ကိုယ့်ကျောနံပါတ်ကိုတောင် ကိုယ်မေ့နေတဲ့ ဘာကာယိုကိုရဲ့အဖြစ်

photo-daily mail

photo-gettyimages

ပြီးခဲ့တဲ့စနေနေ့က မိုနာကိုရဲ့ဂိုးပြတ်နိုင်ပွဲမှာ ချဲလ်ဆီးကနေ အငှားသွားရောက်ကစားနေတဲ့ကွင်းလယ်လူဘာကာယိုကိုဟာ သူလူစားလဲခံရတယ်လို့ ထင်ပြီးတဲ့နောက် ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ အဲဒီပွဲမှာ ၂၅ နှစ်အရွယ် ဘာကာယိုကိုဟာ သူဝတ်ဆင်ထားတဲ့ကျောနံပါတ်ကို မေ့နေခဲ့တာ ဖြစ်ပါတယ်။ လူစားလဲမှုလုပ်တော့ စတုတ္ထဒိုင်က နံပါတ် ၁၄ ကိုဖော်ပြထားတဲ့ဘုတ်ပြားကို ထောင်ခဲ့တာပါ။ ကျေနံပါတ် ၁၄ ဆိုတာ ချဲလ်ဆီးကိုမပြောင်းခင် မိုနာကိုမှာ ဘာကာယိုကိုအမြဲဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပါတယ်။

photo-gettyimages

အဲဒီအဖြစ်အပျက်ဗီဒီယိုဖိုင်ကို မိုနာကိုအသင်းက သူတို့ရဲ့official twitter အကောင့်မှာ တင်ခဲ့တာပါ။ အဲဒီဗီဒီယိုဖိုင်မှာ ကျောနံပါတ် ၆  ဝတ်ဆင်ထားတဲ့ဘာကာယိုကိုက သူလူစားလဲခံရတယ်ထင်ပြီး လက်ခုပ်တီးရင်းနဲ့ ကွင်းဘေးက လူစားလဲမယ့်နားရောက်လာခဲ့တာပါ။ နောက်တော့မှ သူ့အမှားကိုသိပြီး ရယ်မောပါတော့တယ်။ အဲဒီနောက် ကွင်းထဲက သူ့နေရာကိုပြန်သွားပြီး လက်ရှိကျောနံပါတ် ၁၄ ပိုင်ရှင်ဖြစ်တဲ့ ကီတာဘယ်လ်ဒီက လူစားလဲခံခဲ့ရတာပါ။

ဘာကာယိုကိုဟာ ပြီးခဲ့တဲ့သြဂုတ်လကမှ အသင်းဟောင်းမိုနာကိုကို ပြန်ရောက်လာခဲ့တာပါ။ အငှားနဲ့ရောက်လာတယ်ဆိုပေမယ့် လာမယ့်နွေမှာ မိုနာကိုက သူ့ကိုအပြီးသတ်ခေါ်နိုင်မယ့်အချက်ကို ထည့်သွင်းထားတာပါ။ သူဟာ ၂၀၁၇ မှာ ချဲလ်ဆီးကိုရောက်လာပြီးကတည်းက ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း အေစီမီလန်မှာ အငှားသွားရောက်ကစားခဲ့ရပါတယ်။

[Zawgyi]

ကိုယ့္ေက်ာနံပါတ္ကိုေတာင္ ကုိယ္ေမ့ေနတ့ဲ ဘာကာယိုကိုရဲ႕အျဖစ္

ၿပီးခဲ့တဲ့စေနေန႔က မိုနာကိုရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ ခ်ဲလ္ဆီးကေန အငွားသြားေရာက္ကစားေနတဲ့ကြငး္လယ္လူဘာကာယိုကိုဟာ သူလူစားလဲခံရတယ္လုိ႔ ထင္ၿပီးတဲ့ေနာက္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားပါတယ္။ အဲဒီပြဲမွာ ၂၅ ႏွစ္အရြယ္ ဘာကာယုိကိုဟာ သူ၀တ္ဆင္ထားတဲ့ေက်ာနံပါတ္ကုိ ေမ့ေနခဲ့တာ ျဖစ္ပါတယ္။ လူစားလဲမႈလုပ္ေတာ့ စတုတၳဒိုင္က နံပါတ္ ၁၄ ကိုေဖာ္ျပထားတဲ့ဘုတ္ျပားကို ေထာင္ခဲ့တာပါ။ ေက်နံပါတ္ ၁၄ ဆိုတာ ခ်ဲလ္ဆီးကိုမေျပာင္းခင္ မိုနာကိုမွာ ဘာကာယုိကိုအၿမဲ၀တ္ဆင္ခဲ့တဲ့နံပါတ္ျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္ဗီဒီယိုဖိုင္ကို မိုနာကိုအသင္းက သူတုိ႔ရဲ႕official twitter အေကာင့္မွာ တင္ခဲ့တာပါ။ အဲဒီဗီဒီယိုဖိုင္မွာ ေက်ာနံပါတ္ ၆  ၀တ္ဆင္ထားတဲ့ဘာကာယိုကိုက သူလူစားလဲခံရတယ္ထင္ၿပီး လက္ခုပ္တီးရင္းနဲ႔ ကြင္းေဘးက လူစားလဲမယ့္နားေရာက္လာခဲ့တာပါ။ ေနာက္ေတာ့မွ သူ႔အမွားကိုသိၿပီး ရယ္ေမာပါေတာ့တယ္။ အဲဒီေနာက္ ကြင္းထဲက သူ႔ေနရာကိုျပန္သြားၿပီး လက္ရွိေက်ာနံပါတ္ ၁၄ ပိုင္ရွင္ျဖစ္တဲ့ ကီတာဘယ္လ္ဒီက လူစားလဲခံခဲ့ရတာပါ။

ဘာကာယုိကိုဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကမွ အသင္းေဟာင္းမိုနာကိုကို ျပန္ေရာက္လာခဲ့တာပါ။ အငွားနဲ႔ေရာက္လာတယ္ဆိုေပမယ့္ လာမယ့္ေႏြမွာ မိုနာကိုက သူ႔ကိုအၿပီးသတ္ေခၚႏိုင္မယ့္အခ်က္ကို ထည့္သြင္းထားတာပါ။ သူဟာ ၂၀၁၇ မွာ ခ်ဲလ္ဆီးကိုေရာက္လာၿပီးကတည္းက ရုန္းကန္ခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီတုနး္ကလည္း ေအစီမီလန္မွာ အငွားသြားေရာက္ကစားခဲ့ရပါတယ္။