ခြေညီပြီး ခက်ခဲတဲ့ပွဲတွေမှာ မက်ဆီရှိတာဟာ အားသာချက်တစ်ခုလို့ ဘာစီလိုနာနည်းပြဗယ်ဗာဒီဖွင့်ဟ

photo-gettyimages

photo-gettyimages

သူ့ရဲ့ဘာစီလိုနာအသင်းမှာ တိုက်စစ်မှုးမက်ဆီက ဘယ်လောက်အရေးပါတယ်ဆိုတာကို နည်းပြဗယ်ဗာဒီတစ်ယောက် ကောင်းကောင်းနားလည်သဘောပေါက်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေညကစားခဲ့တဲ့ အက်သလက်တီကိုနဲ့လာလီဂါအဝေးကွင်းပွဲစဉ်မှာ ဘာစီလိုနာဟာ သရေကျမလိုဖြစ်ခဲ့ပေမယ့် ပွဲပြီးခါနီး မက်ဆီရဲ့တစ်လုံးတည်းသောဂိုးကြောင့်သာ အမှတ်ပြည့်ရသွားခဲ့တာပါ။ မက်ဆီရဲ့ ၈၆ မိနစ်ဂိုးကြောင့်သာ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်ရောက်လာခဲ့တာပါ။

photo-gettyimages

ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းက အဲဒီပွဲမှာ ဘာစီလိုနာဟာ အကောင်းဆုံးပုံစံရှိခဲ့တာမဟုတ်ဘဲ မက်ဆီကြောင့်သာ အမှတ်ပေးဇယားမှာ ရီးရဲလ်ကိုပြန်လည်ကျော်တက်ခဲ့တာပါ။ ၃၂ နှစ်အရွယ် အဲဒီအာဂျင်တီးနားသားဟာ ဆွာရက်ဇ်နဲ့ကောင်းမွန်လှတဲ့ဝမ်းတူးကနေ ဂိုးထောင့်ထဲကို ကန်သွင်းခဲ့တာပါ။ သူ့ရဲ့မှော်ဆန်မှုကိုတွေ့မြင်ရတဲ့ သွင်းဂိုးတစ်ဂိုးလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့အပတ် ဒေ့ါမန်နဲ့ ချန်ပီယံလိဂ်ပွဲတုန်းကလည်း ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ကာ ဘာစီလိုနာမှာ သူဟာ ဘယ်တော့မှ အစားထိုးရမှာမဟုတ်တဲ့ ကစားသမားဆိုတာ သက်သေထူနိုင်ခဲ့တာပါ။

photo-gettyimages

”ခြေညီပြီး ခက်ခဲတဲ့ပွဲတွေမှာဆိုရင် မက်ဆီရှိတာဟာ ကြီးမားတဲ့အားသာချက်တစ်ခု အမြဲဖြစ်ခဲ့တာပါ”လို့ ပွဲအပြီးမှာ ဘာစီလိုနာနည်းပြဗယ်ဗာဒီက ပြောခဲ့တာပါ။ ဒီရာသီ ဘာစီလိုနာဟာလည်း ခြေစွမ်းအရ အားရကျေနပ်စရာအခြေအနေမှာ မရှိပေမယ့် ပွဲစဉ်အများစုမှာ မက်ဆီရဲ့ဆွဲတင်ပေးနိုင်မှုကြောင့်သာ ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာဖြစ်သလို လာလီဂါအမှတ်ပေးဇယားကိုလည်း ဦးဆောင်နိုင်နေတာပါ။

[Zawgyi]

ေျခညီၿပီး ခက္ခဲတဲ့ပြဲေတြမွာ မက္ဆီရွိတာဟာ အားသာခ်က္တစ္ခုလုိ႔ ဘာစီလိုနာနည္းျပဗယ္ဗာဒီဖြင့္ဟ

သူ႔ရဲ႕ဘာစီလိုနာအသင္းမွာ တုိက္စစ္မႈးမက္ဆီက ဘယ္ေလာက္အေရးပါတယ္ဆုိတာကို နည္းျပဗယ္ဗာဒီတစ္ေယာက္ ေကာင္းေကာင္းနားလည္သေဘာေပါက္ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြညကစားခဲ့တဲ့ အက္သလက္တီကိုနဲ႔လာလီဂါအေ၀းကြငး္ပြဲစဥ္မွာ ဘာစီလုိနာဟာ သေရက်မလိုျဖစ္ခဲ့ေပမယ့္ ပြဲၿပီးခါနီး မက္ဆီရဲ႕တစ္လုံးတည္းေသာဂိုးေၾကာင့္သာ အမွတ္ျပည့္ရသြားခဲ့တာပါ။ မက္ဆီရဲ႕ ၈၆ မိနစ္ဂိုးေၾကာင့္သာ ဘာစီလိုနာဟာ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္ေရာက္လာခဲ့တာပါ။

၀မ္ဒါမက္ထရိုပိုလီတာႏိုကြင္းက အဲဒီပြဲမွာ ဘာစီလိုနာဟာ အေကာင္းဆုံးပုံစံရွိခဲ့တာမဟုတ္ဘဲ မက္ဆီေၾကာင့္သာ အမွတ္ေပးဇယားမွာ ရီးရဲလ္ကိုျပန္လည္ေက်ာ္တက္ခဲ့တာပါ။ ၃၂ ႏွစ္အရြယ္ အဲဒီအာဂ်င္တီးနားသားဟာ ဆြာရက္ဇ္နဲ႔ေကာင္းမြန္လွတဲ့၀မ္းတူးကေန ဂုိးေထာင့္ထဲကို ကန္သြင္းခဲ့တာပါ။ သူ႔ရဲ႕ေမွာ္ဆန္မႈကိုေတြ႕ျမင္ရတဲ့ သြင္းဂိုးတစ္ဂိုးလညး္ ျဖစ္ပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့အပတ္ ေဒ့ါမန္နဲ႔ ခ်န္ပီယံလိဂ္ပြဲတုန္းကလည္း ၁ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့ကာ ဘာစီလုိနာမွာ သူဟာ ဘယ္ေတာ့မွ အစားထုိးရမွာမဟုတ္တဲ့ ကစားသမားဆုိတာ သက္ေသထူႏိုင္ခဲ့တာပါ။

”ေျခညီၿပီး ခက္ခဲတဲ့ပြဲေတြမွာဆုိရင္ မက္ဆီရွိတာဟာ ႀကီးမားတဲ့အားသာခ်က္တစ္ခု အၿမဲျဖစ္ခဲ့တာပါ”လို႔ ပြဲအၿပီးမွာ ဘာစီလိုနာနည္းျပဗယ္ဗာဒီက ေျပာခဲ့တာပါ။ ဒီရာသီ ဘာစီလိုနာဟာလည္း ေျခစြမး္အရ အားရေက်နပ္စရာအေျခအေနမွာ မရွိေပမယ့္ ပြဲစဥ္အမ်ားစုမွာ မက္ဆီရဲ႕ဆြဲတင္ေပးႏိုင္မႈေၾကာင့္သာ ခ်န္ပီယံလိဂ္မွာ အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တာျဖစ္သလို လာလီဂါအမွတ္ေပးဇယားကိုလည္း ဦးေဆာင္ႏိုင္ေနတာပါ။