ဒီဂီယာတစ်ယောက် ယူနိုက်တက်မှာ နေရာပျောက်တော့မှာလား

photo internet

ဝက်ဖို့ဒ်ကို (၂)ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်ပရိသတ်တွေ ဂိုးသမားဒီဂီယာကို ဒေါသထွက်ခဲ့ကြပါတယ်။ ဝက်ဖို့ဒ်အသင်းရရှိသွားတဲ့ ပထမဦးဆောင်ဂိုးဟာဒီဂီယာရဲ့အမှားကြောင့်သာ ဂိုးဝင်သွားတာဖြစ်တယ်ဆိုပြီးသုံးသပ်ပြောဆိုနေကြတာဖြစ်ပါတယ်။ အလွယ်တကူပဲ ဖမ်းလို့ရတဲ့ အနေအထားမှာ ဘောလုံးဟာလက်ထဲက လွတ်ကျပြီးတော့ ဂိုးဝင်သွားခဲ့တာပဲဖြစ်ပါတယ်။

photo internet

အသင်းငယ်နဲ့တွေ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ နိုင်သင့်ပေမယ့် ဒီဂီယာကြောင့် ပွဲဟာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ဒီဂီယာရဲ့ အမှားနဲ့ ပတ်သက်ပြီးတော့ ယူနိုက်တက်ပရိသတ်တွေကတော့ တော်တော်လေးကို စိတ်ပျက်နေကြပြီးတော့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

photo internet

ဒီဂီယာရဲ့နေရာမှာ လူငယ်ဂိုးသမားလေး ဟန်ဒါဆန်ကို အစားထိုးဖို့ တောင်းဆိုနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တစ်ယောက်ကတော့ “ဒီဂီယာဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ ဟန်ဒါဆန်ကိုပဲသုံးပါတော့”လို့ ရေးသားထားပါတယ်။ နောက်တစ်ယောက်ကတော့ “ဒီဂီယာကိုချစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာ ဒီဂီယာရဲ့စွမ်းဆောင်ရည်ကျလာတာကိုတွေ့ရပါတယ်။နောက်ထပ်အခွင့်အရေးပေးလို့မှ ဒီဂီယာမတိုးတက်လာရင် လာမယ့်ရာသီမှာ ဟန်ဒါဆန်ကိုသုံးပါတော့”လို့ ရေးထားပါတယ်။

photo internet

“ဒီဂီယာအတွက်ယုံကြည်ချက်ကတော့ ပျက်စီးသွားပါပြီ။ ရိုမီယိုဖြစ်ဖြစ်၊ ဟန်ဒါဆန်ဖြစ်ဖြစ် သုံးသင့်ပါတယ်”လို့နောက်တစ်ယောက်က ရေးထားပါတယ်။ နောက်တစ်ဦးကတော့ “လာမယ့်ရာသီမှာ ကျွန်တော့်အတွက် နံပါတ်တစ် ဂိုးသမားကတော့ ဟန်ဒါဆန်ပါ”လို့ပြောထားပါတယ်။ လက်စွမ်းတွေကျဆင်းလာနေတဲ့ ဒီဂီယာတစ်ယောက် လာမယ့်ရာသီ ယူနိုက်တက်မှာ နေရာပျောက်မှာလားဆိုတာ စောင့်ကြည့်ရပါမယ်။ ပရိသတ်တွေရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။

photo internet

(Zawgyi Version)

ဒီဂီယာတစ္ေယာက္ ယူႏိုက္တက္မွာ ေနရာေပ်ာက္ေတာ့မွာလား

၀က္ဖို႔ဒ္ကို (၂)ဂိုးဂိုးမရွိနဲ႔ ရံႈးနိမ့္သြားခ့ဲတ့ဲ ပြဲစဥ္မွာ ယူႏိုက္တက္ပရိသတ္ေတြ ဂိုးသမားဒီဂီယာကို ေဒါသထြက္ခဲ့ၾကပါတယ္။ ၀က္ဖို႔ဒ္အသင္းရရွိသြားတ့ဲ ပထမဦးေဆာင္ဂိုးဟာဒီဂီယာရဲ႕အမွားေၾကာင့္သာ ဂိုး၀င္သြားတာျဖစ္တယ္ဆုိၿပီးသုံးသပ္ေျပာဆိုေနၾကတာျဖစ္ပါတယ္။ အလြယ္တကူပဲ ဖမ္းလို႔ရတ့ဲ အေနအထားမွာ ေဘာလံုးဟာလက္ထဲက လြတ္က်ျပီးေတာ့ ဂိုး၀င္သြားခ့ဲတာပဲျဖစ္ပါတယ္။

အသင္းငယ္နဲ႔ေတြ႕တဲ့ပြဲမွာ ယူႏိုက္တက္ဟာ ႏိုင္သင့္ေပမယ့္ ဒီဂီယာေၾကာင့္ ပြဲဟာအေျပာင္းအလဲျဖစ္ခဲ့ပါတယ္။ ဒီဂီယာရဲ႕ အမွားနဲ႔ ပတ္သက္ျပီးေတာ့ ယူႏုိက္တက္ပရိသတ္ေတြကေတာ့ ေတာ္ေတာ္ေလးကို စိတ္ပ်က္ေနၾကျပီးေတာ့ သူတို႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ေ၀ဖန္ေျပာဆိုေနၾကတာျဖစ္ပါတယ္။

ဒီဂီယာရဲ႕ေနရာမွာ လူငယ္ဂိုးသမားေလး ဟန္ဒါဆန္ကို အစားထိုးဖို႔ ေတာင္းဆိုေနၾကပါတယ္။ ယူႏိုက္တက္ပရိသတ္တစ္ေယာက္ကေတာ့ “ဒီဂီယာဟာ အတိတ္မွာက်န္ခဲ့ပါၿပီ။ ဟန္ဒါဆန္ကိုပဲသုံးပါေတာ့”လို႔ ေရးသားထားပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ “ဒီဂီယာကိုခ်စ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ပြဲေတြမွာ ဒီဂီယာရဲ႕စြမ္းေဆာင္ရည္က်လာတာကိုေတြ႕ရပါတယ္။ေနာက္ထပ္အခြင့္အေရးေပးလို႔မွ ဒီဂီယာမတိုးတက္လာရင္ လာမယ့္ရာသီမွာ ဟန္ဒါဆန္ကိုသုံးပါေတာ့”လို႔ ေရးထားပါတယ္။

“ဒီဂီယာအတြက္ယုံၾကည္ခ်က္ကေတာ့ ပ်က္စီးသြားပါၿပီ။ ရိုမီယိုျဖစ္ျဖစ္၊ ဟန္ဒါဆန္ျဖစ္ျဖစ္ သုံးသင့္ပါတယ္”လို႔ေနာက္တစ္ေယာက္က ေရးထားပါတယ္။ ေနာက္တစ္ဦးကေတာ့ “လာမယ့္ရာသီမွာ ကၽြန္ေတာ့္အတြက္ နံပါတ္တစ္ ဂိုးသမားကေတာ့ ဟန္ဒါဆန္ပါ”လို႔ေျပာထားပါတယ္။ လက္စြမ္းေတြက်ဆင္းလာေနတဲ့ ဒီဂီယာတစ္ေယာက္ လာမယ့္ရာသီ ယူႏိုက္တက္မွာ ေနရာေပ်ာက္မွာလားဆိုတာ ေစာင့္ၾကည့္ရပါမယ္။ ပရိသတ္ေတြရဲ႕အျမင္ကေရာဘယ္လုိရိွပါသလဲ။