စပါးရောက်အမှတ်တရအဖြစ် ၃၈ ခုမြောက် မော်ရင်ဟိုတက်တူးထိုးလိုက်တဲ့ မော်ကြီးရဲ့စူပါဖန်

photo-the sun

photo-the sun

ဘောလုံးမှာ ပရိသတ်တွေရှိကြတယ်။ အဲဒီထဲမှာမှ လုံးဝကိုရေမရောတဲ့ပရိသတ်စစ်စစ်တွေ ရှိကြတယ်။ စူပါဖန်တွေလို့ ဆိုရင်လည်း မမှားဘူး။ ဘာလုပ်လုပ် ဘာဆိုဆို မီဒီယာစာမျက်နှာထက် နေရာယူနိုင်တဲ့မော်ရင်ဟိုဆီမှာလည်း စူပါဖန်တစ်ယောက် ရှိနေပါတယ်။ အသက် ၆၂ နှစ်အရွယ် ဗစ်ဘော်ဒီကုတ်ဆိုတဲ့ အမျိုးသမီးကြီးဟာလည်း မော်ရင်ဟိုကို ရူးသွပ်တဲ့ဖန်တစ်ယောက်ဖြစ်ပြီး အခုဆိုရင် သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အဲဒီစပယ်ရှယ်ဝမ်းနဲ့ပတ်သက်တဲ့ ၃၈ ခုမြောက် တက်တူးကို ထိုးလိုက်ပြီဖြစ်ပါတယ်။

photo-the sun

အင်္ဂလန် လက်ကန်ရှိုင်းယားအရပ်က အဲဒီအမျိုးသမီးကြီးဟာ ၃ နှစ်အတွင်းမှာတင် မော်ရင်ဟိုတက်တူးတွေအတွက် ပေါင် ၂၀၀၀ ဝန်းကျင်သုံးစွဲခဲ့ပါတယ်။ တကယ်လို့ မော်ရင်ဟိုသာ စပါးကို ဆုဖလားယူပေးနိုင်မယ်ဆိုရင် တက်တူးထပ်ထိုးဦးမှာလို့ သူမက The Sun သတင်းစာကို ပြောခဲ့ပါတယ်။ ချဲလ်ဆီးက အထုတ်ခံရပြီး အိုးလ်ထရက်ဖို့ဒ်ကို မော်ကြီးရောက်လာပြီးတဲ့နောက် ဗစ်ဘော်ဒီကုတ်ဟာ ၂၀၁၇ မှာ သူမရဲ့ပထမဆုံးမော်ရင်ဟိုတက်တူးကို စထိုးခဲ့တာပါ။ မော်ရင်ဟိုရဲ့ခန့်ညားတဲ့ရုပ်အသွင်အပြင်၊ သန့်ရှင်းသပ်ရပ်တဲ့ဝတ်ပုံစားပုံနဲ့ ရှေးရိုးစွဲမဟုတ်တဲ့သဘောထားတွေက တက်တူးထိုးဖို့အထိ သူမကို စေ့ဆော်ပေးနိုင်ခဲ့ပါတယ်။ ဆိုရရင် မော်ရင်ဟိုဟာ ဗစ်ဘော်ဒီကုတ်ကို ကြွေစေနိုင်ခဲ့တာပါ။

photo-the sun

မန်ယူကနေ မော်ရင်ဟိုအထုတ်ခံရပြီးတဲ့နောက် အဲဒီအမျိုးသမီကြီးဟာ မန်ယူကို ဆက်အားပေးခြင်း မရှိတော့ပါဘူး။ စပါးအလုပ်ကိုလက်မခံခင် နည်းပြအလုပ်ကနေ မော်ရင်ဟိုခဏနားသွားတာဟာ သူမကို စိတ်ထိခိုက်စေတယ်လို့ ဗစ်ဘော်ဒီကုတ်က ဝန်ခံခဲ့ပါတယ်။ အခုတော့ သူမဟာ မော်ရင်ဟိုကြောင့် စပါးပရိသတ်တစ်ယောက် ဖြစ်သွားပါပြီ။ မော်ရင်ဟို ဘယ်သွားသွား လိုက်အားပေးမယ်လို့လည်း ဆိုခဲ့ပါတယ်။ အခုလည်း မော်ရင်ဟိုရဲ့စပါးရောက်အမှတ်တရအတွက် မော်ကြီးနဲ့ပတ်သက်တဲ့ စပါးစာသားပါတက်တူးကို ထိုးပြီးသွားပါပြီ။ ရှာမှရှားတဲ့ စူပါဖန်တစ်ယောက်ပါပဲ။

[Zawgyi]

စပါးေရာက္အမွတ္တရအျဖစ္ ၃၈ ခုေျမာက္ ေမာ္ရင္ဟိုတက္တူးထိုးလုိက္တဲ့ ေမာ္ႀကီးရဲ႕စူပါဖန္

ေဘာလုံးမွာ ပရိသတ္ေတြရွိၾကတယ္။ အဲဒီထဲမွာမွ လုံး၀ကိုေရမေရာတဲ့ပရိသတ္စစ္စစ္ေတြ ရွိၾကတယ္။ စူပါဖန္ေတြလို႔ ဆုိရင္လည္း မမွားဘူး။ ဘာလုပ္လုပ္ ဘာဆုိဆုိ မီဒီယာစာမ်က္ႏွာထက္ ေနရာယူႏိုင္တဲ့ေမာ္ရင္ဟိုဆီမွာလည္း စူပါဖန္တစ္ေယာက္ ရွိေနပါတယ္။ အသက္ ၆၂ ႏွစ္အရြယ္ ဗစ္ေဘာ္ဒီကုတ္ဆုိတဲ့ အမ်ိဳးသမီးႀကီးဟာလည္း ေမာ္ရင္ဟိုကို ရူးသြပ္တဲ့ဖန္တစ္ေယာက္ျဖစ္ၿပီး အခုဆိုရင္ သူမရဲ႕ခႏၶာကိုယ္ေပၚမွာ အဲဒီစပယ္ရွယ္၀မ္းနဲ႔ပတ္သက္တဲ့ ၃၈ ခုေျမာက္ တက္တူးကို ထိုးလုိက္ၿပီျဖစ္ပါတယ္။

အဂၤလန္ လက္ကန္ရိႈင္းယားအရပ္က အဲဒီအမ်ိဳးသမီးႀကီးဟာ ၃ ႏွစ္အတြင္းမွာတင္ ေမာ္ရင္ဟုိတက္တူးေတြအတြက္ ေပါင္ ၂၀၀၀ ၀န္းက်င္သုံးစြဲခဲ့ပါတယ္။ တကယ္လို႔ ေမာ္ရင္ဟိုသာ စပါးကုိ ဆုဖလားယူေပးႏုိင္မယ္ဆိုရင္ တက္တူးထပ္ထုိးဦးမွာလို႔ သူမက The Sun သတင္းစာကို ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးက အထုတ္ခံရၿပီး အုိးလ္ထရက္ဖို႔ဒ္ကို ေမာ္ႀကီးေရာက္လာၿပီးတဲ့ေနာက္ ဗစ္ေဘာ္ဒီကုတ္ဟာ ၂၀၁၇ မွာ သူမရဲ႕ပထမဆုံးေမာ္ရင္ဟိုတက္တူးကို စထိုးခဲ့တာပါ။ ေမာ္ရင္ဟိုရဲ႕ခန္႔ညားတဲ့ရုပ္အသြင္အျပင္၊ သန္႔ရွင္းသပ္ရပ္တဲ့၀တ္ပုံစားပုံနဲ႔ ေရွးရိုးစြဲမဟုတ္တဲ့သေဘာထားေတြက တက္တူးထိုးဖို႔အထိ သူမကို ေစ့ေဆာ္ေပးႏိုင္ခဲ့ပါတယ္။ ဆုိရရင္ ေမာ္ရင္ဟုိဟာ ဗစ္ေဘာ္ဒီကုတ္ကို ေၾကြေစႏိုင္ခဲ့တာပါ။

မန္ယူကေန ေမာ္ရင္ဟိုအထုတ္ခံရၿပီးတဲ့ေနာက္ အဲဒီအမ်ိဳးသမီႀကီးဟာ မန္ယူကို ဆက္အားေပးျခင္း မရွိေတာ့ပါဘူး။ စပါးအလုပ္ကိုလက္မခံခင္ နည္းျပအလုပ္ကေန ေမာ္ရင္ဟိုခဏနားသြားတာဟာ သူမကို စိတ္ထိခုိက္ေစတယ္လို႔ ဗစ္ေဘာ္ဒီကုတ္က ၀န္ခံခဲ့ပါတယ္။ အခုေတာ့ သူမဟာ ေမာ္ရင္ဟိုေၾကာင့္ စပါးပရိသတ္တစ္ေယာက္ ျဖစ္သြားပါၿပီ။ ေမာ္ရင္ဟို ဘယ္သြားသြား လုိက္အားေပးမယ္လုိ႔လည္း ဆုိခဲ့ပါတယ္။ အခုလည္း ေမာ္ရင္ဟုိရဲ႕စပါးေရာက္အမွတ္တရအတြက္ ေမာ္ႀကီးနဲ႔ပတ္သက္တဲ့ စပါးစာသားပါတက္တူးကို ထိုးၿပီးသြားပါၿပီ။ ရွာမွရွားတဲ့ စူပါဖန္တစ္ေယာက္ပါပဲ။