VAR ရဲ့အငြင်းပွားဖွယ်ဖြစ်ရပ်တွေနဲ့အတူ စီးတီးပရိသတ်တွေလည်း လူမှုမီဒီယာမှာ ထိန်းမနိုင်သိမ်းမရဖြစ်သွား

Photo Credit

Photo Credit

လီဗာပူးနဲ့စီးတီးတို့ရဲ့ပရီးမီးယားလိဂ်အားပြိုင်ပွဲလို့ သတ်မှတ်ခံခဲ့ရတဲ့ စူပါဆန်းဒေးပွဲကြီးပွဲကောင်းက ဒီရာသီမှာ လူပြောများနေတဲ့ VAR ရဲ့နောက်ထပ်အငြင်းပွားဖွယ်ဖြစ်ရပ်တွေနဲ့အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit

၂၀၁၉-၂၀ ရာသီပရီးမီးယားလိဂ်မှာ VAR ကို စတင်အသုံးပြုခဲ့ပြီးနောက် အငြင်းပွားဖွယ်ဖြစ်ရပ်တွေ အပတ်တိုင်းနီးပါးထွက်ပေါ်ခဲ့ပြီး လီဗာပူး ၃-၁ စီးတီးပွဲမှာလည်း လီဗာပူးအသင်း ၂-၀ ဂိုးနဲ့စောစောစီးစီးဦးဆောင်နိုင်ခဲ့ပြီးနောက် VAR နဲ့ပတ်သက်လို့ အငြင်းပွားဖွယ်ရာတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပါတယ်။

Photo Credit

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုက ပြင်းထန်အားပါတဲ့အဝေးကန်ချက်နဲ့အတူ လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR က စီးတီးအသင်း ပင်နယ်တီရ၊ မရနဲ့ပတ်သက်လို့ စစ်ဆေးနေခဲ့တာကြောင့် အိမ်ရှင်ပရိသတ်တွေလည်း အပြည့်အဝအောင်ပွဲမခံရသေးဘဲ စောင့်ကြည့်ခဲ့ရပါတယ်။

Photo Credit

လီဗာပူးရဲ့ပင်နယ်တီဧရိယာအတွင်း စတာလင်းဆီ တိုက်စစ်မှူး အဂွဲရိုး ဘောလုံးပေးပို့ဖို့ ကြိုးစားစဉ် လီဗာပူးနောက်ခံလူ အာနိုးလ်ရဲ့လက်နဲ့ထိသွားသလိုဖြစ်ခဲ့ပြီး အခြားတစ်ဖက်မှာလည်း အာနိုးလ် လက်မထိခင် စီးတီးတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားရဲ့လက်နဲ့ အရင်ထိခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit

အဲဒီနောက်သိပ်မကြာခင် ဆာလာက ဘယ်နောက်ခံလူ ရောဘတ်ဆန်ရဲ့တိကျတဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူကာ လီဗာပူးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီဂိုးကိုလည်း လူကျွံဘောဖြစ်၊ မဖြစ် VAR နဲ့ ပြန်ကြည့်ခဲ့ပါတယ်။

Photo Credit

အဲဒီနောက် လူမှုမီဒီယာမှာ VAR နဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေလည်း အများအပြားပေါ်ထွက်လာပြီး အထူးသဖြင့် စီးတီးပရိသတ်တွေက VAR ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ ”VAR က ဘောလုံးပွဲတွေပါဝင်တဲ့အရာတွေအနက် အဆိုးရွားဆုံးပါပဲ။ တကယ်တော့ ထရန့်ဟာ စတာလင်းဆီ ဘောလုံးရောက်မသွားဖို့ တားဆီးခဲ့တာပါ”လို့ စီးတီးပရိသတ်တစ်ဦးက ရင်ဖွင့်ပါတယ်။

Photo Credit

”VAR က လီဗာပူးရဲ့လမ်းကြောင်းကို ဖွင့်ပေးလိုက်ပြီးနောက် Game Over ဖြစ်သွားပါပြီ။ လီဗာပူး ၂-၀ စီးတီး”လို့ နောက်ထပ်စီးတီးပရိသတ်တစ်ဦးက သူ့ခံစားချက်ကို တွစ်တာမှာ ပေါက်ကွဲရေးသားပါတယ်။ စီးတီးနဲ့လီဗာပူးကြယ်ပွင့်ဟောင်းတွေကလည်း သူတို့ရဲ့အမြင်ကို လူမှုမီဒီယာမှာ ရေးသားခဲ့ကြပါတယ်။

Photo Credit ; B/R

”ဒါက ဘယ်လိုများ ပင်နယ်တီမဖြစ်ရတာလဲ။ ရှက်ဖို့ကောင်းလိုက်တာ VAR ရယ်”လို့ စီးတီးတိုက်စစ်မှူးဟောင်း ပေါလ်ဒစ်ကော့ဗ်က ပြောပါတယ်။ လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာကတော့ ”လက်ထိသွားတာဖြစ်နိုင်ပေမယ့် အဲဒီလိုလက်ထိသွားတာဆိုရင်လည်း အရင်ဆုံး ဘာနာဒိုရဲ့လက်နဲ့ထိပြီးမှ ထရန့်ဆီ ရောက်သွားတာပါ”လို့ ရေးသားခဲ့ပါတယ်။

Photo Credit

အဲဗာတန်ဂန္ထဝင်တိုက်စစ်မှူး တင်မ်ကာဟေးလ်ကလည်း ”ဘာနာဒိုလက်နဲ့အရင်ထိပြီးမှ ထရန့်ရဲ့လက်နဲ့ဆက်ထိသွားတာလေ။ ဒါနဲ့များ ဘာလို့ VAR နဲ့ပတ်သက်ပြီး ဆူညံပွတ်လောရိုက်နေရတာလဲ”ဆိုပြီး ရေးသားခဲ့ပါတယ်။

Photo Credit

Zawgyi

VAR ရဲ႕အျငင္းပြားဖြယ္ျဖစ္ရပ္ေတြနဲ႔အတူ စီးတီးပရိသတ္ေတြလည္း လူမႈမီဒီယာမွာ ထိန္းမႏိုင္သိမ္းမရျဖစ္သြား

လီဗာပူးနဲ႔စီးတီးတို႔ရဲ႕ပရီးမီးယားလိဂ္အားၿပိဳင္ပြဲလုိ႔ သတ္မွတ္ခံခဲ့ရတ့ဲ စူပါဆန္းေဒးပြဲႀကီးပြဲေကာင္းက ဒီရာသီမွာ လူေျပာမ်ားေနတဲ့ VAR ရဲ႕ေနာက္ထပ္အျငင္းပြားဖြယ္ျဖစ္ရပ္ေတြနဲ႔အတူ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။
၂၀၁၉-၂၀ ရာသီပရီးမီးယားလိဂ္မွာ VAR ကို စတင္အသုံးျပဳခဲ့ၿပီးေနာက္ အျငင္းပြားဖြယ္ျဖစ္ရပ္ေတြ အပတ္တိုင္းနီးပါးထြက္ေပၚခဲ့ၿပီး လီဗာပူး ၃-၁ စီးတီးပဲြမွာလည္း လီဗာပူးအသင္း ၂-၀ ဂိုးနဲ႔ေစာေစာစီးစီးဦးေဆာင္ႏုိင္ခဲ့ၿပီးေနာက္ VAR နဲ႔ပတ္သက္လုိ႔ အျငင္းပြားဖြယ္ရာေတြလည္း က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာပါတယ္။
လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳက ျပင္းထန္အားပါတဲ့အေ၀းကန္ခ်က္နဲ႔အတူ လီဗာပူးအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ VAR က စီးတီးအသင္း ပင္နယ္တီရ၊ မရနဲ႔ပတ္သက္လုိ႔ စစ္ေဆးေနခဲ့တာေၾကာင့္ အိမ္ရွင္ပရိသတ္ေတြလည္း အျပည့္အ၀ေအာင္ပြဲမခံရေသးဘဲ ေစာင့္ၾကည့္ခဲ့ရပါတယ္။
လီဗာပူးရဲ႕ပင္နယ္တီဧရိယာအတြင္း စတာလင္းဆီ တုိက္စစ္မွဴး အဂြဲ႐ိုး ေဘာလုံးေပးပို႔ဖို႔ ႀကိဳးစားစဥ္ လီဗာပူးေနာက္ခံလူ အာႏိုးလ္ရဲ႕လက္နဲ႔ထိသြားသလုိျဖစ္ခဲ့ၿပီး အျခားတစ္ဖက္မွာလည္း အာႏိုးလ္ လက္မထိခင္ စီးတီးေတာင္ပံကစားသမား ဘာနာဒိုေဆးလ္ဗားရဲ႕လက္နဲ႔ အရင္ထိခဲ့တယ္လုိ႔လည္း သိရပါတယ္။
အဲဒီေနာက္သိပ္မၾကာခင္ ဆာလာက ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ရဲ႕တိက်တဲ့ျဖတ္တင္ေဘာကေန ေခါင္းတုိက္သြင္းယူကာ လီဗာပူးအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဲဒီဂိုးကိုလည္း လူကၽြံေဘာျဖစ္၊ မျဖစ္ VAR နဲ႔ ျပန္ၾကည့္ခဲ့ပါတယ္။
အဲဒီေနာက္ လူမႈမီဒီယာမွာ VAR နဲ႔ပတ္သက္လုိ႔ ေမးခြန္းထုတ္မႈေတြလည္း အမ်ားအျပားေပၚထြက္လာၿပီး အထူးသျဖင့္ စီးတီးပရိသတ္ေတြက VAR ကို ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့ၾကပါတယ္။ ”VAR က ေဘာလုံးပြဲေတြပါ၀င္တဲ့အရာေတြအနက္ အဆုိးရြားဆုံးပါပဲ။ တကယ္ေတာ့ ထရန္႔ဟာ စတာလင္းဆီ ေဘာလုံးေရာက္မသြားဖို႔ တားဆီးခဲ့တာပါ”လုိ႔ စီးတီးပရိသတ္တစ္ဦးက ရင္ဖြင့္ပါတယ္။
”VAR က လီဗာပူးရဲ႕လမ္းေၾကာင္းကို ဖြင့္ေပးလုိက္ၿပီးေနာက္ Game Over ျဖစ္သြားပါၿပီ။ လီဗာပူး ၂-၀ စီးတီး”လုိ႔ ေနာက္ထပ္စီးတီးပရိသတ္တစ္ဦးက သူ႕ခံစားခ်က္ကို တြစ္တာမွာ ေပါက္ကြဲေရးသားပါတယ္။ စီးတီးနဲ႔လီဗာပူးၾကယ္ပြင့္ေဟာင္းေတြကလည္း သူတုိ႔ရဲ႕အျမင္ကို လူမႈမီဒီယာမွာ ေရးသားခဲ့ၾကပါတယ္။
”ဒါက ဘယ္လုိမ်ား ပင္နယ္တီမျဖစ္ရတာလဲ။ ရွက္ဖုိ႔ေကာင္းလုိက္တာ VAR ရယ္”လုိ႔ စီးတီးတုိက္စစ္မွဴးေဟာင္း ေပါလ္ဒစ္ေကာ့ဗ္က ေျပာပါတယ္။ လီဗာပူးတုိက္စစ္မွဴးေဟာင္း ေရာ္ဘီေဖာင္လာကေတာ့ ”လက္ထိသြားတာျဖစ္ႏိုင္ေပမယ့္ အဲဒီလုိလက္ထိသြားတာဆုိရင္လည္း အရင္ဆုံး ဘာနာဒိုရဲ႕လက္နဲ႔ထိၿပီးမွ ထရန္႔ဆီ ေရာက္သြားတာပါ”လုိ႔ ေရးသားခဲ့ပါတယ္။
အဲဗာတန္ဂႏၳ၀င္တုိက္စစ္မွဴး တင္မ္ကာေဟးလ္ကလည္း ”ဘာနာဒိုလက္နဲ႔အရင္ထိၿပီးမွ ထရန္႔ရဲ႕လက္နဲ႔ဆက္ထိသြားတာေလ။ ဒါနဲ႔မ်ား ဘာလုိ႔ VAR နဲ႔ပတ္သက္ၿပီး ဆူညံပြတ္ေလာ႐ိုက္ေနရတာလဲ”ဆုိၿပီး ေရးသားခဲ့ပါတယ္။