စပါးကိုငြင်းပယ်ဖို့ မော်ရင်ဟိုကို ရီးရဲလ်ပေါင် ၁၂ သန်းပေးမယ်ဆိုပြီးကမ်းလှမ်းခဲ့တယ်လို့ ဆို

Photo- Internet
Photo- Internet

မော်ရင်ဟိုအနေနဲ့ စပါးနည်းပြရာထူးကို ငြင်းပယ်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၁၂ သန်းအထိပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။ ရီးရဲလ်ဟာ မော်ရင်ဟိုကိုပြန်လည်ခေါ်ယူဖို့ အလိုရှိခဲ့ပြီး ဇီဒန်းကိုထုတ်ပယ်မယ့်အချိန်ကိုစောင့်ဖို့တောင်းဆိုပြီးပေါင် ၁၂ သန်းပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ စပါးနည်းပြရာထူးကို လက်ခံခဲ့ပေမယ့် သူ့ကိုရီးရဲလ်ကခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။ ရီးရဲလ်ဟာ ရာသီအစပိုင်းမှာခြေစွမ်းပုံမှန်မရှိခဲ့လို့ ဇီဒန်းကိုထုတ်ပယ်ဖို့ အထိပြင်ဆင်ထားတာပါ။ အဲဒီတုန်းက မော်ရင်ဟိုဟ ဈေးကွက်ထဲမှာ ရှိနေချိန်ဖြစ်လို့ သူတို့အတွက်ကိစ္စမရှိခဲ့ပေမယ့် စပါးအသင်းကို သူတာဝန်ယူလိုက်မှုက အခက်တွေ့သွားစေပါတယ်။

Photo- Internet

ဒါကြောင့်လည်း မော်ရင်ဟိုကို စပါးကိုငြင်းပယ်ပြီး ဇီဒန်းထုတ်ပယ်ခံရချိန်အထိစောင့်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကမန်ယူနည်းပြ ရာထူးကနေထုတ်ပယ်ခံရပြီးနောက်ပိုင်း အေစီမီလန်၊ ဒေါ့မန်၊ လိုင်ယွန်၊ တရုတ်စူပါလိဂ်ကလပ်အချို့နဲ့ လည်းသတင်းထွက်ခဲ့သေးတာပါ။

Photo- Internet

ဂွမ်ဇူးအသင်းဆိုရင် မော်ရင်ဟိုကို အခွန်ဆောင်ပြီးတစ်နှစ်လစာပေါင်သန်း ၄၀ အထိပေးမယ်ဆိုပြီးကမ်းလှမ်းခဲ့ပေမယ့် သူကငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် စပါးလိုအသင်းရဲ့ကမ်းလှမ်းမှုကိုတော့ ပယ်ချနိုင်စွမ်းမရှိခဲ့တဲ့အပြင် အင်္ဂလန်မှာဆက်လက် နည်းပြလိုတဲ့ သူ့ဆန္ဒကြောင့်လည်း လက်ခံလိုက်တာဖြစ်ပါတယ်။

Photo- Internet

သူဟာပြီးခဲ့တဲ့ နွေရာသီတုန်းက အသင်းအချို့ရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပေမယ့် သူ့အတွက်သင့်လျော်တဲ့ ကလပ်တစ်ခုရဖို့ စိတ်ရှည်စွာစောင့်ဆိုင်းမယ်လို့ ပြောခဲ့တာပါ။ ဒါကြောင့်လည်း နွေရာသီဈေးကွက်ထဲမှာ သူက နည်းပြတာဝန်ကို မယူခဲ့တာဖြစ်ပါတယ်။

Photo- Internet

Zawgyi

စပါးကိုျငင္းပယ္ဖို႔ ေမာ္ရင္ဟိုကို ရီးရဲလ္ေပါင္ ၁၂ သန္းေပးမယ္ဆိုၿပီးကမ္းလွမ္းခဲ့တယ္လို႔ ဆို

ေမာ္ရင္ဟိုအေနနဲ႔ စပါးနည္းျပရာထူးကို ျငင္းပယ္မယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္အသင္းက ေပါင္ ၁၂ သန္းအထိေပးမယ္ဆိုၿပီး ကမ္းလွမ္းခဲ့တယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။ ရီးရဲလ္ဟာ ေမာ္ရင္ဟိုကိုျပန္လည္ေခၚယူဖို႔ အလိုရွိခဲ့ၿပီး ဇီဒန္းကိုထုတ္ပယ္မယ္႔အခ်ိန္ကိုေစာင့္ဖို႔ေတာင္းဆိုၿပီးေပါင္ ၁၂ သန္းေပးမယ္လို႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ စပါးနည္းျပရာထူးကို လက္ခံခဲ့ေပမယ္႔ သူ႔ကိုရီးရဲလ္ကေခၚယူဖို႔ စိတ္၀င္စားခဲ့တာပါ။ ရီးရဲလ္ဟာ ရာသီအစပိုင္းမွာေျခစြမ္းပုံမွန္မရွိခဲ့လို႔ ဇီဒန္းကိုထုတ္ပယ္ဖို႔ အထိျပင္ဆင္ထားတာပါ။ အဲဒီတုန္းက ေမာ္ရင္ဟိုဟ ေစ်းကြက္ထဲမွာ ရွိေနခ်ိန္ျဖစ္လို႔ သူတို႔အတြက္ကိစၥမရွိခဲ့ေပမယ္႔ စပါးအသင္းကို သူတာ၀န္ယူလိုက္မႈက အခက္ေတြ႔သြားေစပါတယ္။

ဒါေၾကာင့္လည္း ေမာ္ရင္ဟိုကို စပါးကိုျငင္းပယ္ၿပီး ဇီဒန္းထုတ္ပယ္ခံရခ်ိန္အထိေစာင့္ဖို႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ႔ ၂၀၁၈ ဒီဇင္ဘာလကမန္ယူနည္းျပ ရာထူးကေနထုတ္ပယ္ခံရၿပီးေနာက္ပိုင္း ေအစီမီလန္၊ ေဒါ့မန္၊ လိုင္ယြန္၊ တရုတ္စူပါလိဂ္ကလပ္အခ်ဳိ႕နဲ႔ လည္းသတင္းထြက္ခဲ့ေသးတာပါ။

ဂြမ္ဇူးအသင္းဆိုရင္ ေမာ္ရင္ဟိုကို အခြန္ေဆာင္ၿပီးတစ္ႏွစ္လစာေပါင္သန္း ၄၀ အထိေပးမယ္ဆိုၿပီးကမ္းလွမ္းခဲ့ေပမယ္႔ သူကျငင္းပယ္ခဲ့ပါတယ္။ ဒါေပမယ္႔ စပါးလိုအသင္းရဲ႕ကမ္းလွမ္းမႈကိုေတာ႔ ပယ္ခ်ႏိုင္စြမ္းမရွိခဲ့တဲ႔အျပင္ အဂၤလန္မွာဆက္လက္ နည္းျပလိုတဲ႔ သူ႔ဆႏၵေၾကာင့္လည္း လက္ခံလိုက္တာျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ႔ ေႏြရာသီတုန္းက အသင္းအခ်ဳိ႕ရဲ႕ကမ္းလွမ္းမႈကို လက္ခံရရွိခဲ့ေပမယ္႔ သူ႔အတြက္သင့္ေလ်ာ္တဲ႔ ကလပ္တစ္ခုရဖို႔ စိတ္ရွည္စြာေစာင္႔ဆိုင္းမယ္လို႔ ေျပာခဲ့တာပါ။ ဒါေၾကာင့္လည္း ေႏြရာသီေစ်းကြက္ထဲမွာ သူက နည္းျပတာ၀န္ကို မယူခဲ့တာျဖစ္ပါတယ္။