စီးရီးအေနဲ့ပတ်သက်လို့ စီရော်နယ်ဒိုသတိပေးခဲ့တာကို ဖွင့်ဟလိုက်တဲ့ လူကာကူ

photo-goal

photo-EPA

အင်တာမီလန်တိုက်စစ်မှုးလူကာကူက စီးရီးအေပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ဂိုးသွင်းဖို့ အခက်အခဲဆုံးနေရာဖြစ်တယ်ဆိုတဲ့အကြောင်းကို စီရော်နယ်ဒိုက သူ့ကို သတိပေးခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ စီရော်နယ်ဒိုဆိုတာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဂိုးသွင်းသူတွေထဲက တစ်ယောက်ပါ။ သူဟာ အင်္ဂလန်နဲ့စပိန်တို့မှာ အမှတ်ပေးချန်ပီယံဆုရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် အီတလီက သူ့ရဲ့ပထမဆုံးရာသီမှာပဲ စကူဒတ်ကိုအောင်မြင်မှုကို ရယူနိုင်ခဲ့ပြန်ပါတယ်။

photo-gettyimages

လူကာကူလိုပဲ မန်ယူမှာကစားခဲ့ဖူးတဲ့ စီရော်နယ်ဒိုဟာ ရာသီမစခင်တုန်းက အင်တာနဲ့အတူ စီးရီးအေကို စတင်ရောက်ရှိလာတဲ့ အဲဒီဘယ်လ်ဂျီယံသားတိုက်စစ်မှုးနဲ့ စကားပြောခဲ့တော့ ပြိုင်ပွဲရဲ့ခက်ခဲပုံအကြောင်း သတိပေးခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီအဲဗာတန်နဲ့ဝက်စ်ဘရွန်းတိုက်စစ်မှုးဟောင်းဟာ အီတလီမှာ တာထွက်ကောင်းနေပြီး ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ၁၂ ဂိုးသွင်းယူထားပါတယ်။ ဒါပေမဲ့ သူက စီရော်နယ်ဒိုပြောခဲ့တာဟာ မှန်တယ်လို့ လက်ခံခဲ့ပါတယ်။

photo-gettyimages

”စီးရီးအေမှာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးခံစစ်လိဂ်ပါလို့ စီရော်နယ်ဒိုက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ နေရာတိုင်းမှာ သူဂိုးသွင်းခဲ့ပေမယ့် စီးရီးအေက အခက်ခဲဆုံးနေရာဖြစ်တယ်ဆိုတဲ့အကြောင်း သူပြောခဲ့တာပါ။ စီရော်နယ်ဒိုတောင် ခက်ခဲတယ်ဆိုရင် တကယ်ကိုခက်ခဲတဲ့နေရာဖြစ်မှာပေါ့။ အင်္ဂလန်မှာထက် ပိုခက်ခဲပါတယ်။ ဒီမှာက ပိုအကြိတ်အနယ်ဆန်ပြီး အရာအားလုံးဟာ နည်းစနစ်ကျကျနဲ့သွားနေတာပါ”လို့ အင်တာဗျူးတစ်ခုမှာ လူကာကူက ပြောခဲ့တာပါ။

[Zawgyi]



