ကလပ်ဘရုဂျက်အသင်းနဲ့ကစားရမယ့်ပွဲအပေါ် အသင်းသားတွေကို သတိပေးပြောဆိုလာတဲ့ နည်းပြဆိုလ်းရှား

photo internet

ယူရိုပါလိဂ်မဲခွဲရလဒ်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ 32 သင်းရှုံးထွက်အဆင့်မှာ မန်ချက်စတာအသင်းဟာ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျက်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ကလပ်ဘရုဂျက်နဲ့ မန်ချက်စတာအသင်းတို့ဟာ 2015 ခုနှစ်က ချန်ပီယံလိဂ် ခြေစစ်ပွဲတွင်တွေ့ဆုံထားခဲ့ပြီး မန်ချက်စတာအသင်းက နှစ်ကျော့ပေါင်း(7-1) ရလဒ်နဲ့ အနိုင်ရထားပါတယ်။

photo internet

အခုထပ်မံပြီး ကလပ်ဘရုဂျက်အသင်းနဲ့တွေ့ဆုံရမယ့်အပေါ် နည်းပြဆိုးလ်ရှားက အသင်းသားတွေအနေနဲ့ ခက်ခက်ခဲခဲကစားရနိုင်ကြောင်း၊ကြိုးစားကစားဖို့လိုကြောင်းသတိပေး ပြောဆိုထားပါတယ်။ “ကျွန်တော် ကလပ်ဘရုဂျက်ကစားထားတဲ့ ပွဲစဉ်တွေကိုပြန်ကြည့်တဲ့အခါ သူတို့အနေနဲ့ကြိုးကြိုးစားစားကစားထားတာကို တွေ့ရပါတယ်။ ချန်ပီယံလိဂ်မှာ ဆိုးဆိုးရွားရွားရှုံးတာဆိုလို့ 1 ပွဲ 2ပွဲလောက်ပဲရှိပါတယ်။ သူတို့အသင်းဟာ ဘယ်ဂျီယန်လိဂ်မှာလည်း ထိပ်ဆုံးနေရာလောက်မှာရှိပါတယ်”လို့ နည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

“သူတို့အသင်းက အရန်ဂိုးသမား အီသန်ကိုသုံးခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ သူနဲ့ပြန်တွေ့မှာဖြစ်ပါတယ်။ သူတို့အတွက်လည်း ခက်ခဲတဲ့ပွဲစဉ်တစ်ခုကိုကစားရမှာဖြစ်ပါတယ်။ နှစ်ကျော့စလုံးက ကန်ရခက်တဲ့ပွဲတွေဖြစ်လာမှာပါ။ ကျွန်တော်တို့အသင်းအနေနဲ့ 16 သင်းရှုံးထွက်အဆင့်ကို တက်နိုင်မယ်လို့မျှော်လင့်ထားပါတယ်”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

မန်ချက်စတာရဲ့ခုတလောပွဲအနေအထားတွေအရ ရလဒ်ဆိုးဆိုးရွားရွားမရှိပေမယ့် ရုန်းကန်ကစားရတဲ့ အနေအထားတွေလည်းရှိပါတယ်။ ဒဏ်ရာရကစားသမား ပေါ့ဘာတစ်ယောက်အမြန်ဆုံးပြန်လာနိုင်မယ် ဆိုရင်တော့ လူငယ်ကစားသမားတွေရဲ့အားနဲ့ မန်ချက်စတာကစားပုံတွေဟာ ပိုမိုကောင်းမွန်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 16 အသင်းရှုံးထွက်အဆင့်ပွဲကို ဘယ်အသင်းတွေတက်လှမ်းနိုင်မလဲဆိုတာ စောင့်ကြည့်အားပေးကြရအောင်ပါ။

photo internet

(Zawgyi Version)

ကလပ္ဘရုဂ်က္အသင္းနဲ႔ကစားရမယ့္ပြဲအေပၚ အသင္းသားေတြကို သတိေပးေျပာဆိုလာတဲ့ နည္းျပဆိုလ္းရွား

ယူရုိပါလိဂ္မဲခြဲရလဒ္ေတြကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ 32 သင္းရႈံးထြက္အဆင့္မွာ မန္ခ်က္စတာအသင္းဟာ ဘယ္ဂ်ီယံကလပ္ ကလပ္ဘရုဂ်က္နဲ႔ ေတြ႕ဆုံရမွာျဖစ္ပါတယ္။ ကလပ္ဘ႐ုဂ်က္နဲ႔ မန္ခ်က္စတာအသင္းတုိ႔ဟာ 2015 ခုႏွစ္က ခ်န္ပီယံလိဂ္ ေျခစစ္ပြဲတြင္ေတြ႔ဆုံထားခဲ့ၿပီး မန္ခ်က္စတာအသင္းက ႏွစ္ေက်ာ့ေပါင္း(7-1) ရလဒ္နဲ႔ အႏုိင္ရထားပါတယ္။

အခုထပ္မံၿပီး ကလပ္ဘရုဂ်က္အသင္းနဲ႔ေတြ႕ဆုံရမယ့္အေပၚ နည္းျပဆိုးလ္ရွားက အသင္းသားေတြအေနနဲ႔ ခက္ခက္ခဲခဲကစားရႏိုင္ေၾကာင္း၊ႀကိဳးစားကစားဖို႔လိုေၾကာင္းသတိေပး ေျပာဆိုထားပါတယ္။ “ကၽြန္ေတာ္ ကလပ္ဘရုဂ်က္ကစားထားတဲ့ ပြဲစဥ္ေတြကိုျပန္ၾကည့္တဲ့အခါ သူတို႔အေနနဲ႔ႀကိဳးႀကိဳးစားစားကစားထားတာကို ေတြ႕ရပါတယ္။ ခ်န္ပီယံလိဂ္မွာ ဆုိးဆိုးရြားရြားရႈံးတာဆုိလုိ႔ 1 ပြဲ 2ပြဲေလာက္ပဲရိွပါတယ္။ သူတို႔အသင္းဟာ ဘယ္ဂ်ီယန္လိဂ္မွာလည္း ထိပ္ဆုံးေနရာေလာက္မွာရိွပါတယ္”လို႔ နည္းျပဆိုးလ္ရွားကေျပာပါတယ္။

“သူတို႔အသင္းက အရန္ဂိုးသမား အီသန္ကိုသုံးခဲ့ဖူးပါတယ္။ ဒီတစ္ခါေတာ့ သူနဲ႔ျပန္ေတြ႕မွာျဖစ္ပါတယ္။ သူတို႔အတြက္လည္း ခက္ခဲတဲ့ပြဲစဥ္တစ္ခုကိုကစားရမွာျဖစ္ပါတယ္။ ႏွစ္ေက်ာ့စလုံးက ကန္ရခက္တဲ့ပြဲေတြျဖစ္လာမွာပါ။ ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ 16 သင္းရႈံးထြက္အဆင့္ကို တက္ႏိုင္မယ္လို႔ေမွ်ာ္လင့္ထားပါတယ္”ဆိုၿပီး နည္းျပဆိုးလ္ရွားကေျပာပါတယ္။

မန္ခ်က္စတာရဲ႕ခုတေလာပြဲအေနအထားေတြအရ ရလဒ္ဆုိးဆုိးရြားရြားမရိွေပမယ့္ ရုန္းကန္ကစားရတဲ့ အေနအထားေတြလည္းရိွပါတယ္။ ဒဏ္ရာရကစားသမား ေပါ့ဘာတစ္ေယာက္အျမန္ဆုံးျပန္လာႏိုင္မယ္ ဆုိရင္ေတာ့ လူငယ္ကစားသမားေတြရဲ႕အားနဲ႔ မန္ခ်က္စတာကစားပုံေတြဟာ ပိုမိုေကာင္းမြန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ 16 အသင္းရႈံးထြက္အဆင့္ပြဲကို ဘယ္အသင္းေတြတက္လွမ္းႏိုင္မလဲဆုိတာ ေစာင့္ၾကည့္အားေပးၾကရေအာင္ပါ။