စီးတီးကို နင်းချေခဲ့ပြီးနောက် လီဗာပူးကိုလည်း ထပ်မံကျော်ဖြတ်နိုင်ဖို့ ဂျီမီနက်ဇ် မျှော်လင့်

Photo Credit

Photo Credit

ဝုဗ်အသင်းတိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်က လက်ရှိချန်ပီယံစီးတီးကို အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာလည်း လီဗာပူးကို အဝေးကွင်းမှာ ထပ်မံကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ဝုဗ်ဟာ သောကြာညက စီးတီးကို ၃-၂ ဂိုးနဲ့အနိုင်ယူကာ ဧည့်သည်အသင်းရဲ့ချန်ပီယံသရဖူကာကွယ်ရေးမျှော်လင့်ချက်ကို အဆုံးသတ်လုနီးပါးဖြစ်စေခဲ့ပြီး သူတို့ကိုယ်တိုင်လည်း အဆင့် ၅နေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit

ဝုဗ်အသင်း ဝ-၂ ဂိုးနဲ့အရေးနိမ့်နေရခဲ့ရပြီးနောက် အသင်းအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျီမီနက်ဇ်က အန်ဖီးလ်မှာ ကစားရမယ့်ပွဲမှာလည်း မိမိတို့အသင်း ကမောက်ကမရလဒ် ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

Photo Credit

”နောက်ထပ်မဖြစ်နိုင်တဲ့ရလဒ် ဘာဖြစ်လို့ မဖန်တီးနိုင်ရမှာလဲ။ ဒီပွဲက ခက်ခဲလာမှာဖြစ်ပေမယ့် ကျွန်တော်တို့လည်း ဒါကို သိထားပါတယ်”လို့ ဂျီမီနက်ဇ်က ပြောပါတယ်။

Photo Credit

ဝုဗ်ဟာ ဝ-၂ ဂိုးနဲ့ အရေးနိမ့်နေခဲ့ပြီးနောက် ထရာအိုရေးက ပထမချေပဂိုးနဲ့ ဂျီမီနက်ဇ်က ဒုတိယမြောက်ချေပဂိုး အသီးသီးသွင်းယူနိုင်ခဲ့ပြီးနောက် ပွဲချိန် ၈၉ မိနစ်မှာ ဒိုဟာတီက အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ဂျီမီနက်ဇ်က အောက်တိုဘာလအတွင်း အီတီဟတ်မှာလည်း အိမ်ရှင်စီးတီးကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဝုဗ်အသင်းရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုချီးကျူးသွားပါတယ်။

Photo Credit

”၂ဂိုးအသာနဲ့ ဦးဆောင်ခံနေရာကနေ အနိုင်ယူဖို့ဆိုတာ ဘယ်တော့မှမလွယ်ပါဘူး။ အထူးသဖြင့် စီးတီးလိုပြိုင်ဘက်မျိုးနဲ့ဆိုရင် ပိုဆိုးပါတယ်။ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် ဘောလုံးကို နှလုံးသားနဲ့ကစားမယ်ဆိုရင် အနိုင်ရဖို့ သိပ်ကောင်းတဲ့အခွင့်အရေးပဲလို့ သိနားလည်ခဲ့ပါတယ်”

Photo Credit

”ဒီပွဲက ပြီးပြည့်စုံတဲ့ပွဲမဟုတ်ပေမယ့် ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့အသင်းတစ်သင်းကို အနိုင်ရခဲ့တာပါ။ စီးတီးကို အနိုင်ရ ဒါမှမဟုတ် သရေကစားနိုင်ဖို့တောင် ခက်ခဲပေမယ့် ကျွန်တော်တို့ကတော့ ၂ပွဲစလုံးအနိုင်ရခဲ့ပါတယ်”လို့ ဂျီမီနက်ဇ်က ပြောပါတယ်။

Photo Credit

အခုဆိုရင် ဝုဗ်ဟာ အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၂ မှတ်ပဲ ကွာတော့ပြီး ချဲလ်ဆီးကလည်း တနင်္ဂနွေညမှာ နောက်ထပ်ပွဲကျပ်အဖြစ် အာဆင်နယ်နဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။ ဝုဗ်ဟာ လီဗာပူးနဲ့ပွဲအပြီး နှစ်သစ်ကူးပွဲစဉ်အဖြစ် ဝက်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

စီးတီးကို နင္းေခ်ခဲ့ၿပီးေနာက္ လီဗာပူးကိုလည္း ထပ္မံေက်ာ္ျဖတ္ႏိုင္ဖို႔ ဂ်ီမီနက္ဇ္ ေမွ်ာ္လင့္

၀ုဗ္အသင္းတုိက္စစ္မွဴး ရာအူးလ္ဂ်ီမီနက္ဇ္က လက္ရွိခ်န္ပီယံစီးတီးကို အံ့အားသင့္ဖြယ္အႏိုင္ရရွိခဲ့ၿပီးေနာက္ တနဂၤေႏြေန႔မွာလည္း လီဗာပူးကို အေ၀းကြင္းမွာ ထပ္မံေက်ာ္ျဖတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ ၀ုဗ္ဟာ ေသာၾကာညက စီးတီးကို ၃-၂ ဂိုးနဲ႔အႏိုင္ယူကာ ဧည့္သည္အသင္းရဲ႕ခ်န္ပီယံသရဖူကာကြယ္ေရးေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္လုနီးပါးျဖစ္ေစခဲ့ၿပီး သူတုိ႔ကုိယ္တိုင္လည္း အဆင့္ ၅ေနရာ တက္လွမ္းႏိုင္ခဲ့ပါတယ္။
၀ုဗ္အသင္း ၀-၂ ဂိုးနဲ႔အေရးနိမ့္ေနရခဲ့ရၿပီးေနာက္ အသင္းအတြက္ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူႏုိင္ခဲ့တဲ့ ဂ်ီမီနက္ဇ္က အန္ဖီးလ္မွာ ကစားရမယ့္ပဲြမွာလည္း မိမိတို႔အသင္း ကေမာက္ကမရလဒ္ ဖန္တီးႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ဆုိပါတယ္။
”ေနာက္ထပ္မျဖစ္ႏိုင္တဲ့ရလဒ္ ဘာျဖစ္လုိ႔ မဖန္တီးႏိုင္ရမွာလဲ။ ဒီပြဲက ခက္ခဲလာမွာျဖစ္ေပမယ့္ ကၽြန္ေတာ္တုိ႔လည္း ဒါကို သိထားပါတယ္”လုိ႔ ဂ်ီမီနက္ဇ္က ေျပာပါတယ္။
၀ုဗ္ဟာ ၀-၂ ဂိုးနဲ႔ အေရးနိမ့္ေနခဲ့ၿပီးေနာက္ ထရာအိုေရးက ပထမေခ်ပဂိုးနဲ႔ ဂ်ီမီနက္ဇ္က ဒုတိယေျမာက္ေခ်ပဂိုး အသီးသီးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ပြဲခ်ိန္ ၈၉ မိနစ္မွာ ဒိုဟာတီက အဖိုးတန္အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဂ်ီမီနက္ဇ္က ေအာက္တုိဘာလအတြင္း အီတီဟတ္မွာလည္း အိမ္ရွင္စီးတီးကို ၀-၂ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ ၀ုဗ္အသင္းရဲ႕စြမ္းေဆာင္ရည္ကို အသိအမွတ္ျပဳခ်ီးက်ဴးသြားပါတယ္။
”၂ဂိုးအသာနဲ႔ ဦးေဆာင္ခံေနရာကေန အႏိုင္ယူဖို႔ဆုိတာ ဘယ္ေတာ့မွမလြယ္ပါဘူး။ အထူးသျဖင့္ စီးတီးလုိၿပိဳင္ဘက္မ်ိဳးနဲ႔ဆုိရင္ ပိုဆုိးပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ခက္ခဲတဲ့ပြဲျဖစ္ေပမယ့္ ေဘာလုံးကို ႏွလုံးသားနဲ႔ကစားမယ္ဆုိရင္ အႏိုင္ရဖို႔ သိပ္ေကာင္းတဲ့အခြင့္အေရးပဲလုိ႔ သိနားလည္ခဲ့ပါတယ္”
”ဒီပြဲက ၿပီးျပည့္စုံတဲ့ပြဲမဟုတ္ေပမယ့္ ကၽြန္ေတာ္တုိ႔ဟာ အရမ္းေကာင္းတဲ့အသင္းတစ္သင္းကို အႏိုင္ရခဲ့တာပါ။ စီးတီးကို အႏိုင္ရ ဒါမွမဟုတ္ သေရကစားႏုိင္ဖို႔ေတာင္ ခက္ခဲေပမယ့္ ကၽြန္ေတာ္တုိ႔ကေတာ့ ၂ပဲြစလုံးအႏိုင္ရခဲ့ပါတယ္”လုိ႔ ဂ်ီမီနက္ဇ္က ေျပာပါတယ္။
အခုဆိုရင္ ၀ုဗ္ဟာ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၂ မွတ္ပဲ ကြာေတာ့ၿပီး ခ်ဲလ္ဆီးကလည္း တနဂၤေႏြညမွာ ေနာက္ထပ္ပဲြက်ပ္အျဖစ္ အာဆင္နယ္နဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။
၀ုဗ္ဟာ လီဗာပူးနဲ႔ပြဲအၿပီး ႏွစ္သစ္ကူးပြဲစဥ္အျဖစ္ ၀က္ဖို႔ဒ္နဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ ယူႏုိက္တက္နဲ႔ ဆက္တုိက္ကစားရမွာျဖစ္ပါတယ္။