ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေတဲ့ မက်ဆီအပေါ် ရာမို့စ်ရဲ့အဆိုးဆုံးဖျက်ထုတ်မှုများဗီဒီယိုဖိုင်

photo-sport bible

photo-gettyimages

ရီးရဲလ်နောက်ခံလူရာမို့စ်ဟာ ဘောလုံးလောကရဲ့အညစ်ပတ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ အဲဒီစပိန်သားဟာ ခါးသီးပြိုင်ဘက်ဘာစီလိုနာအသင်းက အဓိကတိုက်စစ်မှုးမက်ဆီရဲ့ကစားသမားဘဝအဆုံးသတ်သွားလောက်အောင် ကြိုးစားရတာထက် ဘယ်ဟာကိုမှ ပိုကြိုက်မှာ မဟုတ်ပါဘူး။

photo-gettyimages

သက်ဆိုင်ရာအသင်းတွေရဲ့အသင်းခေါင်းဆောင်တွေလည်း ဖြစ်နေကြတဲ့ သူတို့နှစ်ယာက်ဟာ အယ်ကလက်စီကိုတွေ့ဆုံမှုတွေမှာ နှစ်ပေါင်းများစွာကြာအောင် ထိပ်တိုက်တွေ့ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားက သူ့တာဝန်နဲ့သူ ကျော်ဖြတ်ဂိုးသွင်းနိုင်အောင် အကောင်းဆုံးကြိုးစားသလို ခံစစ်ကစားသမားကလည်း သူ့တာဝန်နဲ့သူ ဘယ်လိုနည်းလမ်းနဲ့မဆို ဖျက်ထုတ်ဖို့ ကြိုးစားပါတယ်။ လောလောဆယ်တော့ ၆ ထပ်ကွမ်း Ballon d’Or ဆုရှင်မက်ဆီအပေါ် ရာမို့စ်ရဲ့အဆိုးဆုံး၊အညစ်ပတ်ဆုံးဖျက်ထုတ်မှုတွေကို တစ်စုတစ်စည်းထဲ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ပျံ့နှံ့နေပါတယ်။

၂ မိနစ်စာနီးပါးရှိတဲ့ အဲဒီဗီဒီယိုဖိုင်မှာ ရာမို့စ်ဟာ မက်ဆီကို ဘောလုံးမပါဘဲနဲ့ အသားလွတ်စုံပစ်ဝင်၊အသားလွတ်လျှောထိုး၊ အသားလွတ်ကန်ကျောက်တဲ့အခိုက်အတန့်တွေပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်ဆီနဲ့တွေ့တိုင်း အဲဒီအာဂျင်တီးနားကြယ်ပွင့်ကို ဟန့်တားနိုင်ဖို့က သူ့အတွက် အဲဒီနည်းလမ်းတစ်ခုသာ ရှိတာပါ။ အကြိမ်တိုင်းမှာလည်း မက်ဆီတစ်ယောက် နာနာကျင်ကျင်နဲ့ လူးလှိမ့်ခံစားရတာကို တွေ့ရပါတယ်။ နောက်ဆုံးကစားသွားခဲ့တဲ့အယ်ကလက်စီကိုပွဲတုန်းကလည်း ဘောလုံးလုစဉ်မှာ တံတောင်နဲ့တိုက်လို့ မက်ဆီနဲ့ရာမို့စ်တို့ ခေါင်းချင်းဆိုင်ပြီး အခြအတင်ဖြစ်ခဲ့ကြသေးတယ်။

[Zawgyi]

ဆိုရွယ္မီဒီယာေပၚပ်ံ႔ႏွံ႔ေနတဲ့ မက္ဆီအေပၚ ရာမို႔စ္ရဲ႕အဆုိးဆုံးဖ်က္ထုတ္မႈမ်ားဗီဒီယိုဖိုင္

ရီးရဲလ္ေနာက္ခံလူရာမို႔စ္ဟာ ေဘာလုံးေလာကရဲ႕အညစ္ပတ္ဆုံးကစားသမားေတြထဲက တစ္ေယာက္ဆိုိတာ အားလုံးက လက္ခံထားၾကပါတယ္။ အဲဒီစပိန္သားဟာ ခါးသီးၿပိဳင္ဘက္ဘာစီလိုနာအသင္းက အဓိကတိုက္စစ္မႈးမက္ဆီရဲ႕ကစားသမားဘ၀အဆုံးသတ္သြားေလာက္ေအာင္ ႀကိဳးစားရတာထက္ ဘယ္ဟာကိုမွ ပိုႀကိဳက္မွာ မဟုတ္ပါဘူး။

သက္ဆိုင္ရာအသငး္ေတြရဲ႕အသင္းေခါင္းေဆာင္ေတြလည္း ျဖစ္ေနၾကတဲ့ သူတို႔ႏွစ္ယာက္ဟာ အယ္ကလက္စီကိုေတြ႕ဆုံမႈေတြမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ထိပ္တိုက္ေတြ႕ခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ တုိက္စစ္ကစားသမားက သူ႔တာ၀န္နဲ႔သူ ေက်ာ္ျဖတ္ဂိုးသြင္းႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားသလို ခံစစ္ကစားသမားကလည္း သူ႔တာ၀န္နဲ႔သူ ဘယ္လုိနည္းလမ္းနဲ႔မဆုိ ဖ်က္ထုတ္ဖုိ႔ ႀကိဳးစားပါတယ္။ ေလာေလာဆယ္ေတာ့ ၆ ထပ္ကြမ္း Ballon d’Or ဆုရွင္မက္ဆီအေပၚ ရာမို႔စ္ရဲ႕အဆုိးဆုံး၊အညစ္ပတ္ဆုံးဖ်က္ထုတ္မႈေတြကို တစ္စုတစ္စည္းထဲ ေဖာ္ျပထားတဲ့ ဗီဒီယိုဖိုင္တစ္ခုဟာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ပ်ံ႔ႏွ႔ံေနပါတယ္။

၂ မိနစ္စာနီးပါးရွိတဲ့ အဲဒီဗီဒီယိုဖုိင္မွာ ရာမို႔စ္ဟာ မက္ဆီကို ေဘာလုံးမပါဘဲနဲ႔ အသားလြတ္စုံပစ္၀င္၊အသားလြတ္ေလွ်ာထုိး၊ အသားလြတ္ကန္ေက်ာက္တဲ့အခိုက္အတန္႔ေတြပါ၀င္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မက္ဆီနဲ႔ေတြ႕တိုင္း အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ကို ဟန္႔တားႏိုင္ဖို႔က သူ႔အတြက္ အဲဒီနည္းလမ္းတစ္ခုသာ ရွိတာပါ။ အႀကိမ္တိုင္းမွာလည္း မက္ဆီတစ္ေယာက္ နာနာက်င္က်င္နဲ႔ လူးလွိမ့္ခံစားရတာကို ေတြ႕ရပါတယ္။ ေနာက္ဆုံးကစားသြားခဲ့တဲ့အယ္ကလက္စီကိုပြဲတုန္းကလည္း ေဘာလုံးလုစဥ္မွာ တံေတာင္နဲ႔တိုက္လို႔ မက္ဆီနဲ႔ရာမုိ႔စ္တို႔ ေခါင္းခ်င္းဆိုင္ၿပီး အျခအတင္ျဖစ္ခဲ့ၾကေသးတယ္။