ဂျူဗီနဲ့အတူနောက်ထပ်ရွှေဘောလုံးဆုယူဖို့ စီရော်နယ်ဒိုဆန္ဒရှိနေ

0
519
PC ; Internet

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘဲ ဂျူဗီနဲ့အတူ နောက်ထပ် ရွှေဘောလုံးဆု(Ballon d’Or )ကိုဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ဂျူဗင်တပ်အားကစားဒါရိုက်တာ ပါရာတီစီရဲ့အမြင်ဖြစ်ပြီး စီရော်နယ်ဒိုအနေနဲ့ ၂၀၂၀ ခုနှစ်၊ နွေရာသီအထိ တူရင်မှာဆက်ရှိနေမယ်ဆိုတာ ယုံကြည်နေတယ်လို့ပြောဆိုလိုက်ကြောင်း Sky Sport Italia ကဖော်ပြလိုက်တာဖြစ်ပါတယ်။ စီရော်နယ်ဒိုနဲ့ နည်းပြဆာရီတို့ဟာ လတ်တလောမှာ အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

PC ; Internet

အေစီမီလန်နဲ့ပွဲ ပွဲချိန်(၅၅)မိနစ်မှာ လူစားလဲခံခဲ့ရပြီးတဲ့နောက် စီရော်နယ်ဒိုဟာ ပွဲမပြီးခင်ကွင်းထဲကနေ ထွက်ခွာခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ပါရာတီစီကတော့ စီရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ ဂျူဗင်တပ်အသင်းမှာပဲဆက်ရှိနေမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်အားကစားဒါရိုက်တာ ပါရာတီစီက “ကျွန်တော်တို့ရဲ့အမြင်မှာတော့ သူက Ballon d’Or ဆုနဲ့ထိုက်တန်တဲ့သူပါ။ စီရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ အသင်းနဲ့အတူဆက်ရှိနေမယ်လို့ အကြွင်းမဲ့ယုံကြည်ထားပါတယ်။

PC ; Internet

သူဟာ ကျွန်တော်တို့နဲ့အတူနောက်ထပ် Ballon d’Or ဆုကိုအလိုရှိနေသလို အသင်းဘက်ကလည်း သူ့ကိုအပြည့်အဝထောက်ပံ့ပေးသွားမှာပါ” လို့ စကိုင်းစပေါ့အီတာလီယာကို ပြောကြားသွားခဲ့တာပါ။ ဒါ့အပြင် ပါရာတီစီက လာမယ့်ဇန်နဝါရီဈေးကွက်အတွင်းမှာ ကစားသမားသစ်ခေါ်ယူဖို့ အစီအစဉ်မရှိသလို မန်ဇူကစ်ကလွဲပြီး အသင်းမှာရှိတဲ့ ကစားသမားတွေကိုရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

PC ; Internet

“ဇန်နဝါရီမှာ ကျွန်တော်တို့ဟာ ကစားသမားတွေခေါ်မှာမဟုတ်သလို ကစားသမားတွေကိုရောင်းချမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မန်ဇူကစ်ကတော့ ခြွင်းချက်ဖြစ်ပါတယ်”လို့ ပါရာတီစီဖွင့်ဟခဲ့ပါတယ်။ နည်းပြဆာရီလက်ထက်မှာ အပယ်ခံဖြစ်နေတဲ့မန်ဇူကစ်ကိုခေါ်ယူရေးးအတွက် မန်ယူအသင်းကချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

(zawgyi)

ဂ်ဴဗင္တပ္တုိက္စစ္မွဴးစီေရာ္နယ္ဒိုဟာ ဒီရာသီအကုန္မွာ အသင္းကေန ထြက္ခြာမွာမဟုတ္ဘဲ ဂ်ဴဗီနဲ႔အတူ ေနာက္ထပ္ ေရႊေဘာလံုးဆု(Ballon d’Or )ကိုဆြတ္ခူးႏိုင္ဖုိ႔ ပစ္မွတ္ထားေနတယ္လုိ႔သိရပါတယ္။ ဂ်ဴဗင္တပ္အားကစားဒါရုိက္တာ ပါရာတီစီရဲ႕အျမင္ျဖစ္ၿပီး စီေရာ္နယ္ဒိုအေနနဲ႔ ၂၀၂၀ ခုႏွစ္၊ ေႏြရာသီအထိ တူရင္မွာဆက္ရိွေနမယ္ဆိုတာ ယံုၾကည္ေနတယ္လို႔ေျပာဆိုလိုက္ေၾကာင္း Sky Sport Italia ကေဖာ္ျပလိုက္တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုနဲ႔ နည္းျပဆာရီတုိ႔ဟာ လတ္တေလာမွာ အဆင္မေျပျဖစ္ေနတယ္လုိ႔ သတင္းေတြထြက္ေနပါတယ္။ ေအစီမီလန္နဲ႔ပြဲ ပြဲခ်ိန္(၅၅)မိနစ္မွာ လူစားလဲခံခဲ့ရၿပီးတဲ့ေနာက္ စီေရာ္နယ္ဒိုဟာ ပြဲမၿပီးခင္ကြင္းထဲကေန ထြက္ခြာခဲ့တယ္လုိ႔ အီတလီမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ ပါရာတီစီကေတာ့ စီေရာ္နယ္ဒိုဟာ လာမယ့္ရာသီမွာ ဂ်ဴဗင္တပ္အသင္းမွာပဲဆက္ရိွေနမယ္လုိ႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဂ်ဴဗင္တပ္အားကစားဒါရိုက္တာ ပါရာတီစီက “ကၽြန္ေတာ္တို႔ရဲ႕အျမင္မွာေတာ့ သူက Ballon d’Or ဆုနဲ႔ထိုက္တန္တဲ့သူပါ။ စီေရာ္နယ္ဒိုဟာ လာမယ့္ရာသီမွာ အသင္းနဲ႔အတူဆက္ရွိေနမယ္လို႔ အၾကြင္းမဲ့ယံုၾကည္ထားပါတယ္။ သူဟာ ကၽြန္ေတာ္တို႔နဲ႔အတူေနာက္ထပ္ Ballon d’Or ဆုကိုအလိုရွိေနသလို အသင္းဘက္ကလည္း သူ႔ကိုအျပည့္အ၀ေထာက္ပံ့ေပးသြားမွာပါ” လို႔ စကိုင္းစေပါ့အီတာလီယာကို ေျပာၾကားသြားခဲ့တာပါ။ ဒါ့အျပင္ ပါရာတီစီက လာမယ့္ဇန္န၀ါရီေစ်းကြက္အတြင္းမွာ ကစားသမားသစ္ေခၚယူဖို႔ အစီအစဥ္မရွိသလို မန္ဇူကစ္ကလြဲၿပီး အသင္းမွာရိွတဲ့ ကစားသမားေတြကိုေရာင္းခ်သြားဖို႔ အစီအစဥ္မရွိဘူးလို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္္။ “ဇန္န၀ါရီမွာ ကၽြန္ေတာ္တုိ႔ဟာ ကစားသမားေတြေခၚမွာမဟုတ္သလို ကစားသမားေတြကိုေရာင္းခ်မွာလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ မန္ဇူကစ္ကေတာ့ ျခြင္းခ်က္ျဖစ္ပါတယ္”လို႔ ပါရာတီစီဖြင့္ဟခဲ့ပါတယ္။ နည္းျပဆာရီလက္ထက္မွာ အပယ္ခံျဖစ္ေနတဲ့မန္ဇူကစ္ကိုေခၚယူေရးးအတြက္ မန္ယူအသင္းကခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။