ဇန်နဝါရီမှာ အမိမြေကိုပြန်ဖိ့ု နီးစပ်နေပြီဖြစ်တဲ့ ဆာနေး

Photo Credit

Photo Credit

မန်စီးတီးတောင်ပံကစားသမား လီရွိုင်းဆာနေးဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit

ဆာနေးဟာ ပရီးမီးယားလိဂ်ချန်ပီယံ စီးတီးအသင်းမှာ သြဂုတ်လကတည်းက ဒဏ်ရာပြဿနာတွေကြောင့် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆာနေးဟာ ဒဏ်ရာက ပြန်လည်သက်သာနေပြီဖြစ်ပြီး သတင်းတွေကတော့ သူဟာ အနာဂတ်မှာ အင်္ဂလန်ကနေ ထွက်ခွာသွားတော့မယ်လို့ ရေးသားနေကြပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်အသင်းကလည်း အသက် ၂၃ နှစ်အရွယ်ဆာနေးကို ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂျာမန်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပါပြီ။

Photo Credit

သတင်းတွေအရတော့ ဆာနေးဟာ ရှေ့လထဲမှာပဲ အမိမြေကို အမြန်ဆုံး ပြန်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ၇ မှတ်ကွာဟနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း ဆာနေးကို ရေရှည်ပစ်မှတ်အဖြစ် ခေါ်ယူဖို့ ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်ဟာ နွေရာသီတုန်းက ဆာနေးကို ကမ်းလှမ်းခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဘဲ လက်ရှိမှာတော့ ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့က အမြန်ဆုံး ဖြစ်မြောက်ဖွယ် ရှိနေပါတယ်။

Photo Credit

ဆာနေးရဲ့ စာချုပ်သက်တမ်းက ၂၀၂၁ ဇွန်လအထိဖြစ်ပြီး စီးတီးအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ဆာနေးက ငြင်းဆန်ခဲ့တာကြောင့် ဒီအတောအတွင်းမှာ မရောင်းချခဲ့ရင် လာမယ့် ၂၀၂၁ မှာတော့ စီးတီးက ဆာနေးကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုရတော့မှာ ဖြစ်ပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်အသင်းကလည်း ပြီးခဲ့တဲ့ နွေရာသီက အာဂျန်ရော်ဘင်နဲ့ ဖရန့်ရစ်ဘာရီတို့ကို လက်လွှတ်ခဲ့ရတာကြောင့် အဆိုပါ တောင်ပံကစားသမား ၂ ဦးနေရာမှာ အစားထိုးဖိ့ု ဆာနေးက ပြီးပြည့်စုံတဲ့ ရေရှည်ပစ်မှတ် ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

Photo Credit

ဒါပေမဲ့ မန်စီးတီးအသင်းက ဂျာမန်သားတောင်ပံကစားသမားကို လက်မလွှတ်ချင်တာကြောင့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို သူတို့ဝယ်ယူခဲ့တဲ့ တန်ကြေးရဲ့ လေးဆနီးပါးရှိတဲ့ ပေါင် ၁၃၅ သန်းအထိ သတ်မှတ်ထားပါတယ်။

Photo Credit

ဆာနေး စီးတီးက ထွက်ခွာချင်တဲ့ အကြောင်းရင်းကတော့ နည်းပြ ပက်ဂွါဒီယိုလာရဲ့လက်အောက်မှာ ပွဲထွက်ခွင့်နေရာအတွက် ရုန်းကန်နေရတာကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဂွါဒီယိုလာက ဆာနေးကို ရာဟမ်စတာလင်နဲ့ ဘာနာဒိုဆေးဗားလ်တို့နောက်မှာသာ အရန်ခုံကနေ လူစားလဲ ပါဝင်ကစားခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit

Zawgyi

ဇန္နဝါရီမွာ အမိေျမကိုျပန္ဖိ႔ု နီးစပ္ေနၿပီျဖစ္တဲ့ ဆာေနး

မန္စီးတီးေတာင္ပံကစားသမား လီရြိဳင္းဆာေနးဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ဘြန္ဒက္စ္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနပါတယ္။ ဆာေနးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ စီးတီးအသင္းမွာ ၾသဂုတ္လကတည္းက ဒဏ္ရာျပႆနာေတြေၾကာင့္ မကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဆာေနးဟာ ဒဏ္ရာက ျပန္လည္သက္သာေနၿပီျဖစ္ၿပီး သတင္းေတြကေတာ့ သူဟာ အနာဂတ္မွာ အဂၤလန္ကေန ထြက္ခြာသြားေတာ့မယ္လို႔ ေရးသားေနၾကပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းကလည္း အသက္ ၂၃ ႏွစ္အရြယ္ဆာေနးကို ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဂ်ာမန္ၾကယ္ပြင့္ကို ေခၚယူႏိုင္ဖို႔ နီးစပ္လာခဲ့ပါၿပီ။ သတင္းေတြအရေတာ့ ဆာေနးဟာ ေရွ႕လထဲမွာပဲ အမိေျမကို အျမန္ဆံုး ျပန္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယား ထိပ္ဆံုးမွာ ဦးေဆာင္ေနတဲ့ လိုက္ပ္ဇစ္အသင္းနဲ႔ ၇ မွတ္ကြာဟေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကလည္း ဆာေနးကို ေရရွည္ပစ္မွတ္အျဖစ္ ေခၚယူဖို႔ ကမ္းလွမ္းေနတာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ေႏြရာသီတုန္းက ဆာေနးကို ကမ္းလွမ္းခဲ့ေသးေပမယ့္ မေအာင္ျမင္ခဲ့ဘဲ လက္ရွိမွာေတာ့ ကစားသမားကိုယ္တိုင္က ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတာေၾကာင့္ အေျပာင္းအေရႊ႕က အျမန္ဆံုး ျဖစ္ေျမာက္ဖြယ္ ရွိေနပါတယ္။

ဆာေနးရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၁ ဇြန္လအထိျဖစ္ၿပီး စီးတီးအသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ဆာေနးက ျငင္းဆန္ခဲ့တာေၾကာင့္ ဒီအေတာအတြင္းမွာ မေရာင္းခ်ခဲ့ရင္ လာမယ့္ ၂၀၂၁ မွာေတာ့ စီးတီးက ဆာေနးကို အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳရေတာ့မွာ ျဖစ္ပါတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းကလည္း ၿပီးခဲ့တဲ့ ေႏြရာသီက အာဂ်န္ေရာ္ဘင္နဲ႔ ဖရန္႔ရစ္ဘာရီတို႔ကို လက္လႊတ္ခဲ့ရတာေၾကာင့္ အဆိုပါ ေတာင္ပံကစားသမား ၂ ဦးေနရာမွာ အစားထိုးဖိ႔ု ဆာေနးက ၿပီးၿပည့္စံုတဲ့ ေရရွည္ပစ္မွတ္ ကစားသမားတစ္ဦး ျဖစ္ေနပါတယ္။

ဒါေပမဲ့ မန္စီးတီးအသင္းက ဂ်ာမန္သားေတာင္ပံကစားသမားကို လက္မလႊတ္ခ်င္တာေၾကာင့္ ကစားသမားရဲ႕ ေျပာင္းေရႊ ႕ေၾကးကို သူတို႔ဝယ္ယူခဲ့တဲ့ တန္ေၾကးရဲ႕ ေလးဆနီးပါးရွိတဲ့ ေပါင္ ၁၃၅ သန္းအထိ သတ္မွတ္ထားပါတယ္။ ဆာေနး စီးတီး က ထြက္ခြာခ်င္တဲ့ အေၾကာင္းရင္းကေတာ့ နည္းျပ ပက္ဂြါဒီယိုလာရဲ႕လက္ေအာက္မွာ ပြဲထြက္ခြင့္ေနရာအတြက္ ရုန္းကန္ေနရတာေၾကာင့္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း ဂြါဒီယိုလာက ဆာေနးကို ရာဟမ္စတာလင္နဲ႔ ဘာနာဒို ေဆးဗားလ္တို႔ေနာက္မွာသာ အရန္ခံုကေန လူစားလဲ ပါဝင္ကစားခြင့္ေပးခဲ့တာ ျဖစ္ပါတယ္။