စီနီယာတွေရဲ့အကန်ခံရပေမယ့် သူတို့တွေကိုလေးစားလျက်ရှိကြောင်း ပြောလာတဲ့ ပေါ့ဂ်ဘာ

photo internet

စီနီယာတွေနဲ့ဂျူနီယာတွေဆိုတာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိသလို၊ တစ်ခါတလေမှာ ကတောက်ကဆဖြစ်တဲ့အခြေအနေတွေလည်းရှိပါတယ်။ မန်ချက်စတာ ကစားသမားပေ့ါဂ်ဘာကတော့ စီနီယာတွေကို အမြဲလေးစားသမှုရှိကြောင်း အင်တာဗျူးတစ်ခုမှာပြောဆိုလာခဲ့ပါတယ်။ ဘယ်အခြေအနေအထိဆိုလည်းဆိုရင် သူ့ကိုကန်ကျောက်တာတောင် ပေါ့ဂ်ဘာဟာ စီနီယာတွေအပေါ် မမုန်းခဲ့တာဖြစ်ပါတယ်။

photo internet

ပေါ့ဂ်ဘာနဲ့အင်တာဗျူးလုပ်ခဲ့တဲ့သူကတော့ မန်ချက်စတာနဲ့ပြင်သစ်ကစားသမားဟောင်း ပက်ထရစ်အီဗရာဖြစ် ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပေါ့ဂ်ဘာကို ကန်ကျောက်ခဲ့တဲ့ကစားသမားတွေကတော့ ပေါလ်စခိုလ်းနဲ့ ရိုင်ယန်ဂစ်တို့ဖြစ်ပါတယ်။ “ကျွန်တော့်အနေနဲ့ အကုန်လုံးကိုလေးစားသမှုရှိပါတယ်။ ပက်ထရစ် ခင်ဗျားကိုရော၊ ပေါလ်စခိုလ်းကိုရော၊ ရိုင်ယန်ဂစ်ကိုရောအကုန်လုံးကို လေးစားပါတယ်။ ခင်ဗျားမှတ်မိအုံးမယ် ထင်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာတုန်းက ပေါလ်စခိုလ်းနဲ့ ရိုင်ယန်ဂစ်က ကျွန်တော့်ကို အမြဲကန်ခဲ့တာလေ။ ကျွန်တော်သူတို့ကိုပြန်ပဲကြည့်ခဲ့ပါတယ်။ ဘာမှမပြောခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင် လေးစားသမှုရှိလို့ပါ”လို့ ပေါ့ဂ်ဘာကပြောပါတယ်။

photo internet

“အဲဒီတုန်းက ခင်ဗျားပြောခဲ့တယ်လေ သူတို့ကျွန်တော်ကိုလာကန်ရင် B….နဲ့စတဲ့ စကားလုံးပြန်ပြောလိုက်ဖို့လေ။ ကျွန်တော့်ရဲ့ပုံစံအနေအထားလည်းပြောင်းဖို့သင့်တယ်လို့ပြောခဲ့သေး တယ်လေ။ နောက်နေ့ကျွန်တော်လေ့ကျင့်ရေး ကွင်းကို လာတဲ့အချိန်မှာတော့….” “(အဲဒီအချိန်မှာ ပက်ထရစ်အီဗရာက စကားစပြတ်အောင် ဝင်ပြောလိုက်ပါတယ်)အဲဒီတုန်းက မင်းက မိစ္ဆာကြီးတစ်ကောင်လိုပဲ”လို့ အီဗာရာက ပြောပါတယ်။

photo internet

ပေါဂ့်ဘာဟာ မန်ချက်စတာအကယ်ဒမီကို ၁၆နှစ်သားကတည်းကရောက်ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အသင်းရဲ့အဓိက ကစားသမားထဲကတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့် ပေ့ါဂ်ဘာတစ်ယောက် မန်ချက်စတာကနေ အသင်းပြောင်းချင်စိတ်တွေဖြစ်ခဲ့ပါသေးတယ်။ အခုအခါဒဏ်ရာရထားတာကြောင့် ပေ့ါဂ်ဘာတစ်ယောက် ပွဲမထွက်နိုင်ဖြစ်နေပါတယ်။ သိပ်မကြာခင်ပွဲထွက်နိုင်မယ်လို့တော့ သတင်းတွေထွက်နေပါတယ်။

photo internet

(Zawgyi Version)

စီနီယာေတြရဲ႕အကန္ခံရေပမယ့္ သူတို႔ေတြကိုေလးစားလ်က္ရိွေၾကာင္း ေျပာလာတဲ့ ေပါ့ဂ္ဘာ

စီနီယာေတြနဲ႔ဂ်ဴနီယာေတြဆိုတာ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြရိွသလို၊ တစ္ခါတေလမွာ ကေတာက္ကဆျဖစ္တဲ့အေျခအေနေတြလည္းရိွပါတယ္။ မန္ခ်က္စတာ ကစားသမားေပ့ါဂ္ဘာကေတာ့ စီနီယာေတြကို အၿမဲေလးစားသမႈရိွေၾကာင္း အင္တာဗ်ဴးတစ္ခုမွာေျပာဆိုလာခဲ့ပါတယ္။ ဘယ္အေျခအေနအထိဆိုလည္းဆိုရင္ သူ႔ကိုကန္ေက်ာက္တာေတာင္ ေပါ့ဂ္ဘာဟာ စီနီယာေတြအေပၚ မမုန္းခဲ့တာျဖစ္ပါတယ္။

ေပါ့ဂ္ဘာနဲ႔အင္တာဗ်ဴးလုပ္ခဲ့တဲ့သူကေတာ့ မန္ခ်က္စတာနဲ႔ျပင္သစ္ကစားသမားေဟာင္း ပက္ထရစ္အီဗရာျဖစ္ ပါတယ္။ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ေပါ့ဂ္ဘာကို ကန္ေက်ာက္ခဲ့တဲ့ကစားသမားေတြကေတာ့ ေပါလ္စခိုလ္းနဲ႔ ရိုင္ယန္ဂစ္တို႔ျဖစ္ပါတယ္။ “ကၽြန္ေတာ့္အေနနဲ႔ အကုန္လုံးကိုေလးစားသမႈရိွပါတယ္။ ပက္ထရစ္ ခင္ဗ်ားကိုေရာ၊ ေပါလ္စခိုလ္းကိုေရာ၊ ရိုင္ယန္ဂစ္ကိုေရာအကုန္လုံးကို ေလးစားပါတယ္။ ခင္ဗ်ားမွတ္မိအုံးမယ္ ထင္ပါတယ္။ ေလ့က်င့္ေရးအစီအစဥ္မွာတုန္းက ေပါလ္စခိုလ္းနဲ႔ ရိုင္ယန္ဂစ္က ကၽြန္ေတာ့္ကို အၿမဲကန္ခဲ့တာေလ။ ကၽြန္ေတာ္သူတို႔ကိုျပန္ပဲၾကည့္ခဲ့ပါတယ္။ ဘာမွမေျပာခဲ့ပါဘူး။ဘာေၾကာင့္လဲဆုိရင္ ေလးစားသမႈရိွလို႔ပါ”လို႔ ေပါ့ဂ္ဘာကေျပာပါတယ္။

“အဲဒီတုန္းက ခင္ဗ်ားေျပာခဲ့တယ္ေလ သူတို႔ကၽြန္ေတာ္ကိုလာကန္ရင္ B….နဲ႔စတဲ့ စကားလုံးျပန္ေျပာလုိက္ဖို႔ေလ။ ကၽြန္ေတာ့္ရဲ႕ပုံစံအေနအထားလည္းေျပာင္းဖို႔သင့္တယ္လို႔ေျပာခဲ့ေသး တယ္ေလ။ ေနာက္ေန႔ကၽြန္ေတာ္ေလ့က်င့္ေရးကြင္းကို လာတဲ့အခ်ိန္မွာေတာ့….” “(အဲဒီအခ်ိန္မွာ ပက္ထရစ္အီဗရာက စကားစျပတ္ေအာင္ ၀င္ေျပာလိုက္ပါတယ္)အဲဒီတုန္းက မင္းက မိစၦာႀကီးတစ္ေကာင္လိုပဲ”လို႔ အီဗာရာက ေျပာပါတယ္။

ေပါဂ့္ဘာဟာ မန္ခ်က္စတာအကယ္ဒမီကို ၁၆ႏွစ္သားကတည္းကေရာက္ရွိခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ အသင္းရဲ႕အဓိက ကစားသမားထဲကတစ္ေယာက္ျဖစ္ေနပါၿပီ။ ဒါေပမယ့္ ေပ့ါဂ္ဘာတစ္ေယာက္ မန္ခ်က္စတာကေန အသင္းေျပာင္းခ်င္စိတ္ေတြျဖစ္ခဲ့ပါေသးတယ္။ အခုအခါဒဏ္ရာရထားတာေၾကာင့္ ေပ့ါဂ္ဘာတစ္ေယာက္ ပြဲမထြက္ႏိုင္ျဖစ္ေနပါတယ္။ သိပ္မၾကာခင္ပြဲထြက္ႏိုင္မယ္လုိ႔ေတာ့ သတင္းေတြထြက္ေနပါတယ္။