တိုမိုရီတစ်ယောက် ချယ်လ်ဆီးနဲ့ 5နှစ်စာချုပ်ထပ်ချုပ်ပြီး ဘာတွေရည်မှန်းထားလဲ?

photo internet

ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားဖီကာယိုတိုမိုရီတစ်ယောက်ကတော့ အသင်းနဲ့နောက်ထပ် 5နှစ်စာချုပ်ထပ်ချုပ်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် တိုမိုရီဟာ 2024 ခုနှစ်အထိချယ်လ်ဆီးမှာရှိနေမှာပါ။ တိုမိုရီဟာ ချယ်လ်ဆီးနဲ့စာချုပ်ထပ်ချုပ်တဲ့အပေါ်မှာတော့ သူ့အနေနဲ့ရည်မှန်းချက်တွေထားရှိထားပါတယ်။ ဒါကတော့ သူ့ရဲ့ကစားသမားဘဝပိုလို့ တိုးတက်လာစေဖို့ဖြစ်ပါတယ်။ ဒါ့အပြင်မိမိရဲ့အိမ်သဖွယ်၊မိသားစုသဖွယ် ရင်းနှီးပြီးသားဖြစ်နေတဲ့ နေရာကနေတခြားနေရာကိုမပြောင်းချင်တဲ့စိတ်ဆန္ဒလည်းသူ့မှာရှိပါတယ်။

photo internet

“ကျွန်တော်ဒီကလပ်ကို အသက် 7နှစ် အရွယ်ကတည်းကရောက်ရှိလာခဲ့တာဖြစ်ပြီး၊ ကျွန်တော့်အတွက် ချယ်လ်ဆီးအသင်းထက် ပိုသိတဲ့အကြောင်းအရာမရှိတော့ပါဘူး။ ချယ်လ်ဆီးဟာ ကျွန်တော့်အပေါ်အမြဲကောင်းခဲ့သလို၊ ကျွန်တော့်ရဲ့အနေအထားတွေကိုလည်း အမြဲစောင့်ကြည့်ထိန်းပေးနေတာဖြစ်ပါတယ်။ ဒီလိုစာချုပ်ထပ်ချုပ်ရတဲ့အပေါ် မိသားစုလည်းဂုဏ်ယူမယ်လို့ကျွန်တော်ထင်ပါတယ်”လို့ တိုမိုရီကပြောပါတယ်။

photo internet

တိုမိုရီဟာပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ဒါဘီအသင်းကိုအငှားသွားကစားရပြီး၊ ဒါဘီအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့် အတော်များများရရှိနေတာဖြစ်ပါတယ်။ အခုအချိန်မှာတိုမိုရီဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ 17 ပွဲအထိကစားပေးထားပါတယ်။ ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကစားပေးဖို့လည်း ရွေးချယ်ခံထားရပါတယ်။

photo internet

အခုလိုစာချုပ်အသစ်ချုပ်ရတဲ့အပေါ် တိုမိုရီက အိပ်မက်တစ်ခုအကောင်အထည်ပေါ်ခဲ့ရကြောင်းနဲ့ အနာဂတ်မှာအသင်းအတွက်ဆုဖလားတွေရရှိအောင်လုပ်ဆောင်မှာဖြစ်ကြောင်းပြောဆိုပါတယ်။ “အသင်းအနေနဲ့ ကျွန်တော့အပေါ်မှာ အမြဲတမ်းယုံကြည်နေခဲ့ပေးလို့ ကျွန်တော်အရမ်းပျော်ရွှင်ရပါတယ်။ ချယ်လ်ဆီးမှာဆက်ကစားရတဲ့ရည်ရွယ်ချက်ကတော့ အနိုင်ရလဒ်တွေနဲ့ဆုဖလားတွေဆွတ်ခူးပေးချင် လို့ဖြစ်ပါတယ်။ ကျွန်တော်ပေးဆပ်နိုင်သမျှအကောင်းဆုံးပေးဆပ်ကစားသွားမှာပါ။ ကျွန်တော်အနေနဲ့အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒတော့ရှိပါတယ်”လို့ တိုမိုရီကပြောပါတယ်။

photo internet

(Zawgyi Version)

တိုမိုရီတစ္ေယာက္ ခ်ယ္လ္ဆီးနဲ႔ 5ႏွစ္စာခ်ဳပ္ထပ္ခ်ဳပ္ၿပီး ဘာေတြရည္မွန္းထားလဲ?

ခ်ယ္လ္ဆီးအသင္းရဲ႕ အကယ္ဒမီထြက္ လူငယ္ကစားသမားဖီကာယိုတိုမိုရီတစ္ေယာက္ကေတာ့ အသင္းနဲ႔ေနာက္ထပ္ 5ႏွစ္စာခ်ဳပ္ထပ္ခ်ဳပ္လိုက္ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ တိုမိုရီဟာ 2024 ခုႏွစ္အထိခ်ယ္လ္ဆီးမွာရိွေနမွာပါ။ တိုမိုရီဟာ ခ်ယ္လ္ဆီးနဲ႔စာခ်ဳပ္ထပ္ခ်ဳပ္တဲ့အေပၚမွာေတာ့ သူ႔အေနနဲ႔ရည္မွန္းခ်က္ေတြထားရိွထားပါတယ္။ ဒါကေတာ့ သူ႔ရဲ႕ကစားသမားဘ၀ပိုလို႔ တိုးတက္လာေစဖို႔ျဖစ္ပါတယ္။ ဒါ့အျပင္မိမိရဲ႕အိမ္သဖြယ္၊မိသားစုသဖြယ္ရင္းႏွီးၿပီးသားျဖစ္ေနတဲ့ ေနရာကေနတျခားေနရာကိုမေျပာင္းခ်င္တဲ့စိတ္ဆႏၵလည္းသူ႔မွာရိွပါတယ္။

“ကြၽန္ေတာ္ဒီကလပ္ကို အသက္ 7ႏွစ္ အရြယ္ကတည္းကေရာက္ရွိလာခဲ့တာျဖစ္ၿပီး၊ ကၽြန္ေတာ့္အတြက္ ခ်ယ္လ္ဆီးအသင္းထက္ ပိုသိတဲ့အေၾကာင္းအရာမရိွေတာ့ပါဘူး။ ခ်ယ္လ္ဆီးဟာ ကၽြန္ေတာ့္အေပၚအၿမဲေကာင္းခဲ့သလုိ၊ ကၽြန္ေတာ့္ရဲ႕အေနအထားေတြကိုလည္း အၿမဲေစာင့္ၾကည့္ထိန္းေပးေနတာျဖစ္ပါတယ္။ ဒီလုိစာခ်ဳပ္ထပ္ခ်ဳပ္ရတဲ့အေပၚ မိသားစုလည္းဂုဏ္ယူမယ္လို႔ကၽြန္ေတာ္ထင္ပါတယ္”လို႔ တိုမိုရီကေျပာပါတယ္။

တိုမိုရီဟာၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းကေတာ့ဒါဘီအသင္းကိုအငွားသြားကစားရၿပီး၊ ဒါဘီအသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရိွခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ခ်ယ္လ္ဆီးအသင္းမွာ ပြဲထြက္ခြင့္ အေတာ္မ်ားမ်ားရရိွေနတာျဖစ္ပါတယ္။ အခုအခ်ိန္မွာတိုမိုရီဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ 17 ပြဲအထိကစားေပးထားပါတယ္။ ဒါ့အျပင္ အဂၤလန္လက္ေရြးစင္အသင္းအတြက္ကစားေပးဖို႔လည္း ေရြးခ်ယ္ခံထားရပါတယ္။

အခုလိုစာခ်ဳပ္အသစ္ခ်ဳပ္ရတဲ့အေပၚ တုိမိုရီက အိပ္မက္တစ္ခုအေကာင္အထည္ေပၚခဲ့ရေၾကာင္းနဲ႔ အနာဂတ္မွာအသင္းအတြက္ဆုဖလားေတြရရိွေအာင္လုပ္ေဆာင္မွာျဖစ္ေၾကာင္းေျပာဆိုပါတယ္။ “အသင္းအေနနဲ႔ ကြၽန္ေတာ့အေပၚမွာ အၿမဲတမ္းယုံၾကည္ေနခဲ့ေပးလို႔ ကြၽန္ေတာ္အရမ္းေပ်ာ္႐ႊင္ရပါတယ္။ ခ်ယ္လ္ဆီးမွာဆက္ကစားရတဲ့ရည္ရြယ္ခ်က္ကေတာ့ အႏိုင္ရလဒ္ေတြနဲ႔ဆုဖလားေတြဆြတ္ခူးေပးခ်င္ လို႔ျဖစ္ပါတယ္။ ကၽြန္ေတာ္ေပးဆပ္ႏိုင္သမွ်အေကာင္းဆုံးေပးဆပ္ကစားသြားမွာပါ။ ကၽြန္ေတာ္အေနနဲ႔အသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ေယာက္ျဖစ္ခ်င္တဲ့ဆႏၵေတာ့ရိွပါတယ္”လို႔ တိုမိုရီကေျပာပါတယ္။