စပါးနဲ့ပွဲကို မာရှယ်လွဲနိုင်ပြီး ဗဟိုခံစစ် ၃ ယောက်ပုံစံကိုပဲ ဆိုးလ်ရှားထပ်သုံးနိုင်

photo-PA

photo-gettyimages

ဒဏ်ရာပြသနာကြောင့် မန်ယူတိုက်စစ်မှုးမာရှယ်ဟာ ဒီနေ့ညကစားမယ့် စပါးနဲ့ပွဲကို လွဲတော့မယ်လို့ သိရပါတယ်။ အဲဒီပြင်သစ်သားဟာ အက်စ်တွန်ဗီလာနဲ့ နောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်းပွဲမှာ ပွဲချိန် ၈၂ မိနစ်အရောက် လူစားလဲခံခဲ့ရပြီး ကြွက်သားဒဏ်ရာပြသနာနဲ့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။ မာရှယ်ဟာ ဒီရာသီမှာ ၁၂ ပွဲသာကစားထားပြီး တံကောက်ကြောဒဏ်ရာကြောင့် ၂ လကြာနားခဲ့ရသူလည်း ဖြစ်ပါတယ်။

photo-gettyimages

ပြီးခဲ့တဲ့အောက်တိုဘာက လီဗာပူးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်အဖြစ်နဲ့ ပြန်လာနိုင်ခဲ့ပြီးနောက် မာရှယ်ဟာ မန်ယူရဲ့နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲစလုံးမှာ ပွဲထွက်အဖြစ် ပါဝင်နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း မာရှယ်ဟာ ရာသီအဖွင့် ၂ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၁ ဂိုးသာသွင်းနိုင်ပါတော့တယ်။ ဒါကြောင့်လည်း မာရှယ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ မန်ယူအတွက် ၃ ဂိုးသာသွင်းပေးနိုင်ပါသေးတယ်။

photo-gettyimages

ဒါ့အပြင် မန်ယူနည်းပြဆိုးလ်ရှားဟာ စပါးနဲ့အိမ်ကွင်းပွဲမှာ ဗဟိုခံစစ် ၃ ယောက်နဲ့ကစားကွက်ကို ထပ်မံအသုံးပြုနိုင်တယ်လို့ sky sports သတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လ ရှက်ဖီယူနိုက်တက်နဲ့ ၃-၃ သရေကျခဲ့တဲ့ ပွဲတုန်းကလည်း ဆိုးလ်ရှားဟာ အဲဒီကစားကွက်ကိုအသုံးပြုခဲ့ပြီး ဗဟိုခံစစ် ၃ ယောက်အဖြစ် မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ဖီးလ်ဂျုံးစ်တို့ကို အသုံးပြုခဲ့တာပါ။ အောက်တိုဘာလတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲတုန်းကလည်း ဆိုးလ်ရှားဟာ ဗဟိုခံစစ် ၃ ယောက် ကစားကွက်ကိုပဲ အသုံးပြုခဲ့ပါတယ်။

[Zawgyi]

စပါးနဲ႔ပြဲကို မာရွယ္လြဲႏိုင္ၿပီး ဗဟိုခံစစ္ ၃ ေယာက္ပုံစံကိုပဲ ဆုိးလ္ရွားထပ္သုံးႏိုင္

ဒဏ္ရာျပသနာေၾကာင့္ မန္ယူတိုက္စစ္မႈးမာရွယ္ဟာ ဒီေန႔ညကစားမယ့္ စပါးနဲ႔ပြဲကို လြဲေတာ့မယ္လုိ႔ သိရပါတယ္။ အဲဒီျပင္သစ္သားဟာ အက္စ္တြန္ဗီလာနဲ႔ ေနာက္ဆုံးကစားခဲ့တဲ့အိမ္ကြင္းပြဲမွာ ပြဲခ်ိန္ ၈၂ မိနစ္အေရာက္ လူစားလဲခံခဲ့ရၿပီး ၾကြက္သားဒဏ္ရာျပသနာနဲ႔ ရုန္းကန္ေနရတယ္လုိ႔ သိရပါတယ္။ မာရွယ္ဟာ ဒီရာသီမွာ ၁၂ ပြဲသာကစားထားၿပီး တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ၂ လၾကာနားခဲ့ရသူလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာက လီဗာပူးနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ လူစား၀င္အျဖစ္နဲ႔ ျပန္လာႏိုင္ခဲ့ၿပီးေနာက္ မာရွယ္ဟာ မန္ယူရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ ၆ ပြဲစလုံးမွာ ပြဲထြက္အျဖစ္ ပါ၀င္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့လည္း မာရွယ္ဟာ ရာသီအဖြင့္ ၂ ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ၁ ဂိုးသာသြင္းႏိုင္ပါေတာ့တယ္။ ဒါေၾကာင့္လည္း မာရွယ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ မန္ယူအတြက္ ၃ ဂိုးသာသြင္းေပးႏိုင္ပါေသးတယ္။

ဒါ့အျပင္ မန္ယူနည္းျပဆုိးလ္ရွားဟာ စပါးနဲ႔အိမ္ကြင္းပြဲမွာ ဗဟုိခံစစ္ ၃ ေယာက္နဲ႔ကစားကြက္ကို ထပ္မံအသုံးျပဳႏုိင္တယ္လို႔ sky sports သတင္းဌာနက ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့လ ရွက္ဖီယူႏိုက္တက္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ ပြဲတုန္းကလည္း ဆုိးလ္္ရွားဟာ အဲဒီကစားကြက္ကိုအသုံးျပဳခဲ့ၿပီး ဗဟုိခံစစ္ ၃ ေယာက္အျဖစ္ မက္ဂြိဳငး္ယား၊ လင္ဒီေလာ့ဖ္နဲ႔ဖီးလ္ဂ်ဳံးစ္တို႔ကို အသုုံးျပဳခဲ့တာပါ။ ေအာက္တုိဘာလတုန္းက အုိးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲတုန္းကလည္း ဆုိးလ္ရွားဟာ ဗဟုိခံစစ္ ၃ ေယာက္ ကစားကြက္ကိုပဲ အသုံးျပဳခဲ့ပါတယ္။