁၅၀၀၀၀နဲ႔ဒုတိယဒဏ္ေငြအမ်ားဆံုးကစားသမားျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ဒါ့အျပင္ ကစားသမားေတြရဲ႕စုစုေပါင္းဒဏ္ေငြဟာ ယူရို၂.၃မီလီယံရွိခဲ့တယ္လို႔လည္း သတင္းေတြထြက္ခဲ့ပါတယ္။ဒီကိစၥကို သေဘာမတူဘူးလို႔ နာပိုလီနည္းျပအန္ဆယ္ေလာ့တီက လူသိရွင္ၾကားေ၀ဖန္ခဲ့သလို အီတလီကစားသမားမ်ားအစည္းအရံုးဥကၠဌတိုမက္ဆီကလည္း ေလ့က်င္းေရးဆင္းဖို႔အတြက္ တရား၀င္ညႊန္ၾကားခ်က္မ်ိဳးရွိထားခဲ့သလားဆိုတာ ရွင္းရွင္းလင္းလင္းသိဖို႔လိုအပ္တယ္လို႔ ေျပာဆိုထားပါတယ္။