ကစားသမားအပြောင်းအရွှေ့မှာ မန်ချက်စတာဘယ်သူ့ကိုခေါ်ယူမှာလဲ?

photo internet

မန်ချက်စတာယူနိက်တက်အသင်းဟာ ကစားသမားအသစ်ခေါ်ယူဖို့လိုအပ်နေတယ်လို့ ဘက်ပေါင်းစုံ ကအကြံပေးတာတွေရှိသလို၊ အသင်းကိုယ်တိုင်ကလည်း အဲဒီကိစ္စအတွက်စဉ်းစားထားတာတွေရှိပါတယ်။ ဒါကြောင့်အသင်းရဲ့လူစာရင်းမှာ နာမည်တွေထပ်ပေါင်းထည့်ဖို့အတွက် ဘယ်သူ့ကိုခေါ်ယူရင် ကောင်းမလဲဆိုတာ တာဝန်ရှိသူတွေလေ့လာစောင့်ကြည့်နေကြသလို၊ ညှိနှိုင်းတွေ့ဆုံတာတွေ လည်းလုပ်ဆောင်နေပါတယ်။ မန်ချက်စတာပစ်မှတ်ထားထားတဲ့ ကစားသမားသုံးယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

photo internet

နော်ဝေးကစားသမားလေး အီလန်ဟာလန်းကတော့ အပြောင်းအရွှေ့ဈေးကွက်နဲ့ ပတ်သက်ပြီးအတော်ကိုနာမည်ကြီးနေသူတစ်ဦးဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားကိုယ်တိုင် အလုပ်မအားတဲ့ကြားက ရောက်ပြန်ခရီးသွားပြီး တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးအနေနဲ့ကတော့ ယူရို 76 သန်းဝန်းကျင်ဖြစ်ပါတယ်။ အသက် 19 နှစ်အရွယ်သာရှိသေးတဲ့ အဲဒီလူငယ်လေးဟာ ချန်ပီယံလိဂ်ပထမဆုံးရာသီမှာ ငါးပွဲဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်ပါတယ်။ ဟာလန်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့အရေးအတွက် နည်းပြဆိုးလ်ရှားသာမက အဒ်ဝုဒ်ဒ်နဲ့ကင်းထောက်ချုပ်တို့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

photo internet

မန်ချက်စတာနဲ့ဟာလန်းဟာ သိပ်စိမ်းတဲ့အနေအထားမဟုတ်ပါဘူး။ အမှတ်တရရေစက်တွေရှိပါတယ်။ အမှတ်တရကောင်းမဟုတ်ပါဘူး။ အဖေဖြစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရဆိုးဖြစ်ပါတယ်။ ဟာလန်းရဲ့အဖေ မန်စီးတီးကစားသမားဖြစ်သူဟာ မန်ချက်စတာကစားသမား ရွိုင်ကိန်းကြောင့် ခြေထောက်ဒဏ်ရာရပြီး ကစားသမားဘဝကနေအနားယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်အဖေဖြစ်သူကတော့ သားဖြစ်သူမန်ချက်စတာ အသင်းကိုပြောင်းရွှေ့မယ်ဆိုရင်လည်း သဘောတူကြောင်း မန်ချက်စတာအပေါ်စိတ်မကွက်ကြောင်းပြောဆို ထားဖူးပါတယ်။

photo internet

အေးဂျင့်ရိုင်းအိုလာ ကတော့သူ့ကစားသမားကို ဒေါ့မွန်၊လိုက်ပဇ် ဂျူဗင်တပ်စ်အသင်းတွေ ကိုပြောင်းရွှေ့ဖို့လည်းကြံစည်ထားပါတယ်။ ဒါပေမယ့်ဟာလန်းကတော့ ပွဲထွက်ခွင့်သေချာတဲ့ အသင်းကိုသာပြောင်းရွှေ့ချင်နေပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအသင်းဂျာစီတွေမှာဟာလန်း တစ်ယောက်လက်မှတ်ထိုးပေးနေတာနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကြား ကြိုပြီးဝမ်းသာစရာ အနေအထားတွေဖြစ်ခဲ့ပါတယ်။ ဟာလန်းဟာမန်ချက်စတာအသင်း ဂျာစီပေါ်မှာလက်မှတ်ထား ပေးနေတာကြောင့် ဟာလန်းတစ်ယောက် မန်ချက်စတာကိုပြောင်းတော့မယ်ဆိုပြီး ပရိသတ်တွေက ယူဆနေကြတာဖြစ်ပါတယ်။ ဟာလန်းကတော့နည်းပြဆိုးလ်ရှားနဲ့တွေ့ဆုံခဲ့တဲ့အပေါ် သူ့အနေနဲ့လော လောဆယ် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာမှမပြောချင်သေးကြောင်း မီဒီယာတွေအပေါ် ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

photo internet

နောက်ထပ်လူငယ်ကစားသမားလေးဖြစ်တဲ့ ဂျော်ဒန်ဆန်ချိုကိုလည်း မန်ချက်စတာအသင်းဟာပြီးခဲ့တဲ့ ရာသီကတည်းက ခေါ်ယူဖို့မျက်စိကျနေခဲ့တာဖြစ်ပါတယ်။ ဒေ့ါမွန်အသင်းအမှု့ဆောင် မိုက်ကယ်ဇော့ကလည်း မန်ချက်စတာဖက်က အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးချိတ်ဆက်ခဲ့ဖူးကြောင်းပြောဆိုထားပါတယ်။ အသက် 19 နှစ်အရွယ် ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရိုသန်း 100 ဝန်းကျင်ဖြစ်ပါတယ်။ ဆန်ချိုကိုခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ လီဗာပူး၊ချဲလ်ဆီး၊ဘာစီလိုနာအသင်းတွေလည်းပါပါတယ်။ ဆန်ချိုဟာလည်း ဟာလန်းလိုပါပဲ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာအသင်းဂျာစီကိုဝတ်ပြီး ပါတီတက်နေပုံတွေထွက်ပေါ်ခဲ့တာကြောင့် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်ချက်စတာအတွက်အားသာနေသလားဆိုတာ စဉ်းစားစရာပါပဲ။

photo internet

လက်စတာစီးတီးအသင်းက ဂျိမ်စ်းမက်ဒီဆင်ဟာလည်း မန်ချက်စတာအသင်း ပစ်မှတ်ထားထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အသက် 22 နှစ်အရွယ်အဲဒီကစားသမားရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်း 80 ဝန်းကျင်ဖြစ်ပါတယ်။ ပေါ့ဘာရဲ့နေရာမှာအစားထိုးဖို့အတွက်ခေါ်ယူမယ့်ကစားသမားဆိုပြီး တော့လည်းသတင်းတွေထွက်ခဲ့သူတစ်ယောက်ဖြစ်ကာ၊ ခြေစွမ်းပိုင်းမှာလည်း ဂျိမ်စ်းမက်ဒီဆင်ဟာ ပြင်းထန်တဲ့ ကန်ချက်တွေနဲ့ ဂိုးခြိမ်းခြောက်တာတွေကိုလုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဆန်ချိုလိုပါပဲ မက်ဒီဆင် ကိုလည်း လီဗာပူး၊ချဲလ်ဆီး၊မန်စီးတီးအသင်းတွေက ခေါ်ယူချင်နေကြပါတယ်။ မက်ဒီဆင်သွားချင်တဲ့ အသင်းထဲမှာ မန်ချက်စတာကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် အိုးထရဒ်ဖို့ဒ်မှာ ကစားရတာဟာ ရူးသွပ်စရာကောင်းပါတယ်လို့ ပြောဆိုထားဖူးတာကြောင့်ပါ။ မန်ချက်စတာ ပရိသတ်တွေ ကတော့ ကစားသမားအသစ်တွေကို မျှော်လင့်နေကြပါပြီ။ မန်ချက်စတာ အနေနဲ့လာမယ့်အပြောင်းအရွှေ့မှာ ဘယ်သူ့ကိုခေါ်ယူနိုင်မယ်လို့ပရိသတ်တွေထင်ပါသလဲ၊ ဘယ်သူတွေရော မန်ချက်စတာကိုနှုတ်ဆက်ထွက်ခွာ သွားမယ်ထင်ပါသလဲ။

photo internet

(Zawgyi Version)

ကစားသမားအေျပာင္းအေရႊ႕မွာ မန္ခ်က္စတာဘယ္သူ႔ကိုေခၚယူမွာလဲ?

မန္ခ်က္စတာယူနိက္တက္အသင္းဟာ ကစားသမားအသစ္ေခၚယူဖို႔လုိအပ္ေနတယ္လို႔ ဘက္ေပါင္းစုံ ကအႀကံေပးတာေတြရိွသလုိ၊ အသင္းကိုယ္တိုင္ကလည္း အဲဒီကိစၥအတြက္စဥ္းစားထားတာေတြရိွပါတယ္။ ဒါေၾကာင့္အသင္းရဲ႕လူစာရင္းမွာ နာမည္ေတြထပ္ေပါင္းထည့္ဖို႔အတြက္ ဘယ္သူ႔ကိုေခၚယူရင္ ေကာင္းမလဲဆိုတာ တာ၀န္ရိွသူေတြေလ့လာေစာင့္ၾကည့္ေနၾကသလုိ၊ ညိွႏိႈင္းေတြ႕ဆုံတာေတြ လည္းလုပ္ေဆာင္ေနပါတယ္။ မန္ခ်က္စတာပစ္မွတ္ထားထားတဲ့ ကစားသမားသုံးေယာက္ကို ေဖာ္ျပေပးလိုက္ပါတယ္။

ေနာ္ေ၀းကစားသမားေလး အီလန္ဟာလန္းကေတာ့ အေျပာင္းအေရႊ႕ေစ်းကြက္နဲ႔ ပတ္သက္ၿပီးအေတာ္ကိုနာမည္ႀကီးေနသူတစ္ဦးျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားကိုယ္တိုင္ အလုပ္မအားတဲ့ၾကားက ေရာက္ျပန္ခရီးသြားၿပီး ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ကေတာ့ ယူရို 76 သန္း၀န္းက်င္ျဖစ္ပါတယ္။ အသက္ 19 ႏွစ္အရြယ္သာရိွေသးတဲ့ အဲဒီလူငယ္ေလးဟာ ခ်န္ပီယံလိဂ္ပထမဆုံးရာသီမွာ ငါးပြဲဆက္ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္ပါတယ္။ ဟာလန္းနဲ႔ပတ္သက္တဲ့အေျပာင္းအေရႊ႕အေရးအတြက္ နည္းျပဆိုးလ္ရွားသာမက အဒ္ဝုဒ္ဒ္နဲ႔ကင္းေထာက္ခ်ဳပ္တို႔လည္း သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။

မန္ခ်က္စတာနဲ႔ဟာလန္းဟာ သိပ္စိမ္းတဲ့အေနအထားမဟုတ္ပါဘူး။ အမွတ္တရေရစက္ေတြရိွပါတယ္။ အမွတ္တရေကာင္းမဟုတ္ပါဘူး။ အေဖျဖစ္သူနဲ႔ပတ္သက္တဲ့ အမွတ္တရဆုိးျဖစ္ပါတယ္။ ဟာလန္းရဲ႕အေဖ မန္စီးတီးကစားသမားျဖစ္သူဟာ မန္ခ်က္စတာကစားသမား ရိြဳင္ကိန္းေၾကာင့္ ေျခေထာက္ဒဏ္ရာရၿပီး ကစားသမားဘ၀ကေနအနားယူခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္အေဖျဖစ္သူကေတာ့ သားျဖစ္သူမန္ခ်က္စတာအသင္းကိုေျပာင္းေရႊ႕မယ္ဆိုရင္လည္း သေဘာတူေၾကာင္း မန္ခ်က္စတာအေပၚစိတ္မကြက္ေၾကာင္းေျပာဆိုထားဖူးပါတယ္။

ေအးဂ်င့္႐ိုင္းအိုလာ ကေတာ့သူ႔ကစားသမားကို ေဒါ့မြန္၊လိုက္ပဇ္ ဂ်ဴဗင္တပ္စ္အသင္းေတြ ကိုေျပာင္းေရႊ႕ဖို႔လည္းႀကံစည္ထားပါတယ္။ ဒါေပမယ့္ဟာလန္းကေတာ့ ပြဲထြက္ခြင့္ေသခ်ာတဲ့ အသင္းကိုသာေျပာင္းေရႊ႕ခ်င္ေနပါတယ္။ဒါ့အျပင္ၿပီးခဲ့တဲ့ရက္ပိုင္းကလည္းအသင္းဂ်ာစီေတြမွာဟာလန္း တစ္ေယာက္လက္မွတ္ထိုးေပးေနတာနဲ႔ပတ္သက္ၿပီးေတာ့လည္း ပရိသတ္ေတြၾကား ႀကိဳၿပီး၀မ္းသာစရာ အေနအထားေတြျဖစ္ခဲ့ပါတယ္။ ဟာလန္းဟာမန္ခ်က္စတာအသင္း ဂ်ာစီေပၚမွာလက္မွတ္ထား ေပးေနတာေၾကာင့္ ဟာလန္းတစ္ေယာက္ မန္ခ်က္စတာကိုေျပာင္းေတာ့မယ္ဆိုၿပီး ပရိသတ္ေတြက ယူဆေနၾကတာျဖစ္ပါတယ္။ ဟာလန္းကေတာ့နည္းျပဆုိးလ္ရွားနဲ႔ေတြ႕ဆုံခဲ့တဲ့အေပၚ သူ႔အေနနဲ႔ေလာ ေလာဆယ္ အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ဘာမွမေျပာခ်င္ေသးေၾကာင္း မီဒီယာေတြအေပၚ ျပန္လည္ တုံ႔ျပန္ေျပာဆုိခဲ့ပါတယ္။

ေနာက္ထပ္လူငယ္ကစားသမားေလးျဖစ္တဲ့ ေဂ်ာ္ဒန္ဆန္ခ်ဳိကိုလည္း မန္ခ်က္စတာအသင္းဟာၿပီးခဲ့တဲ့ ရာသီကတည္းက ေခၚယူဖို႔မ်က္စိက်ေနခဲ့တာျဖစ္ပါတယ္။ ေဒ့ါမြန္အသင္းအမႈ႔ေဆာင္ မိုက္ကယ္ေဇာ့ကလည္း မန္ခ်က္စတာဖက္က အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီးခ်ိတ္ဆက္ခဲ့ဖူးေၾကာင္းေျပာဆိုထားပါတယ္။ အသက္ 19 ႏွစ္အရြယ္ ဆန္ခ်ဳိရဲ႕ေျပာင္းေရႊ႕ေၾကးကေတာ့ ယူရိုသန္း 100 ၀န္းက်င္ျဖစ္ပါတယ္။ ဆန္ခ်ဳိကိုေခၚယူခ်င္ေနတဲ့ အသင္းေတြထဲမွာ လီဗာပူး၊ခ်ဲလ္ဆီး၊ဘာစီလုိနာအသင္းေတြလည္းပါပါတယ္။ ဆန္ခ်ဳိဟာလည္း ဟာလန္းလိုပါပဲ ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာအသင္းဂ်ာစီကို၀တ္ၿပီး ပါတီတက္ေနပုံေတြထြက္ေပၚခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး မန္ခ်က္စတာအတြက္အားသာေနသလားဆိုတာ စဥ္းစားစရာပါပဲ။

လက္စတာစီးတီးအသင္းက ဂ်ိမ္စ္းမက္ဒီဆင္ဟာလည္း မန္ခ်က္စတာအသင္း ပစ္မွတ္ထားထားတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ အသက္ 22 ႏွစ္အရြယ္အဲဒီကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးကေတာ့ ေပါင္သန္း 80 ၀န္းက်င္ျဖစ္ပါတယ္။ ေပါ့ဘာရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ေခၚယူမယ့္ကစားသမားဆိုၿပီး ေတာ့လည္းသတင္းေတြထြက္ခဲ့သူတစ္ေယာက္ျဖစ္ကာ၊ ေျခစြမ္းပိုင္းမွာလည္း ဂ်ိမ္စ္းမက္ဒီဆင္ဟာ ျပင္းထန္တဲ့ ကန္ခ်က္ေတြနဲ႔ ဂိုးၿခိမ္းေျခာက္တာေတြကိုလုပ္ေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ ဆန္ခ်ဳိလိုပါပဲ မက္ဒီဆင္ ကိုလည္း လီဗာပူး၊ခ်ဲလ္ဆီး၊မန္စီးတီးအသင္းေတြက ေခၚယူခ်င္ေနၾကပါတယ္။ မက္ဒီဆင္သြားခ်င္တဲ့ အသင္းထဲမွာ မန္ခ်က္စတာကလည္းတစ္ခုအပါအ၀င္ျဖစ္ပါတယ္။ဘာေၾကာင့္လဲဆိုရင္ အိုးထရဒ္ဖို႔ဒ္မွာ ကစားရတာဟာ ရူးသြပ္စရာေကာင္းပါတယ္လို႔ ေျပာဆိုထားဖူးတာေၾကာင့္ပါ။ မန္ခ်က္စတာ ပရိသတ္ေတြ ကေတာ့ ကစားသမားအသစ္ေတြကို ေမွ်ာ္လင့္ေနၾကပါၿပီ။ မန္ခ်က္စတာ အေနနဲ႔လာမယ့္အေျပာင္းအေရႊ႕မွာ ဘယ္သူ႔ကိုေခၚယူႏိုင္မယ္လို႔ပရိသတ္ေတြထင္ပါသလဲ၊ ဘယ္သူေတြေရာ မန္ခ်က္စတာကိုႏႈတ္ဆက္ထြက္ခြာ သြားမယ္ထင္ပါသလဲ။