ဆုပေးပွဲမတိုင်ခင်မှာပဲ Ballon d’Or ဆုစာရင်း အွန်လိုင်းမှာ ပေါက်ကြား

Photo Credit

Photo Credit

တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးကစားသမားဆု(Ballon d’Or)ပေးပွဲအခမ်းအနားကို တနင်္လာနေ့ရောက်မှ ကျင်းပပြုလုပ်မှာဖြစ်ပေမယ့် အခုကတည်းက အွန်လိုင်းမှာ ဆုစာရင်း ကြိုတင်ပေါက်ကြားနေပြီး အဲဒီစာရင်းအရ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက Ballon d’Or ဆုရရှိသွားကြောင်း သိရပါတယ်။

Photo Credit

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ယခုနှစ်ဆုပေးပွဲအခမ်းအနားမှာ စံချိန်တင် ၆ကြိမ်မြောက် Ballon d’Or ဆုရရှိဖို့ အထူးရေပန်းစားနေပေမယ့် လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်ကလည်း ၂၀၀၆ ခုနှစ်က ဖေဘီယိုကန်နာဗားရိုးနောက်ပိုင်း Ballon d’Or ဆုရရှိတဲ့ပထမဆုံးနောက်ခံလူဖြစ်ဖို့ ရေပန်းစားနေပါတယ်။

Photo Credit

ဒါပေမဲ့ အွန်လိုင်းမှာ ပေါက်ကြားနေတဲ့စာရင်းအရတော့ မက်ဆီဟာ ၂၀၁၉ Ballon d’Or ဆုရရှိလိမ့်မယ်လို့ သိရပါတယ်။ တွစ်တာမှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံအရ မက်ဆီဟာ ရမှတ်ပေါင်း ၄၄၆ မှတ်ရရှိကာ ၃၈၂ မှတ်ရရှိခဲ့တဲ့ ဗန်ဒိုက်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

Photo Credit

ဗန်ဒိုက်ရဲ့လီဗာပူးအသင်းဖော်တွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့က အဆင့် ၃နဲ့ အဆင့် ၅ နေရာမှာ အသီးသီးရပ်တည်နေပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုကတော့ စတုတ္ထနေရာမှာပဲ ရပ်တည်နိုင်ပါတယ်။ Ballon d’Or ဆုအတွက် မဲပေးရွေးချယ်မှုကို အခုအခါပိတ်သိမ်းလိုက်ပြီဖြစ်ပေမယ့် အဲဒီပေါက်ကြားခဲ့တဲ့စာရွက်က တရားဝင်လား၊ အတုလားဆိုတာတော့ မသဲကွဲသေးပါဘူး။

Photo Credit

ဗန်ဒိုက်က ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ”ပြီးခဲ့တဲ့ရာသီက လီဗာပူးနဲ့အတူ ရယူနိုင်ခဲ့တာတွေအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဆုပေးပွဲအခမ်းအနားကိုလည်း အဲဒီအကြောင်းပြချက်နဲ့ပဲ တက်ရောက်မှာပါ။ အဲဒီအခမ်းအနားမှာ အရှုံးသမားဆိုတာမရှိပါဘူး။ Winner ပဲရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

Zawgyi

ဆုေပးပြဲမတုိင္ခင္မွာပဲ Ballon d’Or ဆုစာရင္း အြန္လုိင္းမွာ ေပါက္ၾကား

တစ္ႏွစ္တာကမၻာ့အေကာင္းဆုံးကစားသမားဆု(Ballon d’Or)ေပးပြဲအခမ္းအနားကို တနလၤာေန႔ေရာက္မွ က်င္းပျပဳလုပ္မွာျဖစ္ေပမယ့္ အခုကတည္းက အြန္လုိင္းမွာ ဆုစာရင္း ႀကိဳတင္ေပါက္ၾကားေနၿပီး အဲဒီစာရင္းအရ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက Ballon d’Or ဆုရရွိသြားေၾကာင္း သိရပါတယ္။
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ယခုႏွစ္ဆုေပးပြဲအခမ္းအနားမွာ စံခ်ိန္တင္ ၆ႀကိမ္ေျမာက္ Ballon d’Or ဆုရရွိဖို႔ အထူးေရပန္းစားေနေပမယ့္ လီဗာပူးအသင္းေနာက္ခံလူ ဗန္ဒိုက္ကလည္း ၂၀၀၆ ခုႏွစ္က ေဖဘီယိုကန္နာဗား႐ိုးေနာက္ပိုင္း Ballon d’Or ဆုရရွိတဲ့ပထမဆုံးေနာက္ခံလူျဖစ္ဖုိ႔ ေရပန္းစားေနပါတယ္။
ဒါေပမဲ့ အြန္လုိင္းမွာ ေပါက္ၾကားေနတဲ့စာရင္းအရေတာ့ မက္ဆီဟာ ၂၀၁၉ Ballon d’Or ဆုရရွိလိမ့္မယ္လုိ႔ သိရပါတယ္။ တြစ္တာမွာ ပ်ံ႕ႏွံ႔ေနတဲ့ဓာတ္ပုံအရ မက္ဆီဟာ ရမွတ္ေပါင္း ၄၄၆ မွတ္ရရွိကာ ၃၈၂ မွတ္ရရွိခဲ့တဲ့ ဗန္ဒုိက္ကို ေက်ာ္ျဖတ္ႏိုင္မွာျဖစ္ပါတယ္။
ဗန္ဒုိက္ရဲ႕လီဗာပူးအသင္းေဖာ္ေတြျဖစ္တဲ့ ဆာလာနဲ႔ မာေနးတို႔က အဆင့္ ၃နဲ႔ အဆင့္ ၅ ေနရာမွာ အသီးသီးရပ္တည္ေနၿပီး ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးေရာ္နယ္ဒိုကေတာ့ စတုတၳေနရာမွာပဲ ရပ္တည္ႏိုင္ပါတယ္။ Ballon d’Or ဆုအတြက္ မဲေပးေရြးခ်ယ္မႈကို အခုအခါပိတ္သိမ္းလုိက္ၿပီျဖစ္ေပမယ့္ အဲဒီေပါက္ၾကားခဲ့တ့ဲစာရြက္က တရား၀င္လား၊ အတုလားဆုိတာေတာ့ မသဲကြဲေသးပါဘူး။
ဗန္ဒိုက္က ဘ႐ိုက္တန္ကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ”ၿပီးခဲ့တဲ့ရာသီက လီဗာပူးနဲ႔အတူ ရယူႏုိင္ခဲ့တာေတြအတြက္ ကၽြန္ေတာ္ ဂုဏ္ယူမိပါတယ္။ ဆုေပးပြဲအခမ္းအနားကိုလည္း အဲဒီအေၾကာင္းျပခ်က္နဲ႔ပဲ တက္ေရာက္မွာပါ။ အဲဒီအခမ္းအနားမွာ အ႐ံႈးသမားဆုိတာမရွိပါဘူး။ Winner ပဲရွိပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။