ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်တက်ရောက်နိုင်ပြီးသိပ်မကြာခင်မှာပဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အန်ဆလော့တီကို အာဆင်နယ် စိတ်ဝင်စား

Photo Credit

Photo Credit ; B/R

အာဆင်နယ်အသင်းဟာ နာပိုလီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြအန်ဆလော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရေးအတွက် စိတ်ဝင်စားနေပြီး မကြာခင် ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။

Photo Credit

အန်ဆလော့တီဟာ အင်္ဂါနေ့ညက ဂျန့်အသင်းကို ဂိုးပြတ်အနိုင်ယူကာ နာပိုလီအသင်းနဲ့အတူ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ အမ်မရီရဲ့နေရာမှာ အမြဲတမ်းနည်းပြခန့်အပ်ဖို့ ရှာဖွေနေတာဖြစ်ပြီး အန်ဆလော့တီက ဖြစ်နိုင်ခြေအများဆုံးနည်းပြဖြစ်လာပါတယ်။

Photo Credit

အသက် ၆၀အရွယ်ရှိ အီတလီနိုင်ငံသား အန်ဆလော့တီဟာ အငြင်းပွားဖွယ်ရာတွေ မကြာခဏဖန်တီးလေ့ရှိတဲ့ အသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာဖြစ်ပြီး အသင်းကလည်း စီးရီးအေမှာ ရလဒ်တွေတောက်လျှောက် ဆိုးရွားနေလို့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit

အန်ဆလော့တီရဲ့နေရာမှာ နာပိုလီအသင်းနည်းပြသစ်အဖြစ် အစားဝင်ဖို့ အေစီမီလန်နည်းပြဟောင်း ဂတ်တူဆိုက ရေပန်းစားနေပြီး ယနေ့မှာ နာပိုလီအသင်းနည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံရဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ အမြဲတမ်းနည်းပြရာထူးအတွက် ဗလန်စီယာနည်းပြဟောင်း မာဆယ်လင်ညို၊ ပေါ်တိုနည်းပြဟောင်း ဗစ်တာပါရဲရားနဲ့ ဘော်ဒိုးအသင်းနည်းပြ ပေါ်လိုဆိုဆာတို့ကို အင်တာဗျူးပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ အန်ဆလော့တီက ရေပန်းအစားဆုံးဖြစ်လာပြီး သူဟာ ၂၀၁၀ ခုနှစ်က ချဲလ်ဆီးနဲ့အတူ ပြည်တွင်းဖလား ၂လုံးချန်ပီယံဖြစ်ခဲ့သလို နောက် ၄နှစ်အကြာမှာလည်း ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့ကာ အင်္ဂလိပ်စကားလည်း ကောင်းကောင်းပြောတတ်ပါတယ်။

Photo Credit

Zawgyi

ခ်န္ပီယံလိဂ္မွာ ႐ံႈးထြက္အဆင့္တက္ေရာက္ႏိုင္ၿပီးသိပ္မၾကာခင္မွာပဲ ရာထူးကေန ထုတ္ပယ္ခံလုိက္ရတဲ့ အန္ဆေလာ့တီကို အာဆင္နယ္ စိတ္၀င္စား

အာဆင္နယ္အသင္းဟာ နာပိုလီအသင္းနည္းျပရာထူးကေန ထုတ္ပယ္ခံလုိက္ရတဲ့ နည္းျပအန္ဆေလာ့တီကို နည္းျပသစ္အျဖစ္ ခန္႔အပ္ႏိုင္ေရးအတြက္ စိတ္၀င္စားေနၿပီး မၾကာခင္ ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အန္ဆေလာ့တီဟာ အဂၤါေန႔ညက ဂ်န္႔အသင္းကို ဂိုးျပတ္အႏိုင္ယူကာ နာပိုလီအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ၁၆သင္း႐ံႈးထြက္အဆင့္ တက္ေရာက္ႏုိင္ခဲ့ၿပီး နာရီပုိင္းအၾကာမွာပဲ ရာထူးကေန ထုတ္ပယ္ခံရတာျဖစ္ပါတယ္။
အာဆင္နယ္အသင္းကလည္း ရာထူးကေန ထုတ္ပယ္လုိက္တဲ့ အမ္မရီရဲ႕ေနရာမွာ အၿမဲတမ္းနည္းျပခန္႔အပ္ဖို႔ ရွာေဖြေနတာျဖစ္ၿပီး အန္ဆေလာ့တီက ျဖစ္ႏိုင္ေျခအမ်ားဆုံးနည္းျပျဖစ္လာပါတယ္။
အသက္ ၆၀အရြယ္ရွိ အီတလီႏိုင္ငံသား အန္ဆေလာ့တီဟာ အျငင္းပြားဖြယ္ရာေတြ မၾကာခဏဖန္တီးေလ့ရွိတဲ့ အသင္းဥကၠ႒ ဒီေလာ္ရန္တစ္နဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့တာျဖစ္ၿပီး အသင္းကလည္း စီးရီးေအမွာ ရလဒ္ေတြေတာက္ေလွ်ာက္ ဆုိးရြားေနလုိ႔ ရာထူးကေန ထုတ္ပယ္ခံခ့ဲရတာျဖစ္ပါတယ္။
အန္ဆေလာ့တီရဲ႕ေနရာမွာ နာပိုလီအသင္းနည္းျပသစ္အျဖစ္ အစား၀င္ဖို႔ ေအစီမီလန္နည္းျပေဟာင္း ဂတ္တူဆိုက ေရပန္းစားေနၿပီး ယေန႔မွာ နာပိုလီအသင္းနည္းျပသစ္အျဖစ္ တရား၀င္ခန္႔အပ္ခံရဖြယ္ရွိေနပါတယ္။
အာဆင္နယ္အသင္းတာ၀န္ရွိသူေတြဟာ အၿမဲတမ္းနည္းျပရာထူးအတြက္ ဗလန္စီယာနည္းျပေဟာင္း မာဆယ္လင္ညိဳ၊ ေပၚတုိနည္းျပေဟာင္း ဗစ္တာပါရဲရားနဲ႔ ေဘာ္ဒုိးအသင္းနည္းျပ ေပၚလုိဆုိဆာတို႔ကို အင္တာဗ်ဴးျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။
ဒါေပမဲ့ အန္ဆေလာ့တီက ေရပန္းအစားဆုံးျဖစ္လာၿပီး သူဟာ ၂၀၁၀ ခုႏွစ္က ခ်ဲလ္ဆီးနဲ႔အတူ ျပည္တြင္းဖလား ၂လုံးခ်န္ပီယံျဖစ္ခဲ့သလုိ ေနာက္ ၄ႏွစ္အၾကာမွာလည္း ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရခဲ့ကာ အဂၤလိပ္စကားလည္း ေကာင္းေကာင္းေျပာတတ္ပါတယ္။