တကယ့်ရော်နယ်ဒိုအစစ်မဟုတ်ဘူးဆိုပြီး စီရော်နယ်ဒိုကို ပုတ်ခတ်ပြောဆိုလိုက်တဲ့ အီဘရာဟီမိုဗစ်

photo-the sun

photo-sport bible

တကယ်လို့ အီဘရာဟီမိုဗစ်သာ သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း စီးရီးအေပြန်ရောက်လာမယ်ဆိုရင်တော့ တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်တော့မှာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ စီးရီးအေရဲ့မျက်နှာဖုံးကစားသမားဖြစ်နေတဲ့ စီရော်နယ်ဒိုကိုမှ စိန်ခေါ်သလို ပုတ်ခတ်ပြောဆိုမှု ပြုလုပ်ခဲ့လို့ပါပဲ။ အရင်ကလည်း သူဟာ စီရော်နယ်ဒိုကို သရော်မှုတွေ လုပ်ခဲ့ဖူးပါတယ်။

photo-sportwire

အေစီမီလန်နဲ့သတင်းတွေထွက်နေတဲ့ အီဘရာဟီမိုဗစ်ဟာ မကြာသေးခင်အင်တာဗျူးတစ်ခုမှာ စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့တာပါ။”အီတလီမှာ တကယ့်ရော်နယ်ဒိုနဲ့ ကျွန်တော်တွေ့ရလိမ့်မယ် ဟုတ်လား။ အဓိပ္ပါယ်မရှိတာဗျာ။ ရော်နယ်ဒိုက တစ်ယောက်ပဲရှိတယ်။ အဲဒါ ဘရာဇီးသား”လို့ မိုဗစ်က ဆိုခဲ့တာပါ။ မိုဗစ်ဟာ အရင်ကလည်း ရော်နယ်ဒိုနှ်စ်ယောက်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးခဲ့ဖူးပါတယ်။ ရုပ်သံတစ်ခုနဲ့အင်တာဗျူးမှာ သူ့ဖေးဘရိတ်တိုက်စစ်မှုးအကြောင်းပြောတော့”ကျွန်တော့်အကြိုက်ဆုံးက ရော်နယ်ဒို(ဒိုကြီး)ပါ။ ကျွန်တော့်အတွက် ဘောလုံးက ဘာဆိုတာ သူက ဥပမာတစ်ခုပါပဲ။ သူလုပ်ခဲ့တဲ့အရာတိုင်းက ပါးစပ်အဟောင်းသား ဖြစ်စေပါတယ်။ သူလိမ်ခေါက်ပုံ၊ သူပြေးပုံ၊ သူဂိုးသွင်းပုံတို့ကြောင့် သူဟာ စစ်မှန်တဲ့ထူးခြားသူတစ်ယောက် ဖြစ်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။ အဲဒီရုပ်သံနဲ့အင်တာဗျူးမှာပဲ စီရော်နယ်ဒိုနဲ့ပတ်သက်ပြီးတော့ ”သူက မွေးရာပါအရည်အချင်းကြောင့်မဟုတ်ဘဲ လေ့ကျင့်ကြိုးစားလို့သာ အခုလိုဖြစ်လာတာပါ”လို့ ပြောခဲ့ပါတယ်။

မိုဗစ်ဟာ ၂၀၁၈ က အီတလီကို စီရော်နယ်ဒိုပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီး အဲဒီတုန်းက စပိန်သတင်းစာ AS နဲ့အင်တာဗျူးမှာ ”စိန်ခေါ်မှုလို့သာ ပြောနေတာ သူပြောင်းခဲ့တာက စီးရီးအေမှာ ၇ နှစ်ဆက်ဗိုလ်စွဲထားတဲ့အသင်းပါ။ အဲဒီလိုအသင်းကို သွားတာက စိန်ခေါ်မှုမှ မဟုတ်တာ။ ကျွန်တော်သာ စိန်ခေါ်မှုတကယ်လိုချင်တယ်ဆိုရင် စီးရီးဘီရောက်နေချိန် ဂျူဗင်တပ်ကိုသွားမှာပေါ့”လို့ သရော်ခဲ့ဖူးပါတယ်။

[Zawgyi]

တကယ့္ေရာ္နယ္ဒိုအစစ္မဟုတ္ဘူးဆုိၿပီး စီေရာ္နယ္ဒုိကို ပုတ္ခတ္ေျပာဆုိလုိက္တဲ့ အီဘရာဟီမိုဗစ္

တကယ္လို႔ အီဘရာဟီမုိဗစ္သာ သတင္းေတြထြက္ေပၚေနတဲ့အတိုင္း စီးရီးေအျပန္ေရာက္လာမယ္ဆိုရင္ေတာ့ တကယ့္ကို ပြဲႀကီးပြဲေကာင္းျဖစ္ေတာ့မွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူဟာ စီးရီးေအရဲ႕မ်က္ႏွာဖုံးကစားသမားျဖစ္ေနတဲ့ စီေရာ္နယ္ဒိုကုိမွ စိန္ေခၚသလို ပုတ္ခတ္ေျပာဆုိမႈ ျပဳလုပ္ခဲ့လုိ႔ပါပဲ။ အရင္ကလည္း သူဟာ စီေရာ္နယ္ဒိုကို သေရာ္မႈေတြ လုပ္ခဲ့ဖူးပါတယ္။

ေအစီမီလန္နဲ႔သတင္းေတြထြက္ေနတဲ့ အီဘရာဟီမိုဗစ္ဟာ မၾကာေသးခင္အင္တာဗ်ဴးတစ္ခုမွာ စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး အခုလိုေျပာခဲ့တာပါ။”အီတလီမွာ တကယ့္ေရာ္နယ္ဒိုနဲ႔ ကၽြန္ေတာ္ေတြ႕ရလိမ့္မယ္ ဟုတ္လား။ အဓိပၸါယ္မရွိတာဗ်ာ။ ေရာ္နယ္ဒိုက တစ္ေယာက္ပဲရွိတယ္။ အဲဒါ ဘရာဇီးသား”လို႔ မိုဗစ္က ဆုိခ့ဲတာပါ။ မုိဗစ္ဟာ အရင္ကလည္း ေရာ္နယ္ဒိုႏွ္စ္ေယာက္နဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ေပးခဲ့ဖူးပါတယ္။ ရုပ္သံတစ္ခုနဲ႔အင္တာဗ်ဴးမွာ သူ႔ေဖးဘရိတ္တိုက္စစ္မႈးအေၾကာင္းေျပာေတာ့”ကၽြန္ေတာ့္အႀကိဳက္ဆုံးက ေရာ္နယ္ဒို(ဒုိႀကီး)ပါ။ ကၽြန္ေတာ့္အတြက္ ေဘာလုံးက ဘာဆုိတာ သူက ဥပမာတစ္ခုပါပဲ။ သူလုပ္ခဲ့တဲ့အရာတိုင္းက ပါးစပ္အေဟာင္းသား ျဖစ္ေစပါတယ္။ သူလိမ္ေခါက္ပုံ၊ သူေျပးပုံ၊ သူဂိုးသြင္းပုံတို႔ေၾကာင့္ သူဟာ စစ္မွန္တဲ့ထူးျခားသူတစ္ေယာက္ ျဖစ္ခဲ့ပါတယ္”လို႔ ဆုိခဲ့ပါတယ္။ အဲဒီရုပ္သံနဲ႔အင္တာဗ်ဴးမွာပဲ စီေရာ္နယ္ဒုိနဲ႔ပတ္သက္ၿပီးေတာ့ ”သူက ေမြးရာပါအရည္အခ်င္းေၾကာင့္မဟုတ္ဘဲ ေလ့က်င့္ႀကိဳးစားလို႔သာ အခုလုိျဖစ္လာတာပါ”လုိ႔ ေျပာခဲ့ပါတယ္။

မိုဗစ္ဟာ ၂၀၁၈ က အီတလီကို စီေရာ္နယ္ဒိုေျပာင္းေရႊ႕ခဲ့တာန႔ဲပတ္သက္ၿပီး အဲဒီတုန္းက စပိန္သတင္းစာ AS နဲ႔အင္တာဗ်ဴးမွာ ”စိန္ေခၚမႈလို႔သာ ေျပာေနတာ သူေျပာင္းခဲ့တာက စီးရီးေအမွာ ၇ ႏွစ္ဆက္ဗိုလ္စဲြထားတဲ့အသင္းပါ။ အဲဒီလိုအသင္းကို သြားတာက စိန္ေခၚမႈမွ မဟုတ္တာ။ ကၽြန္ေတာ္သာ စိန္ေခၚမႈတကယ္လိုခ်င္တယ္ဆိုရင္ စီးရီးဘီေရာက္ေနခ်ိန္ ဂ်ဴဗင္တပ္ကိုသြားမွာေပါ့”လုိ႔ သေရာ္ခဲ့ဖူးပါတယ္။