ကွင်းထဲက ဘယ်လိုဖြစ်ရပ်ကို မကြိုက်ဘူးလဲဆိုတာ ပြောလာတဲ့ ယူနိုက်တက်က ပင့်ကူနက်ကစားသမား

photo internet

ယူနိုက်တက်အသင်းမှာ ပရိသတ်တွေ ပင့်ကူနက်ဆိုပြီးချစ်စနိုးခေါ်တဲ့ကစားသမားတစ်ယောက်ရှိပါတယ်။ သူကတော့ ဝမ်ဘစ်ဆာကာပဲဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာဟာ အခုနှစ်အပြောင်းအရွှေ့မှာ ခရစ်တယ်ပဲလေစ့်အသင်းကနေ ပေါင်သန်း ၅၀နဲ့ ယူနိုက်တက်ဆီကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာက တစ်ယောက်ယောက်သူ့ကိုကျော်ဖြတ်သွားတာကို မကြိုက်ဘူးလို့ပြောဆိုလာခဲ့ပါတယ်။ အသက် 22 နှစ်အရွယ် ဝမ်ဘစ်ဆာကာက “ကစားသမားတစ်ယောက် ကျွန်တော့်ကို ကျော်ဖြတ်တာတွေလုပ်တာကို ကျွန်တော်မကြိုက်ပါဘူး။ ပွဲကစားချိန်စတင်လိုက်တာနဲ့ ကျွန်တော့်အနေနဲ့လုပ်ချင်တာကတော့ဘောလုံးဖြတ်ထုတ်မှုတွေကို အရင်လုပ်ဖို့ပါပဲ’’လို့ပြောပါတယ်။

photo internet

ဝမ်ဘစ်ဆာကာကို ကျော်ဖြတ်ဖို့ဟာလွယ်တော့မလွယ်ပါဘူး။ သူ့ရဲ့ရှည်လျားပြီးမြန်ဆန်တဲ့ ခြေထောက်တွေကြောင့် ဘောလုံးဖြတ်ယူဖို့ဟာ ခက်တော့ခက်ပါတယ်။ ဒါကြောင့်လည်း သူ့ကို ပင့်ကူနက်လို့ခေါ်ကြတာပါ။ “ကျွန်တော့်က ပွဲစကစားကတည်းက ဘောလုံးဖြတ်ထုတ်ရယူတာတွေလုပ်ထားမှ ပရိသတ်တွေစိတ်အေးရမှာပါ။ ပြီးတော့အချိန်ကြာကြာကစားရမယ့်ပွဲအတွက်လည်း ဒါက အထောက်အကူဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကိုကျော်ဖြတ်မယ့်ကစားသမားကို ပထမတစ်ကြိမ်တော့ ပေးကျော်လိုက်ပါတယ်။ ဒါမှလည်း သူဘယ်လို အနေအထားရှိလဲဆိုတာ ကျွန်တော်သိပြီးပြန်လည် တုန့်ပြန်နေရာယူကစားနိုင်မှာမို့လို့ပါ”လို့ ဝမ်ဘစ်ဆာကာက ပြောပါတယ်။

photo internet

“ကျွန်တော်ဆီကနေ ဘောလုံးဖြတ်လုတဲ့အခါ၊ကျွန်တော်ကိုကျော်ဖြတ်တဲ့အခါ ခံစားရတဲ့ခံစားချက်က ကျွန်တော့်အတွက်မကောင်းပါဘူး။ဒါကြောင့် ကျွန်တော်ပြန်လည်ကျော်ဖြတ်တာတွေလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တာကြောင့်လည်းပြိုင်ဘက်အသင်းကသူတွေ စိတ်ညစ်ရတဲ့အခိုက်အတန့်တွေတော်တော် များများရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီလိုလုပ်ဆောင်တာဟာကျွန်တော့်အတွက်တော့ ကိုယ့်ကိုယ်ကိုယ်အရည်အသွေး ကောင်းအောင်လုပ်တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းက ကစားသမားက စည်းနားကပ်ပြီးနေရာယူလာရင် ကျွန်တော်လည်း စည်းနားမှာပဲနေရာယူပါတယ်။ အတွင်းချိုး ဝင်တတ်တဲ့သူဆိုရင်တော့ ကျွန်တော်အနောက်နားကနေကပ်ပြီး နေရာယူပါမယ်။ ဒါမှသူချိုးဝင်ပြီး လူပေးတာ ဒါမှမဟုတ် ကန်သွင်းတာတွေပြုလုပ်ရင်တားဆီးလို့ရမှာပါ”လို့ ဝမ်ဘစ်ဆာကာကဆိုပါတယ်။

photo internet

“ကျွန်တော့်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စနောက်နေမယ့်သူတွေရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ပြိင်ဘက်အသင်းသားတွေအခွင့်အရေးမရအောင်လုပ်ရမှာပါပဲ။ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေနဲ့လေ့ကျင့်တဲ့အခါမှာလည်း သူတို့တွေကျွန်တော့်ဆီကနေ ဘောလုံးဖြတ်ထုတ်ဖို့ ခက်ခဲတတ်ကြပါတယ်။ ကျွန်တော်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး စိတ်ညစ်ရတာတွေရှိပေမယ့် ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေမှာပါ။ ကျွန်တော်ကတော့အလုပ်အတွက်အရှုံးပေးမှာမဟုတ်ပါဘူး။ အသင်းဖော်တွေထဲမှာလည်း ကျွန်တော့်ကိုဘောလုံးမပေးရဖို့၊သူတို့ခြေထဲမှာဘောလုံးထိန်းနိုင်ဖို့ လုပ်ဆောင်နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော့်ဆီကဘောလုံးမရတဲ့သူတွေကတော့ စိတ်အလိုမကျဖြစ်ချင်ဖြစ်နိုင်ပါတယ်”လို့ ဝမ်ဘစ်ဆာကာကပြောပါသေးတယ်။

photo internet

“ပွဲကစားချိန်မှာဆိုရင်တချို့တွေက လိုသာထက်ပိုပြီးဆက်လက်တိုက်ခိုက်တာမရှိကြပါဘူး။ စတားလင်းနဲ့ ကစားခဲ့တုန်းကဆိုရင် ထိန်းချုပ်ကစားရတဲ့ခံစားချက်က မိုက်ပါတယ်။ သူကပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံ ကစားသမားတွေထဲကတစ်ယောက်လေ။ အာရုံအပြည့်စိုက်ပြီး ကစားခဲ့ရပါတယ်။ စတားလင်းက ပြေးအားကောင်းတယ်။အဝင်အထွက်ပိုင်းမှာလည်း မြန်ဆန်တယ်။သူကကျွန်တော့် ထက်ပိုမြန်တဲ့ အနေအထားရှိတယ်။ ဒါပေမယ့်သူနဲ့ကစားရတာဟာ ကျွန်တော့်ကစားသမားဘဝအတွက် အခက်ခဲဆုံး တော့မဟုတ်ပါဘူး။ တကယ်ခက်တဲ့ပွဲကတော့ ပဲလေစ့်အတွက်ပွဲစထွက်ခဲ့တဲ့စပါးအသင်း နဲ့ပွဲစဉ်တုန်းကပါ။”လို့ ဝမ်ဘစ်ဆာကာကပြောပါတယ်။

photo internet

“ကစားပွဲတိုင်းကစိန်ခေါ်မှု့အပြည့်အဝရှိပါတယ်။ကျွန်တော်ကတော့ ကျွန်တော့်ကိုကျော်ဖြတ်မခံတဲ့ခံယူချက်ကို ဆက်ထိန်းထားပါမယ်။ ဘယ်သူ့ကိုမှပေးမကျော်ပါဘူး။ ကစားပွဲစပြီဆိုရင်တော့ ကျွန်တော့်အနေနဲ့ နှစ်ကြိမ်ဆက်ဖြတ်ထုတ်တာတွေ၊တစ်ယောက်ထဲကိုနှစ်ကြိမ်မကဖြတ်ထုတ်တာတွေလုပ်ပါမယ်။ ဒါဟာ အသင်းအတွက်ကူညီတာပါပဲ”လို့ ဝမ်ဘစ်ဆာကာက ဆိုပါတယ်။ ယူနိုက်တက်မှာ ဖြတ်ထုတ်တာ တော်တဲ့ကစားသမားအဖြစ် ဝမ်ဘစ်ဆာကာကနာမည်ကျော်ပါတယ်။ ညာနောက်ခံလူတွေထဲမှာ ရှင်းထုတ်တာအများဆုံးကစားသမားဖြစ်တဲ့ ဝမ်ဘစ်ဆာကာဟာ သူ့ရဲ့ပုံတွေကို သရော်ထားတာတွေ့ရင်လည်း အားပါးတရရယ်တတ်ကြောင်းပြောပါတယ်။ ကစားပွဲပြီးသွားပါက တစ်ခါတလေ လူမှုကွန်ရက်ပေါ်မှာ ဝမ်ဘစ်ဆာကာရဲ့ပုံတွေကို လှောင်ပြောင်သရော်ထားတတ်ကြပါတယ်။ အဲလိုပုံတွေကို အသင်းဖော်တွေကတွေ့ရင် သူတို့တွေက ပုံတွေကို ဝမ်ဘစ်ဆာကာဆီကိုပို့ပေးတတ်ကြပါတယ်။ အဲဒီအချိန်မှာဆိုရင်တော့ ဝမ်ဘစ်ဆာကာတစ်ယောက်ဖုန်းနဲ့မျက်နှာမခွာဘဲရယ်နေတတ်ပါတယ်။

photo internet

“ယူနိုက်တက်ဟာအနိုင်ပွဲတွေထပ်ရဖို့လိုပါတယ်။ ကျွန်တော်လည်းအသင်းအနိုင်ရအောင်ထပ်ပြီးကြိုးစားပါမယ်။ ကျွန်တော်ယူနိုက်တက်ကိုပြောင်းရွှေ့လာတာဟာ အသင်းရော၊ကျွန်တော်ပါတိုးတက်လာဖို့အတွက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ပရိသတ်တွေရဲ့အင်အား၊မိသားစုရဲ့ပံ့ပိုးမှုတွေနဲ့အတူ ကျွန်တော့်အနာဂတ်ကို အကောင်းဆုံးလျှောက်လှမ်းနေမှာပါ”လို့ ဝမ်ဘစ်ဆာကာကပြောပါတယ်။ ဝမ်ဘစ်ဆာကာတစ်ယောက် သူ့စိတ်ကြိုက်အတိုင်း အားလုံးကိုကျော်ဖြတ်ခွင့်မပေးဘဲ မြက်ခင်းစိမ်းပေါ်မှာခြေစွမ်းပြနိုင်ပါစေလို့ဆန္ဒပြု ပါတယ်။

photo internet

(Zawgyi Version)

ကြင္းထဲက ဘယ္လိုျဖစ္ရပ္ကို မႀကိဳက္ဘူးလဲဆိုတာ ေျပာလာတဲ့ ယူႏိုက္တက္က ပင့္ကူနက္ကစားသမား

ယူႏိုက္တက္အသင္းမွာ ပရိသတ္ေတြ ပင့္ကူနက္ဆိုၿပီးခ်စ္စႏိုးေခၚတဲ့ကစားသမားတစ္ေယာက္ရိွပါတယ္။ သူကေတာ့ ၀မ္ဘစ္ဆာကာပဲျဖစ္ပါတယ္။ ၀မ္ဘစ္ဆာကာဟာ အခုႏွစ္အေျပာင္းအေရႊ႕မွာ ခရစ္တယ္ပဲေလစ့္အသင္းကေန ေပါင္သန္း ၅၀နဲ႔ ယူႏိုက္တက္ဆီကိုေရာက္ရိွလာတာျဖစ္ပါတယ္။ ၀မ္ဘစ္ဆာကာက တစ္ေယာက္ေယာက္သူ႔ကိုေက်ာ္ျဖတ္သြားတာကို မႀကိဳက္ဘူးလို႔ေျပာဆိုလာခဲ့ပါတယ္။ အသက္ 22 ႏွစ္အရြယ္ ၀မ္ဘစ္ဆာကာက “ကစားသမားတစ္ေယာက္ ကြၽန္ေတာ့္ကို ေက်ာ္ျဖတ္တာေတြလုပ္တာကို ကြၽန္ေတာ္မႀကိဳက္ပါဘူး။ ပြဲကစားခ်ိန္စတင္လုိက္တာနဲ႔ ကြၽန္ေတာ့္အေနနဲ႔လုပ္ခ်င္တာကေတာ့ေဘာလုံးျဖတ္ထုတ္မႈေတြကိုအရင္လုပ္ဖို႔ပါပဲ’’လို႔ေျပာပါတယ္။

၀မ္ဘစ္ဆာကာကို ေက်ာ္ျဖတ္ဖုိ႔ဟာလြယ္ေတာ့မလြယ္ပါဘူး။ သူ႔ရဲ႕ရွည္လ်ားၿပီးျမန္ဆန္တဲ့ ေျခေထာက္ေတြေၾကာင့္ ေဘာလုံးျဖတ္ယူဖို႔ဟာ ခက္ေတာ့ခက္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ကို ပင့္ကူနက္လို႔ေခၚၾကတာပါ။ “ကၽြန္ေတာ့္က ပြဲစကစားကတည္းက ေဘာလုံးျဖတ္ထုတ္ရယူတာေတြလုပ္ထားမွ ပရိသတ္ေတြစိတ္ေအးရမွာပါ။ ၿပီးေတာ့အခ်ိန္ၾကာၾကာကစားရမယ့္ပြဲအတြက္လည္း ဒါက အေထာက္အကူျဖစ္ႏိုင္ပါတယ္။ ကၽြန္ေတာ့္ကိုေက်ာ္ျဖတ္မယ့္ကစားသမားကို ပထမတစ္ႀကိမ္ေတာ့ ေပးေက်ာ္လုိက္ပါတယ္။ ဒါမွလည္း သူဘယ္လုိ အေနအထားရိွလဲဆိုတာ ကၽြန္ေတာ္သိၿပီးျပန္လည္ တုန္႔ျပန္ေနရာယူကစားႏိုင္မွာမို႔လို႔ပါ”လို႔ ၀မ္ဘစ္ဆာကာက ေျပာပါတယ္။

“ကၽြန္ေတာ္ဆီကေန ေဘာလုံးျဖတ္လုတဲ့အခါ၊ကၽြန္ေတာ္ကိုေက်ာ္ျဖတ္တဲ့အခါ ခံစားရတဲ့ခံစားခ်က္က ကၽြန္ေတာ့္အတြက္မေကာင္းပါဘူး။ဒါေၾကာင့္ ကၽြန္ေတာ္ျပန္လည္ေက်ာ္ျဖတ္တာေတြလုပ္ေလ့ရိွပါတယ္။ ဒီလုိလုပ္တာေၾကာင့္လည္းၿပိဳင္ဘက္အသင္းကသူေတြ စိတ္ညစ္ရတဲ့အခိုက္အတန္႔ေတြေတာ္ေတာ္ မ်ားမ်ားရိွခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ဒီလုိလုပ္ေဆာင္တာဟာကၽြန္ေတာ့္အတြက္ေတာ့ ကိုယ့္ကိုယ္ကိုယ္အရည္အေသြးေကာင္းေအာင္လုပ္တာျဖစ္ပါတယ္။ ၿပိဳင္ဘက္အသင္းက ကစားသမားက စည္းနားကပ္ၿပီးေနရာယူလာရင္ ကၽြန္ေတာ္လည္း စည္းနားမွာပဲေနရာယူပါတယ္။ အတြင္းခ်ဳိး ၀င္တတ္တဲ့သူဆိုရင္ေတာ့ ကၽြန္ေတာ္အေနာက္နားကေနကပ္ၿပီး ေနရာယူပါမယ္။ ဒါမွသူခ်ိဳးဝင္ၿပီး လူေပးတာ ဒါမွမဟုတ္ ကန္သြင္းတာေတြျပဳလုပ္ရင္တားဆီးလို႔ရမွာပါ”လို႔ ၀မ္ဘစ္ဆာကာကဆိုပါတယ္။

“ကၽြန္ေတာ့္ရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး စေနာက္ေနမယ့္သူေတြရိွႏိုင္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ၿပိင္ဘက္အသင္းသားေတြအခြင့္အေရးမရေအာင္လုပ္ရမွာပါပဲ။ ေလ့က်င့္ေရးကြင္းမွာ အသင္းေဖာ္ေတြနဲ႔ေလ့က်င့္တဲ့အခါမွာလည္း သူတို႔ေတြကၽြန္ေတာ့္ဆီကေန ေဘာလုံးျဖတ္ထုတ္ဖို႔ ခက္ခဲတတ္ၾကပါတယ္။ ကၽြန္ေတာ္ရဲ႕အျပဳအမူနဲ႔ပတ္သက္ၿပီး စိတ္ညစ္ရတာေတြရိွေပမယ့္ ကၽြန္ေတာ္ကေတာ့ အေကာင္းဆုံးႀကိဳးစားလုပ္ေဆာင္ေနမွာပါ။ ကၽြန္ေတာ္ကေတာ့အလုပ္အတြက္အရႈံးေပးမွာမဟုတ္ပါဘူး။ အသင္းေဖာ္ေတြထဲမွာလည္း ကၽြန္ေတာ့္ကိုေဘာလုံးမေပးရဖို႔၊သူတို႔ေျခထဲမွာေဘာလုံးထိန္းႏိုင္ဖို႔ လုပ္ေဆာင္ေနတဲ့သူေတြလည္းရိွပါတယ္။ ကၽြန္ေတာ့္ဆီကေဘာလုံးမရတဲ့သူေတြကေတာ့ စိတ္အလိုမက်ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္”လို႔ ၀မ္ဘစ္ဆာကာကေျပာပါေသးတယ္။

“ပြဲကစားခ်ိန္မွာဆုိရင္တခ်ဳိ႕ေတြက လုိသာထက္ပိုၿပီးဆက္လက္တိုက္ခိုက္တာမရိွၾကပါဘူး။ စတားလင္းနဲ႔ ကစားခဲ့တုန္းကဆိုရင္ ထိန္းခ်ဳပ္ကစားရတဲ့ခံစားခ်က္က မိုက္ပါတယ္။ သူကပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေတာင္ပံ ကစားသမားေတြထဲကတစ္ေယာက္ေလ။ အာရုံအျပည့္စိုက္ၿပီး ကစားခဲ့ရပါတယ္။ စတားလင္းက ေျပးအားေကာင္းတယ္။အ၀င္အထြက္ပိုင္းမွာလည္း ျမန္ဆန္တယ္။သူကကၽြန္ေတာ့္ ထက္ပိုျမန္တဲ့ အေနအထားရိွတယ္။ ဒါေပမယ့္သူနဲ႔ကစားရတာဟာ ကၽြန္ေတာ့္ကစားသမားဘ၀အတြက္ အခက္ခဲဆုံး ေတာ့မဟုတ္ပါဘူး။ တကယ္ခက္တဲ့ပြဲကေတာ့ ပဲေလစ့္အတြက္ပြဲစထြက္ခဲ့တဲ့စပါးအသင္း နဲ႔ပြဲစဥ္တုန္းကပါ။”လို႔ ၀မ္ဘစ္ဆာကာကေျပာပါတယ္။

“ကစားပြဲတိုင္းကစိန္ေခၚမႈ႔အျပည့္အဝရွိပါတယ္။ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့္ကိုေက်ာ္ျဖတ္မခံတဲ့ခံယူခ်က္ကို ဆက္ထိန္းထားပါမယ္။ ဘယ္သူ႔ကိုမွေပးမေက်ာ္ပါဘူး။ ကစားပြဲစၿပီဆိုရင္ေတာ့ ကၽြန္ေတာ့္အေနနဲ႔ ႏွစ္ႀကိမ္ဆက္ျဖတ္ထုတ္တာေတြ၊တစ္ေယာက္ထဲကိုႏွစ္ႀကိမ္မကျဖတ္ထုတ္တာေတြလုပ္ပါမယ္။ ဒါဟာ အသင္းအတြက္ကူညီတာပါပဲ”လို႔ ၀မ္ဘစ္ဆာကာက ဆိုပါတယ္။ ယူႏိုက္တက္မွာ ျဖတ္ထုတ္တာ ေတာ္တဲ့ကစားသမားအျဖစ္ ၀မ္ဘစ္ဆာကာကနာမည္ေက်ာ္ပါတယ္။ ညာေနာက္ခံလူေတြထဲမွာ ရွင္းထုတ္တာအမ်ားဆုံးကစားသမားျဖစ္တဲ့ ၀မ္ဘစ္ဆာကာဟာ သူ႔ရဲ႕ပုံေတြကို သေရာ္ထားတာေတြ႕ရင္လည္း အားပါးတရရယ္တတ္ေၾကာင္းေျပာပါတယ္။ ကစားပြဲၿပီးသြားပါက တစ္ခါတေလ လူမႈကြန္ရက္ေပၚမွာ ၀မ္ဘစ္ဆာကာရဲ႕ပုံေတြကို ေလွာင္ေျပာင္သေရာ္ထားတတ္ၾကပါတယ္။ အဲလုိပုံေတြကို အသင္းေဖာ္ေတြကေတြ႕ရင္ သူတို႔ေတြက ပုံေတြကို ၀မ္ဘစ္ဆာကာဆီကိုပို႔ေပးတတ္ၾကပါတယ္။ အဲဒီအခ်ိန္မွာဆိုရင္ေတာ့ ၀မ္ဘစ္ဆာကာတစ္ေယာက္ဖုန္းနဲ႔မ်က္ႏွာမခြာဘဲရယ္ေနတတ္ပါတယ္။

“ယူႏိုက္တက္ဟာအႏိုင္ပြဲေတြထပ္ရဖို႔လိုပါတယ္။ ကၽြန္ေတာ္လည္းအသင္းအႏိုင္ရေအာင္ထပ္ၿပီးႀကိဳးစားပါမယ္။ ကၽြန္ေတာ္ယူႏိုက္တက္ကိုေျပာင္းေရႊ႕လာတာဟာ အသင္းေရာ၊ကၽြန္ေတာ္ပါတုိးတက္လာဖို႔အတြက္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ၊ပရိသတ္ေတြရဲ႕အင္အား၊မိသားစုရဲ႕ပ့ံပိုးမႈေတြနဲ႔အတူ ကၽြန္ေတာ့္အနာဂတ္ကို အေကာင္းဆုံးေလွ်ာက္လွမ္းေနမွာပါ”လို႔ ၀မ္ဘစ္ဆာကာကေျပာပါတယ္။ ၀မ္ဘစ္ဆာကာတစ္ေယာက္ သူ႔စိတ္ႀကိဳက္အတုိင္း အားလုံးကိုေက်ာ္ျဖတ္ခြင့္မေပးဘဲ ျမက္ခင္းစိမ္းေပၚမွာေျခစြမ္းျပႏိုင္ပါေစလုိ႔ဆႏၵျပဳ ပါတယ္။