VAR ကြောင့် ပရီးမီးယားလိဂ်ကို ဂွါဒီယိုလာ ကျောခိုင်းသွားနိုင်တယ်လို့ သတိပေးလိုက်တဲ့ ဆင်ကလဲယား

Photo Credit

Photo Credit

စီးတီးကစားသမားဟောင်း ဆင်ကလဲယားကတော့ VAR ရဲ့ အငြင်းပွားဖွယ်ကိစ္စရပ်တွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နည်းပြပက်ဂွါဒီယိုလာလည်း မန်စီးတီးအသင်းကနေရော ပရီးမီးယားလိဂ်ကနေပါ ထွက်ခွာသွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

Photo Credit

တနင်္ဂနွေနေ့က လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ အားပြိုင်မှုမှာ လီဗာပူးအသင်းက ၃-၁ဂိုးနဲ့ စီးတီးကိုအနိုင်ယူသွားခဲ့ပြီး မန်စီးတီးအသင်းဟာ ယခုဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၉ မှတ်အထိကွာဟသွားခဲ့ပါပြီ။

Photo Credit

အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းနောက်ခံလူအာနိုးလ်က ပင်နယ်တီဧရိယာထဲမှာလက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပွဲကိုဆက်ကစားစေခဲ့ပြီး ဖာဘင်ဟိုကဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

Photo Credit

ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ဘရာဇီးသားရဲ့ဂိုးကို ခွင့်ပြုပေးခဲ့ပြီးမှ အာနိုးလ်ရဲ့ မတော်တဆဖြစ်မှုကို ပြန်ကြည့်ခဲ့တာကြောင့် ဂွါဒီယိုလာနဲ့ စီးတီးပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်မှာတော့ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးမှုကနေ မိုဟာမက်ဆာလာက နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူသွားခဲ့ပါတယ်။

Photo Credit

အဆိုပါဂိုးဟာလည်း လူကျွံနေခဲ့သလိုဖြစ်နေတာကြောင့် VAR ပြန်ကြည့်ခဲ့ပေမယ့် ဆာလာက စီးတီးနောက်ခံလူ ဂျွန်စတုန်းနဲ့ တစ်တန်းတည်း ဖြစ်နေခဲ့တယ်ဆိုပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။

Photo Credit

လီဗာပူးအသင်းအတွက် အနိုင်သေချာစေမယ့် တတိယမြောက်သွင်းဂိုးကို ဆာဒီယိုမာနေးက သွင်းယူပေးခဲ့ပြီး စီးတီးအတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၇၁ မိနစ်မှာ ဘာနာဒိုဆေးဗားလ်က ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

Photo Credit

စီးတီးအသင်းရဲ့ ဂိုးတစ်ဂိုးအဖြစ် ပြောင်းလဲစေနိုင်မယ့် ရာဟမ်စတာလင်ရဲ့ ကန်ချက်ကို အလက်ဇန်းဒါးအာနိုးလ် လက်ထိခဲ့တာသေချာခဲ့ပေမယ့် ပင်နယ်တီအဖြစ် ဒိုင်ကသတ်မှတ်ပေးခြင်းမရှိခဲ့တာကြောင့် စီးတီးတို့ နစ်နာခဲ့ရပါတယ်။

Photo Credit

ပွဲပြီးဆုံးချိန်မှာတော့ ဂွါဒီယိုလာကကွင်းလယ်ဒိုင် အိုလီဗာကိုထေ့ငေါ့ပြီးပြောဆိုခဲ့ပါသေးတယ်။ ဆင်ကလဲယားက ၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း စီးတီးအသင်းမှာကစားခဲ့ဖူးပြီး VAR က ယခုလိုပဲဆက်လက်ပြီးမှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကိုဆက်ချနေမယ်ဆိုရင်တော့ ဂွါဒီယိုလာလည်း ပရီးမီးယားလိဂ်ကထွက်ခွာသွားဖို့ ဆုံးဖြတ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ရှက်ဖီးအသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာလည်း VAR ရဲ့ တူညီတဲ့ဆုံးဖြတ်ချက်အမှားမျိုးတွေ့မြင်ခဲ့ရပါသေးတယ်။

Photo Credit

Zawgyi

VAR ေၾကာင့္ ပရီးမီးယားလိဂ္ကို ဂြါဒီယိုလာ ေက်ာခိုင္းသြားႏိုင္တယ္လို႔ သတိေပးလိုက္တဲ့ ဆင္ကလဲယား

စီးတီးကစားသမားေဟာင္း ဆင္ကလဲယားကေတာ့ VAR ရဲ႕ အျငင္းပြားဖြယ္ကိစၥရပ္ေတြ ဆက္လက္ျဖစ္ပြားေနမယ္ဆိုရင္ နည္းျပပက္ဂြါဒီယိုလာလည္း မန္စီးတီးအသင္းကေနေရာ ပရီးမီးယားလိဂ္ကေနပါ ထြက္ခြာသြားလိမ့္မယ္လို႔ သတိေပး လိုက္ပါတယ္။ တနဂၤေႏြေန႔က လီဗာပူးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ရဲ႕ အားၿပိဳင္မႈမွာ လီဗာပူးအသင္းက ၃-၁ဂိုးနဲ႔ စီးတီးကိုအႏိုင္ယူသြားခဲ့ၿပီး မန္စီးတီးအသင္းဟာ ယခုဆိုရင္ အမွတ္ေပးဇယားထိပ္ဆံုးက လီဗာပူးအသင္းနဲ႔ ၉ မွတ္အထိကြာဟသြားခဲ့ပါၿပီ။

အဆိုပါပြဲစဥ္မွာ လီဗာပူးအသင္းေနာက္ခံလူအာႏိုးလ္က ပင္နယ္တီဧရိယာထဲမွာလက္နဲ႔ထိခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က ပြဲကိုဆက္ကစားေစခဲ့ၿပီး ဖာဘင္ဟိုကဦးေဆာင္ဂိုးသြင္းယူသြားခဲ့ပါတယ္။ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာက ဘရာဇီးသားရဲ႕ဂိုးကို ခြင့္ျပဳေပးခဲ့ၿပီးမွ အာႏိုးလ္ရဲ႕ မေတာ္တဆျဖစ္မႈကို ျပန္ၾကည့္ခဲ့တာေၾကာင့္ ဂြါဒီယိုလာနဲ႔ စီးတီး ပရိသတ္ေတြ အံ့အားသင့္ခဲ့ရပါတယ္။ ပြဲကစားခ်ိန္ ၁၃ မိနစ္မွာေတာ့ ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေပးမႈကေန မိုဟာမက္ ဆာလာက ေနာက္ထပ္ဦးေဆာင္ဂိုးတစ္ဂိုး သြင္းယူသြားခဲ့ပါတယ္။ အဆိုပါဂိုးဟာလည္း လူကၽြံေနခဲ့သလို ျဖစ္ေနတာ ေၾကာင့္ VAR ျပန္ၾကည့္ခဲ့ေပမယ့္ ဆာလာက စီးတီးေနာက္ခံလူ ဂၽြန္စတုန္းနဲ႔ တစ္တန္းတည္း ျဖစ္ေနခဲ့တယ္ ဆိုၿပီး ဂိုးအျဖစ္ ခြင့္ျပဳေပးခဲ့ပါတယ္။ လီဗာပူးအသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယ ေျမာက္သြင္း ဂိုးကို ဆာဒီယို မာေနးက သြင္းယူေပးခဲ့ၿပီး စီးတီးအတြက္ ႏွစ္သိမ့္ေခ်ပဂိုးတစ္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၇၁ မိနစ္မွာ ဘာနာဒိုေဆးဗားလ္ က ျပန္လည္ သြင္းယူေပးခဲ့ပါတယ္။

စီးတီးအသင္းရဲ႕ ဂိုးတစ္ဂိုးအျဖစ္ ေျပာင္းလဲေစႏိုင္မယ့္ ရာဟမ္စတာလင္ရဲ႕ ကန္ခ်က္ကို အလက္ဇန္းဒါးအာႏို္းလ္လက္ထိ ခဲ့တာေသခ်ာခဲ့ေပမယ့္ ပင္နယ္တီအျဖစ္ ဒိုင္ကသတ္မွတ္ေပးျခင္းမရွိခဲ့တာေၾကာင့္ စီးတီးတို႔ နစ္နာခဲ့ရပါတယ္။ ပဲြၿပီးဆံုး ခ်ိန္မွာေတာ့ ဂြါဒီယိုလာကကြင္းလယ္ဒိုင္ အိုလီဗာကိုေထ့ေငါ့ၿပီးေျပာဆိုခဲ့ပါေသးတယ္။ ဆင္ကလဲယားက ၂၀၀၃ ခုႏွစ္ ကေန ၂၀၀၇ ခုႏွစ္အတြင္း စီးတီးအသင္းမွာကစားခဲ့ဖူးၿပီး VAR က ယခုလိုပဲဆက္လက္ၿပီးမွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြ ကို ဆက္ခ်ေနမယ္ဆိုရင္ေတာ့ ဂြါဒီယိုလာလည္း ပရီးမီးယားလိဂ္ကထြက္ခြာသြားဖို႔ ဆံုးျဖတ္ႏိုင္တယ္လို႔ သတိေပးလုိက္ ပါတယ္။ ရွက္ဖီးအသင္းနဲ႔ စပါးအသင္းတို႔ ပဲြစဥ္မွာလည္း VAR ရဲ႕ တူညီတဲ့ဆံုးျဖတ္ခ်က္ အမွားမ်ိဳးေတြ႔ျမင္ခ့ဲရ ပါေသး တယ္။