ဆွာရက်ဇ်ဂိုးဖမ်းခဲ့တဲ့ ဖော်လန်ရဲ့ဥရုဂွေးက နောက်ဆုံးနှုတ်ဆက်ပွဲ

0
595

photo-EPA

photo-gettyimages

မန်ယူတိုက်စစ်မှုးဟောင်းဒီယေဂိုဖော်လန်ဟာ သူ့ရဲ့ဘောလုံးသမားဘဝ နောက်ဆုံးနှုတ်ဆက်ပွဲကို ဇာတိဥရုဂွေးနိုင်ငံမှာ ကစားသွားခဲ့ပါတယ်။ အဲဒီအက်သလက်တီကိုကြယ်ပွင့်ဟောင်းရဲ့နှုတ်ဆက်ပွဲမှာ ရီကွယ်လ်မီးနဲ့ ဗာရွန်တို့လို ကမ္ဘာ့ဘောလုံးလောကရဲ့နာမည်ကျော်ဟောင်းတွေလည်း ဝင်ရောက်ကစားခဲ့ကြပါတယ်။ ဒါ့အပြင် သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှုးဆွာရက်ဇ်ဟာလည်း ဖော်လန်ကိုဂုဏ်ပြုတဲ့အနေနဲ့ အချိန်ယူပြီး ဝင်ရောက်ကစားခဲ့ပါတယ်။

photo-gettyimages

ဆွာရက်ဇ်ဟာ ပထမပိုင်းမှာ သူပုံမှန်ကစားနေကျနေရာက ကစားခဲ့ပြီး အဘရူနဲ့ ဖော်လန်တို့အတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းရောက်မှသာ ဂိုးသမားနေရာက ကစားသွားခဲ့ကာ ဂိုးဖမ်းတဲ့နေရာမှာလည်း အညံ့ကြီး မဟုတ်ခဲ့ပါဘူး။ အဲဒီပွဲမှာ အင်တာမီလန်ဂန္ထဝင်တွေဖြစ်ကြတဲ့ ဂျာဗီယာဇနက်တီ၊မီလီတိုနဲ့ကမ်ဘီယာဆိုတို့လည်း ဝင်ရောက်ကစားခဲ့ကြပါတယ်။

photo-gettyimages

ဖော်လန်ဟာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ အသင်းဖော်တွေကို ရွေးချယ်ပြီး တစ်သင်းဖွဲ့ကာ ဥရုဂွေးအသင်းနဲ့ ရင်ဆိုင်ခဲ့တာပါ။ အသက် ၄၀ အရွယ်ဖော်လန်ဟာ ၆-၆ ဂိုးနဲ့သရေကျခဲ့တဲ့အဲဒီပွဲမှာ ဂိုးသွင်းပြီး သူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲကို ပြီးပြည့်စုံစွာနှုတ်ဆက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ၂၁ နှစ်တာ ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုတွေရရှိခဲ့ပြီး မန်ယူမှာရှိတုန်းက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့ကာ အက်သလက်တီကိုရောက်သွားတော့လည်း ယူရိုပါလိဂ်နဲ့စူပါဖလားတို့ကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဥရုဂွေးအသင်းနဲ့လည်း အောင်မြင်ခဲ့ပြီး ၂၀၁၁ ကိုပါအမေရိကမှာ ဗိုလ်စွဲခဲ့ကာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဥရုဂွေးအသင်းဆီမီးရောက်တော့လည်း ပြိုင်ပွဲရဲ့ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။

[Zawgyi]

ဆြာရက္ဇ္ဂိုးဖမ္းခဲ့တဲ့ ေဖာ္လန္ရဲ႕ဥရုေဂြးက ေနာက္ဆုံးႏႈတ္ဆက္ပြဲ

မန္ယူတိုက္စစ္မႈးေဟာင္းဒီေယဂိုေဖာ္လန္ဟာ သူ႔ရဲ႕ေဘာလုံးသမားဘ၀ ေနာက္ဆုံးႏႈတ္ဆက္ပြဲကို ဇာတိဥရုေဂြးႏုိင္ငံမွာ ကစားသြားခဲ့ပါတယ္။ အဲဒီအက္သလက္တီကိုၾကယ္ပြင့္ေဟာင္းရဲ႕ႏႈတ္ဆက္ပဲြမွာ ရီကြယ္လ္မီးနဲ႔ ဗာရြန္တို႔လို ကမာၻ႔ေဘာလုံးေလာကရဲ႕နာမည္ေက်ာ္ေဟာင္းေတြလည္း ၀င္ေရာက္ကစားခဲ့ၾကပါတယ္။ ဒါ့အျပင္ သူနဲ႔တစ္ႏုိင္ငံတည္းသားျဖစ္တဲ့ ဘာစီလိုနာတိုက္စစ္မႈးဆြာရက္ဇ္ဟာလည္း ေဖာ္လန္ကိုဂုဏ္ျပဳတဲ့အေနန႔ဲ အခ်ိန္ယူၿပီး ၀င္ေရာက္ကစားခဲ့ပါတယ္။

ဆြာရက္ဇ္ဟာ ပထမပိုင္းမွာ သူပုံမွန္ကစားေနက်ေနရာက ကစားခဲ့ၿပီး အဘရူနဲ႔ ေဖာ္လန္တို႔အတြက္ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ ဒုတိယပိုင္းေရာက္မွသာ ဂိုးသမားေနရာက ကစားသြားခဲ့ကာ ဂိုးဖမ္းတဲ့ေနရာမွာလည္း အည့ံႀကီး မဟုတ္ခ့ဲပါဘူး။ အဲဒီပြဲမွာ အင္တာမီလန္ဂႏၳ၀င္ေတြျဖစ္ၾကတဲ့ ဂ်ာဗီယာဇနက္တီ၊မီလီတုိနဲ႔ကမ္ဘီယာဆုိတို႔လည္း ၀င္ေရာက္ကစားခဲ့ၾကပါတယ္။

ေဖာ္လန္ဟာ သူ႔ရဲ႕အရင္းႏီွးဆံုးသူငယ္ခ်င္းေတြနဲ႔ အသင္းေဖာ္ေတြကို ေရြးခ်ယ္ၿပီး တစ္သင္းဖြဲ႕ကာ ဥရုေဂြးအသင္းနဲ႔ ရင္ဆိုင္ခဲ့တာပါ။ အသက္ ၄၀ အရြယ္ေဖာ္လန္ဟာ ၆-၆ ဂိုးနဲ႔သေရက်ခဲ့တဲ့အဲဒီပြဲမွာ ဂိုးသြငး္ၿပီး သူ႔ရဲ႕ကစားသမားဘ၀ေနာက္ဆုံးပြဲကို ၿပီးျပည့္စုံစြာႏႈတ္ဆက္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ၂၁ ႏွစ္တာ ကစားသမားဘ၀မွာ ဆုဖလားေအာင္ျမင္မႈေတြရရွိခဲ့ၿပီး မန္ယူမွာရွိတုနး္က ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကို ကိုင္ေျမွာက္ႏိုင္ခဲ့ကာ အက္သလက္တီကိုေရာက္သြားေတာ့လညး္ ယူရိုပါလိဂ္နဲ႔စူပါဖလားတို႔ကိုရရွိခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ဥရုေဂြးအသင္းနဲ႔လည္း ေအာင္ျမင္ခဲ့ၿပီး ၂၀၁၁ ကိုပါအေမရိကမွာ ဗုိလ္စြဲခဲ့ကာ ၂၀၁၀ ကမာၻ႔ဖလားမွာ ဥရုေဂြးအသင္းဆီမီးေရာက္ေတာ့လည္း ၿပိဳင္ပြဲရဲ႕ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္ခဲ့ပါတယ္။