ချဲလ်ဆီး ဘာကြောင့် ဝက်စ်ဟမ်းကို ရှုံးခဲ့ရတာလဲ

PC ; Internet

ချဲလ်ဆီးဟာ လန်ဒန်ပြိုင်ဘက်ဝက်စ်ဟမ်းကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ ဝ-၁ဂိုးနဲ့အညံ့ခံလိုက်ရတယ်။ပြီးခဲ့တဲ့သီတင်းပတ်တုန်းက မန်စီးတီးကိုရှုံးထားတဲ့ ချဲလ်ဆီး ဒီပွဲမှာ ၃မှတ်အပီအပြင်ယူမယ်လို့ အားလုံးယူဆခဲ့ကြတာပါ။ဒါပေမဲ့ တကယ့်မြေပြင်အနေအထားမှာတော့ ဟမ်းမားတွေဟာ လန်ဒန်ဒါဘီမှာ မထင်မှတ်တဲ့ရလဒ်ကိုဖန်တီးသွားနိုင်ခဲ့ပါတယ်။

PC ; Internet

အမှတ်ပေးဇယား စတုတ္ထနေရာမှာ ချဲလ်ဆီး ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် ဒီရာသီ ဒုတိယမြောက်အိမ်ကွင်းရှုံးပွဲဘာကြောင့်တွေ့ခဲ့ရတာလဲဆိုတဲ့ နောက်ကွယ်က စိတ်ဝင်စားစရာလေးတွေကို လေ့လာကြည့်လိုက်တော့…

PC ; Internet

၁။အိုလီဗီရာဂီရောက်ကိုရွေးခဲ့တာမှားတယ်
ဒီရာသီမှာ ချဲလ်ဆီးရဲ့ပထမဦးစားပေးတိုက်စစ်မှူးက အေဘရာဟမ်ပါ။ဒါပေမဲ့ ဗလန်စီယာနဲ့ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရသွားတဲ့ အင်္ဂလန်လူငယ်လေး ဒီပွဲမှာ မကစားနိုင်ခဲ့ဘူး။ဒီတော့ နည်းပြလမ်းပတ်ဟာ ဘက်ရှူအာယီနဲ့ဂီရောက်တို့နှစ်ဦးထဲက တစ်ဦးကိုရွေးခဲ့ရတယ်။သူ ပြင်သစ်တိုက်စစ်မှူးကိုရွေးခဲ့တယ်။ဂီရောက်မှာ အရည်အချင်းတွေရှိပါတယ်။အထူးသဖြင့် လေထဲမှာခေါင်းယှဉ်တိုက်ရတာမျိုးတွေ၊ကိုယ့်အသင်းဖော်အတွက် ပြိုင်ဘက်ကိုဟန့်တားနိုင်တာမျိုးတွေပေါ့။ဒါပေမဲ့ ဒီပွဲမှာ အဲဒါတွေအားလုံး သူ မလုပ်ပြနိုင်ခဲ့ဘူး။ပထမပိုင်းမှာ ရီဆီဂျိမ်းစ်ရဲ့ဖြတ်တင်ဘောကို အသုံးမချနိုင်ခဲ့သလို အသင်းအတွက်လည်း အထောက်အကူမယ်မယ်ရရ မပေးနိုင်ခဲ့ဘူး။တကယ်လို့ လာမယ့်ပွဲတွေမှာ အေဘရာဟမ် မကစားနိုင်သေးရင် လမ်းပတ်အနေနဲ့ ဘက်ရှူအာယီကို အခွင့်အရေးပေးသင့်တယ်။

PC ; Internet

၂။ဝက်စ်ဟမ်းဂိုးသမားနဲ့ခံစစ်အစွမ်း
ပြီးခဲ့တဲ့ပွဲစဉ်အနည်းငယ်ကိုပြန်ကြည့်လိုက်ရင် ဝက်စ်ဟမ်းဟာ အဆိုးရွားဆုံးအသင်းလို့ပြောနိုင်တယ်။အဲဒီအတွက် အဓိကအကြောင်းပြချက်တစ်ခုကတော့ ခံစစ်ပိုင်းပဲ။ဖာဘီယန်စကီး ဒဏ်ရာရသွားကတည်းက ဟမ်းမားတွေရဲ့နောက်ပိုင်းဟာ ဗရမ်းဗတာဖြစ်ခဲ့တာပါ။ရော်ဘတ်တိုဂျီမီနက်ဇ်က ဒီတာဝန်ကိုယူခဲ့ပေမယ့် စပိန်သားအတွက် ပူလောင်လွန်းခဲ့ပါတယ်။သူ့ရှေ့က ခံစစ်တံတိုင်းကလည်း ပြိုလဲနေခဲ့တာပါ။ဒါပေမဲ့ ဒီပွဲမှာတော့ ပယ်လီဂရီနီဟာ ဒေးဗစ်မာတင်ကို ပထမဆုံးအကြိမ်ပွဲထုတ်လာခဲ့တယ်။အဲဒါ ပြောင်းလဲမှုပါပဲ။အသက် ၃၃နှစ်အရွယ်ဂိုးသမားအတွက် အမှတ်ရစရာပွဲဖြစ်ခဲ့ပါလိမ့်မယ်။အော့ဘွန်နာနဲ့ဘယ်ဘွေနာတို့ကလည်း ဒီပွဲမှာ အပြည့်အဝကောင်းခဲ့တယ်။ပယ်လီဂရီနီအနေနဲ့ သူ့ရဲ့ခံစစ်ပိုင်းအပေါ် ကျေနပ်သင့်တဲ့ပွဲပါ။ချဲလ်ဆီးဟာ သူတို့မျှော်လင့်ထားတာထက် ပိုမိုခက်ခဲတဲ့ခံစစ်တံတိုင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

PC ; Internet

၃။ဂိုးပေါက်ရှေ့မှာ အသက်မဲ့ခဲ့တဲ့ အပြာရောင်တွေ
ဂိုးရလဒ်ကို ခဏထားပြီး ပွဲမှတ်တမ်းကိုကြည့်ရင်တော့ ချဲလ်ဆီးကပဲ အဖက်ဖက်မှာ အသာရခဲ့တာပါ။သူတို့ဟာ ဂိုးပေါက်ကန်သွင်းမှု ၁၉ကြိမ်ရှိခဲ့ပြီး ဝက်စ်ဟမ်းက ၅ကြိမ်သာရှိခဲ့ပါတယ်။ဒီအထဲမှာ ချဲလ်ဆီးဟာ ဂိုးပေါက် ၆ကြိမ်တည့်ခဲ့ပါတယ်။ဘောလုံးပိုင်းဆိုင်မှု ၆၅ရာခိုင်နှုန်း၊ဘောလုံးပေးပို့မှုကလည်း ပြိုင်ဘက်ထက် ၂ဆနီးပါးရှိခဲ့ပေမယ့် အဆုံးသတ်မသေချာခဲ့ပါဘူး။အခွင့်အရေးတွေဖြုန်းတီးခဲ့ပါတယ်။ဒါပေမဲ့ ဝက်စ်ဟမ်းကတော့ ဂိုးပေါက်တည့်မှု ၄ကြိမ်မှာ ၁ဂိုးရသွားခဲ့ပါတယ်။လမ်းပတ်အနေနဲ့ ခံစစ်ကိုအထူးပြင်ဆင်လာမယ့် အသင်းလေးတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပြင်ဆင်ဖို့လိုအပ်နေတာအမှန်ပါပဲ။

(zawgyi)

ခ်ဲလ္ဆီးဟာ လန္ဒန္ၿပိဳင္ဘက္၀က္စ္ဟမ္းကို အိမ္ကြင္းစတမ္းဖို႔ဒ္ဘရစ္ခ်္မွာပဲ ၀-၁ဂိုးနဲ႔အညံ့ခံလိုက္ရတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက မန္စီးတီးကိုရံႈးထားတဲ့ ခ်ဲလ္ဆီး ဒီပြဲမွာ ၃မွတ္အပီအျပင္ယူမယ္လို႔ အားလံုးယူဆခဲ့ၾကတာပါ။ ဒါေပမဲ့ တကယ့္ေျမျပင္အေနအထားမွာေတာ့ ဟမ္းမားေတြဟာ လန္ဒန္ဒါဘီမွာ မထင္မွတ္တဲ့ရလဒ္ကို ဖန္တီးသြားႏိုင္ခဲ့ပါတယ္။ အမွတ္ေပးဇယား စတုတၳေနရာမွာ ခ်ဲလ္ဆီး ဆက္လက္ရပ္တည္ႏိုင္ခဲ့ေပမယ့္ ဒီရာသီ ဒုတိယေျမာက္ အိမ္ကြင္းရံႈးပြဲ ဘာေၾကာင့္ေတြ႔ခဲ့ရတာလဲဆိုတဲ့ ေနာက္ကြယ္က စိတ္၀င္စားစရာေလးေတြကို ေလ့လာၾကည့္လိုက္ေတာ့…

၁။အိုလီဗီရာဂီေရာက္ကိုေရြးခဲ့တာမွားတယ္

ဒီရာသီမွာ ခ်ဲလ္ဆီးရဲ႕ပထမဦးစားေပးတိုက္စစ္မွဴးက ေအဘရာဟမ္ပါ။ ဒါေပမဲ့ ဗလန္စီယာနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ဒဏ္ရာ ရသြားတဲ့ အဂၤလန္လူငယ္ေလး ဒီပြဲမွာ မကစားႏိုင္ခဲ့ဘူး။ဒီေတာ့ နည္းျပလမ္းပတ္ဟာ ဘက္ရွဴအာယီနဲ႔ ဂီေရာက္တို ႔ႏွစ္ဦး ထဲက တစ္ဦးကိုေရြးခဲ့ရတယ္။သူ ျပင္သစ္တိုက္စစ္မွဴးကိုေရြးခဲ့တယ္။ ဂီေရာက္မွာ အရည္အခ်င္းေတြ ရွိပါတယ္။ အထူး သျဖင့္ ေလထဲမွာေခါင္းယွဥ္တိုက္ရတာမ်ိဳးေတြ၊ကိုယ့္အသင္းေဖာ္အတြက္ ၿပိဳင္ဘက္ကို ဟန္႔တားႏိုင္တာမ်ိဳး ေတြေပါ့။ ဒါေပမဲ့ ဒီပြဲမွာ အဲဒါေတြအားလံုး သူ မလုပ္ျပႏိုင္ခဲ့ဘူး။ပထမပိုင္းမွာ ရီဆီဂ်ိမ္းစ္ရဲ႕ျဖတ္တင္ေဘာကို အသံုးမခ်ႏိုင္ခဲ့သလို အသင္းအတြက္လည္း အေထာက္အကူမယ္မယ္ရရ မေပးႏိုင္ခဲ့ဘူး။တကယ္လို႔ လာမယ့္ပြဲေတြမွာ ေအဘရာဟမ္ မကစား ႏိုင္ေသးရင္ လမ္းပတ္အေနနဲ႔ ဘက္ရွဴအာယီကို အခြင့္အေရးေပးသင့္တယ္။

၂။၀က္စ္ဟမ္းဂိုးသမားနဲ႔ခံစစ္အစြမ္း

ၿပီးခဲ့တဲ့ပြဲစဥ္အနည္းငယ္ကိုျပန္ၾကည့္လိုက္ရင္ ၀က္စ္ဟမ္းဟာ အဆိုးရြားဆံုးအသင္းလို႔ေျပာႏိုင္တယ္။အဲဒီအတြက္ အဓိက အေၾကာင္းျပခ်က္တစ္ခုကေတာ့ ခံစစ္ပိုင္းပဲ။ဖာဘီယန္စကီး ဒဏ္ရာရသြားကတည္းက ဟမ္းမားေတြရဲ႕ ေနာက္ပိုင္းဟာ ဗရမ္းဗတာျဖစ္ခဲ့တာပါ။ ေရာ္ဘတ္တိုဂ်ီမီနက္ဇ္က ဒီတာ၀န္ကိုယူခဲ့ေပမယ့္ စပိန္သားအတြက္ ပူေလာင္လြန္းခဲ့ပါတယ္။ သူ႔ေရွ႔က ခံစစ္တံတိုင္းကလည္း ၿပိဳလဲေနခဲ့တာပါ။ဒါေပမဲ့ ဒီပြဲမွာေတာ့ ပယ္လီဂရီနီဟာ ေဒးဗစ္မာတင္ကို ပထမဆံုး အႀကိမ္ပြဲထုတ္လာခဲ့တယ္။အဲဒါ ေျပာင္းလဲမႈပါပဲ။အသက္ ၃၃ႏွစ္အရြယ္ဂိုးသမားအတြက္ အမွတ္ရစရာပြဲျဖစ္ခဲ့ ပါလိမ့္မယ္။ ေအာ့ဘြန္နာနဲ႔ဘယ္ေဘြနာတို႔ကလည္း ဒီပြဲမွာ အျပည့္အ၀ေကာင္းခဲ့တယ္။ပယ္လီဂရီနီအေနနဲ႔ သူ႔ရဲ႕ခံစစ္ပိုင္းအေပၚ ေက်နပ္သင့္တဲ့ပြဲပါ။ ခ်ဲလ္ဆီးဟာ သူတို႔ေမွ်ာ္လင့္ထားတာထက္ ပိုမိုခက္ခဲတဲ့ခံစစ္တံတိုင္းနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

၃။ဂိုးေပါက္ေရွ႔မွာ အသက္မဲ့ခဲ့တဲ့ အျပာေရာင္ေတြ

ဂိုးရလဒ္ကို ခဏထားၿပီး ပြဲမွတ္တမ္းကိုၾကည့္ရင္ေတာ့ ခ်ဲလ္ဆီးကပဲ အဖက္ဖက္မွာ အသာရခဲ့တာပါ။ သူတို႔ဟာ ဂိုးေပါက္ ကန္သြင္းမႈ ၁၉ႀကိမ္ရွိခဲ့ၿပီး ၀က္စ္ဟမ္းက ၅ႀကိမ္သာရွိခဲ့ပါတယ္။ ဒီအထဲမွာ ခ်ဲလ္ဆီးဟာ ဂိုးေပါက္ ၆ႀကိမ္ တည့္ခဲ့ပါတယ္။ ေဘာလံုးပိုင္းဆိုင္မႈ ၆၅ရာခိုင္ႏႈန္း၊ေဘာလံုးေပးပို႔မႈကလည္း ၿပိဳင္ဘက္ထက္ ၂ဆနီးပါးရွိခဲ့ေပမယ့္ အဆံုးသတ္ မ ေသခ်ာ ခဲ့ပါဘူး။ အခြင့္အေရးေတြျဖဳန္းတီးခဲ့ပါတယ္။ဒါေပမဲ့ ၀က္စ္ဟမ္းကေတာ့ ဂိုးေပါက္တည့္မႈ ၄ႀကိမ္မွာ ၁ဂိုးရသြားခဲ့ပါတယ္။ လမ္းပတ္အေနနဲ႔ ခံစစ္ကိုအထူးျပင္ဆင္လာမယ့္ အသင္းေလးေတြနဲ႔ ဘယ္လိုရင္ဆိုင္ရမလဲဆိုတာ ျပင္ဆင္ဖို႔ လိုအပ္ ေနတာအမွန္ပါပဲ။