ဆာအဲလက်စ် ဖာဂူဆန်ကို ထိတ်လန့်ကြောက်ရွံ့ခဲ့တဲ့ တိုမီနေး

ယူနိုက်တက် အကယ်ဒမီကစားသမားဘဝတုန်းက ချာတိတ်လေး တိုမီနေးဟာ နည်းပြကြီး အဲလက်စ် ဖာဂူဆန်ကို ထိတ်လန့်ကြောက်ရွံ့ခဲ့တယ်လို့ ဖွင့်ဟ ဝန်ခံလိုက်ပါတယ်။

တိုမီနေးဟာ လက်ရှိ နည်းပြ ဆိုးလ်ရှားတာဝန်ယူနေတဲ့အချိန်မှာတော့ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ယူနိုက်အသင်းဟာ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ လက်အောက်မှာရှိစဉ်အခါက တိုမီနေးဟာ လူငယ်ကစားသမားတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့စဉ်က ဆာအဲလက်စ် ဖာဂူဆန်ဟာ အရေးအပါဆုံး အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ တိုမီနေးက ပြောဆိုခဲ့ပါတယ်။

photo internet

“အသက် ၅ နှစ်အရွယ်မှာ ကျွန်တော် ယူနိုက်တက်မှာ စရောက်ခဲ့တာပါ။ ကျွန်တော့်အတွက် လေးစားအားကျရဆုံးကတော့ အများက The Boss လို့ ခေါ်တဲ့ ဆာအဲလက်စ်ပါပဲ။ စားသောက်ခန်းမထဲမှာ ကျွန်တော်တို့လူငယ်ကစားသမားတွေနဲ့ ဆုံတိုင်း မင်းတို့ငြိမ်ငြိမ်မနေကြဘူးလားလို့ ဆာအဲလက်စ်က ရုပ်တည်နဲ့ မေးလေ့ရှိပါတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့တွေ ပြန်ပြောဖို့ဝေးလို့ အသံလုံးဝမထွက်ရဲကြပါဘူး။ ငြိမ်သက်နေကြရပါတယ်။ ဆာအဲလက်စ်က စကော့တလန်လူမျိုးဖြစ်နေတာလည်း ကျွန်တော့်အတွက် တကယ်ကို အထူးစပါယ်ရှယ်ပါပဲ။ ကျွန်တော်အသင်းနဲ့စာချုပ် ချုပ်ဆိုပြီးတဲ့နောက်မှာ လူငယ်ကစားသမားတွေ အကုန်လုံးကို အဝတ်လဲခန်းထဲကို သူက ခေါ်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင်ပေါ့။ အဲဒါကတော့ ကျွန်တော့်အတွက် အမှတ်တရပါပဲ”

photo internet

ဆာအဲလက်စ် ကလည်း တိုမီနေးနဲ့ပတ်သက်ပြီး မှတ်ချက်တွေပေးသွားခဲ့ပါတယ်။
“တိုမီနေးက အတော်လေးကို ပြဿနာရှာတတ်တဲ့ ပြသနာကောင်လေးတစ်ယောက်ပေါ့။ ဒါပေမယ့် အရန်အသင်းကို စပြီးရောက်တဲ့အချိန်မှာပဲ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ လူငယ်အသင်းမှာ အထောင်တိုက်စစ်နေရာမှာ သူ့ကို ကစားခိုင်းခဲ့ပေမယ့် အက်ရှလေ၊ ဖလက်ချာ၊ ဝက်စ်ဟမ်းကို ရောက်သွားချိန်၊ ရက်ရှ်ဖို့ဒ်ကလည်း အသင်းကြီးကိုရောက်သွားခဲ့ချိန်မှာတော့ သူ့ကို ရှေ့တန်းနေရာမှာထားပြီး ပွဲအများကြီး ကစားစေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ သူက ကွင်းလယ်ကစားသမားနေရာမှာ ပိုပြီး စွမ်းဆောင်ရည်ပိုကောင်းလာခဲ့တာဖြစ်ပါတယ်။ သူ့အရပ်ကလည်း တစ်နှစ်မှာ ၁၀ လက်မလောက် ရှည်လာသလားလို့တောင် ထင်ရပါတယ်” လို့ ဆာအဲလက်စ်က ပြောကြားခဲ့ပါတယ်။

photo internet

(Zawgyi Version)

ဆာအဲလက္စ္ ဖာဂူဆန္ကုိ ထိတ္လန္႔ေၾကာက္ရြံ႕ခဲ့တဲ့ တုိမီေနး

ယူႏုိက္တက္ အကယ္ဒမီကစားသမားဘ၀တုန္းက ခ်ာတိတ္ေလး တုိမီေနးဟာ နည္းျပႀကီး အဲလက္စ္ ဖာဂူဆန္ကုိ ထိတ္လန္႔ေၾကာက္ရြံ႕ခဲ့တယ္လုိ႔ ဖြင့္ဟ ၀န္ခံလုိက္ပါတယ္။ တုိမီေနးဟာ လက္ရွိ နည္းျပ ဆုိးလ္ရွားတာ၀န္ယူေနတဲ့အခ်ိန္မွာေတာ့ အသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္ေနခဲ့ပါၿပီ။ ယူႏုိက္အသင္းဟာ ဂႏၱ၀င္နည္းျပႀကီး ဖာဂူဆန္ရဲ႕ လက္ေအာက္မွာရွိစဥ္အခါက တုိမီေနးဟာ လူငယ္ကစားသမားတစ္ေယာက္အျဖစ္ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့စဥ္က ဆာအဲလက္စ္ ဖာဂူဆန္ဟာ အေရးအပါဆုံး အခန္းက႑က ပါ၀င္ခဲ့တယ္လုိ႔ တုိမီေနးက ေျပာဆုိခဲ့ပါတယ္။

“အသက္ ၅ ႏွစ္အရြယ္မွာ ကၽြန္ေတာ္ ယူႏုိက္တက္မွာ စေရာက္ခဲ့တာပါ။ ကၽြန္ေတာ့္အတြက္ ေလးစား အားက်ရဆုံးကေတာ့ အမ်ားက The Boss လုိ႔ ေခၚတဲ့ ဆာအဲလက္စ္ပါပဲ။ စားေသာက္ခန္းမထဲမွာ ကၽြန္ေတာ္တုိ႔ လူငယ္ကစားသမားေတြနဲ႔ ဆုံတုိင္း မင္းတုိ႔ၿငိမ္ၿငိမ္မေနၾကဘူးလားလုိ႔ ဆာအဲလက္စ္က ရုပ္တည္နဲ႔ ေမးေလ့ရွိပါတယ္။ အဲဒီလုိအခ်ိန္မွာ ကၽြန္ေတာ္တုိ႔ေတြ ျပန္ေျပာဖုိ႔ေ၀းလုိ႔ အသံလုံး၀မထြက္ရဲၾကပါဘူး။ ၿငိမ္သက္ေနၾကရပါတယ္။ ဆာအဲလက္စ္က စေကာ့တလန္လူမ်ဳိးျဖစ္ေနတာလည္း ကၽြန္ေတာ့္အတြက္ တကယ္ကုိ အထူးစပါယ္ရွယ္ပါပဲ။ ကၽြန္ေတာ္အသင္းနဲ႔စာခ်ဳပ္ ခ်ဳပ္ဆုိၿပီးတဲ့ေနာက္မွာ လူငယ္ကစားသမားေတြ အကုန္လုံးကုိ အ၀တ္လဲခန္းထဲကုိ သူက ေခၚခဲ့ပါတယ္။ ဖူလ္ဟမ္နဲ႔ ပရီးမီးယားလိဂ္ပြဲမတုိင္ခင္ေပါ့။ အဲဒါကေတာ့ ကၽြန္ေတာ့္အတြက္ အမွတ္တရပါပဲ”

ဆာအဲလက္စ္ ကလည္း တုိမီေနးနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေတြေပးသြားခဲ့ပါတယ္။ “တုိမီေနးက အေတာ္ေလးကုိ ျပႆနာရွာတတ္တဲ့ ျပသနာေကာင္ေလးတစ္ေယာက္ေပါ့။ ဒါေပမယ့္ အရန္အသင္းကုိ စၿပီးေရာက္တဲ့အခ်ိန္မွာပဲ သူ႔ရဲ႕စြမ္းေဆာင္ရည္ကုိ ကၽြန္ေတာ္ေတြ႕ခဲ့ရပါတယ္။ လူငယ္အသင္းမွာ အေထာင္ တုိက္စစ္ေနရာမွာ သူ႔ကုိ ကစားခုိင္းခဲ့ေပမယ့္ အက္ရွေလ၊ ဖလက္ခ်ာ၊ ၀က္စ္ဟမ္းကုိ ေရာက္သြားခ်ိန္၊ ရက္ရွ္ဖုိ႔ဒ္ကလည္း အသင္းႀကီးကုိ ေရာက္သြားခဲ့ခ်ိန္မွာေတာ့ သူ႔ကုိ ေရွ႕တန္းေနရာမွာထားၿပီး ပြဲအမ်ားႀကီး ကစားေစခဲ့ပါတယ္။ တကယ္တမ္းမွာေတာ့ သူက ကြင္းလယ္ကစားသမားေနရာမွာ ပုိၿပီး စြမ္းေဆာင္ရည္ပုိေကာင္းလာခဲ့တာျဖစ္ပါတယ္။ သူ႔အရပ္ကလည္း တစ္ႏွစ္မွာ ၁၀ လက္မေလာက္ ရွည္လာသလားလုိ႔ေတာင္ ထင္ရပါတယ္” လုိ႔ ဆာအဲလက္စ္က ေျပာၾကားခဲ့ပါတယ္။