အန်ဒရီဂိုမက်စ်လို ခြေထောက်ဒဏ်ရာ အဆိုးရွားဆုံးရခဲ့ကြတဲ့ ကစားသမားတွေ

PC ; Internet

အန်ဒရီဂိုမက်စ်ရဲ့ထိတ်လန့်တုန်လှုပ်စရာဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒီကွင်းလယ်လူဟာ ညာဘက်ခြေကျင်းဝတ်အဆစ်ရိုးကျိုးသွားတယ်လို့ အဲဗာတန်အသင်းက တရားဝင်ကြေညာလိုက်ပါတယ်။ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ စပါးနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်ကွင်းလယ်လူဆွန်ဟောင်မင်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တာပါ။တောင်ကိုရီးယားသားကိုယ်တိုင် မျက်ရည်တွင်တွင်ကျပြီး ထိတ်လန့်ခဲ့ရတဲ့အထိ အန်ဒရီဂိုမက်စ်ရဲ့ဖြစ်ရပ်က ခြောက်ခြားစရာကောင်းခဲ့ပါတယ်။

PC ; Internet

ခြေထောက်ကိုအဓိကအားပြုကစားရတဲ့ ဘောလုံးအားကစားမှာ ခြေထောက်ဒဏ်ရာကြီးကြီးမားမားရသွားတာဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အတွက် တကယ်ပဲထိခိုက်နစ်နာစရာပါ။ဒီလိုဒဏ်ရာမျိုးက အခန့်မသင့်ရင် ကစားသမားဘဝကိုပါ ထိခိုက်သွားနိုင်ပါတယ်။ဂိုမက်စ်လိုပဲ ဘောလုံးရပ်ဝန်းက ခြေထောက်ဒဏ်ရာဆိုးဆိုးရွားရွားရခဲ့ကြတဲ့ ကစားသမားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

PC ; Internet

ကိုးလ်မန်း
အဲဗာတန်အသင်းခေါင်းဆောင်ကိုးလ်မန်းဟာ ဂိုမက်စ် ဒဏ်ရာရသွားတဲ့နောက် စပါးအဝတ်လဲခန်းထဲသွားပြီး ဆွန်ဟောင်မင်ကိုနှစ်သိမ့်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ အဲဒီခံစားမှုကို သူနားလည်နေလို့ပါ။လွန်ခဲ့တဲ့ ၂နှစ်အကြာက ဝေလနဲ့ပွဲမှာ အိုင်ယာလန်အတွက်ကစားပေးရင်း သူကိုယ်တိုင် ခြေထောက်ကျိုးခဲ့ဖူးလို့ပါပဲ။ကိုးလ်မန်းဘယ်တော့ပြန်ကစားနိုင်မယ်ဆိုတာ မမှန်းဆနိုင်သလို အချိန်ကိုတောင်ရွှေ့လိုက်ချင်တယ်လို့ အိုင်ယာလန်နည်းပြမာတင်အိုနေးလ်က ညဉ်းတွားခဲ့ပါသေးတယ်။

PC ; Internet

ဂျိမ်းစ်မက္ကာသီ
နောက်ထပ် အဲဗာတန်ကစားသမားတစ်ယောက်ပါ။တော်ဖီတွေပဲ ကံဆိုးတာလားတော့မသိပါဘူး။ဝက်စ်ဘရွန်းနဲ့ပွဲမှာ ရွန်ဒွန်ရဲ့ကန်ချက်ကိုကာကွယ်ဖို့ကြိုးစားရင်း မက္ကာသီဟာ ညာဘက်ခြေသလုံးတံကျင်ရိုးနဲ့ညှို့သကျည်းရိုးကျိုးသွားခဲ့ရပါတယ်။အဲဒီတုန်းကလည်း နာကျင်စွာဟစ်အော်နေတဲ့ မက္ကာသီကိုကြည့်ပြီး ရွန်ဒွန်ငိုကြွေးခဲ့ပါသေးတယ်။

PC ; Internet

ဆစ်ဆီ
ပြင်သစ်ကြယ်ပွင့်ဟာ ကစားသမားဘဝမှာ ကံမကောင်းစွာနဲ့ပဲ ခြေထောက်နှစ်ကြိမ်ကျိုးခဲ့ဖူးပါတယ်။ပထမအကြိမ်က ၂၀၀၄မှာ ဘလက်ဘန်းနဲ့ကစားတဲ့ပွဲမှာပါ။မက်ဗီလေးရဲ့ အဝင်ကြမ်းမှုကြောင့် လီဗာပူးတိုက်စစ်မှူးကို ကွင်းထဲကသယ်ထုတ်ခဲ့ရသလို ဒုတိယအကြိမ်ကတော့ ၂၀၀၆တုန်းက တရုတ်နဲ့ခြေစမ်းပွဲမှာဖြစ်ပါတယ်။အဲဒီဒဏ်ရာကြောင့် မာဆေးကိုပြောင်းမယ့် အစီအစဉ်တောင် ရွှေ့ဆိုင်းခဲ့ရပါတယ်။ဒါပေမဲ့ ၇ လကြာပြီးတဲ့နောက် ဆစ်ဆီ ပြန်ကစားနိုင်ခဲ့ပါတယ်။

PC ; Internet

ဟင်းနရစ်လာဆင်
ဆဲလ်တစ်ရဲ့ဂန္ထဝင်တိုက်စစ်မှူးလာဆင်လည်း ၁၉၉၉ တုန်းက လိုင်ယွန်နဲ့ပွဲမှာ ခြေထောက်ကျိုးခဲ့ဖူးပါတယ်။ပြိုင်ဘက်ကစားသမားဆာဂျီဘလန့်စ်ရဲ့ဖျက်ထုတ်မှုကြောင့် ၂နေရာကျိုးသွားခဲ့တာဖြစ်ပြီး ထမ်းစင်နဲ့သယ်ထုတ်ခဲ့ရပါတယ်။ခန့်မှန်းသလောက် အခြေအနေမဆိုးပေမယ့် ၇လကြာကုသမှုခံယူခဲ့ရတာပါ။

PC ; Internet

အလန်စမစ်
မန်ယူတိုက်စစ်မှူးကတော့ လီဗာပူးနဲ့ ၂၀၀၆ အက်ဖ်အေဖလားပွဲစဉ်မှာ ခြေထောက်ကျိုးခဲ့တာပါ။ခြေကျင်းဝတ်အဆစ်ပါလွဲသွားခဲ့တာကြောင့် ၉လလောက် နားရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ဒါပေမဲ့ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့နောက် စမစ်ဟာ ၇လအကြာမှာ ပြန်ကစားနိုင်ခဲ့ပါတယ်။

PC ; Internet

အခြားကစားသမားများ အီဒူရာဒို(အာဆင်နယ်)၊ ရမ်ဆေး(အာဆင်နယ်)၊ လုခ်ရှော(မန်ယူ)၊ ဒီယာဘီ(အာဆင်နယ်)၊ ကီရွန်ဒိုင်ယာ(ဝက်စ်ဟမ်း)

(zawgyi)

အန္ဒရီဂိုမက္စ္ရဲ႕ထိတ္လန္႔တုန္လႈပ္စရာျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဒီကြင္းလယ္လူဟာ ညာဘက္ေျခက်င္း၀တ္ အဆစ္ရိုးက်ိဳးသြားတယ္လို႔ အဲဗာတန္အသင္းက တရား၀င္ေၾကညာလိုက္ပါတယ္။ ေပၚတူဂီကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ စပါးနဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ ၿပိဳင္ဘက္ကြင္းလယ္လူဆြန္ေဟာင္မင္ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာအျပင္းအထန္ရသြားခဲ့တာပါ။ ေတာင္ကိုရီးယားသားကိုယ္တိုင္ မ်က္ရည္တြင္တြင္က်ၿပီး ထိတ္လန္႔ခဲ့ရတဲ့အထိ အန္ဒရီဂိုမက္စ္ရဲ႕ျဖစ္ရပ္က ေျခာက္ျခားစရာေကာင္းခဲ့ပါတယ္။ေျခေထာက္ကိုအဓိကအားျပဳကစားရတဲ့ ေဘာလံုးအားကစားမွာ ေျခေထာက္ဒဏ္ရာႀကီးႀကီးမားမားရသြားတာဟာ ပေရာ္ဖက္ရွင္နယ္ကစားသမား တစ္ေယာက္အတြက္ တကယ္ပဲထိခိုက္နစ္နာစရာပါ။ဒီလိုဒဏ္ရာမ်ိဳးက အခန္႔မသင့္ရင္ ကစားသမားဘ၀ကိုပါ ထိခိုက္သြားႏိုင္ပါတယ္။ဂိုမက္စ္လိုပဲ ေဘာလံုးရပ္၀န္းက ေျခေထာက္ဒဏ္ရာဆိုးဆိုးရြားရြားရခဲ့ၾကတဲ့ ကစားသမားအခ်ိဳ႔ကို ေဖာ္ျပေပးလိုက္ပါတယ္။
ကိုးလ္မန္း
အဲဗာတန္အသင္းေခါင္းေဆာင္ကိုးလ္မန္းဟာ ဂိုမက္စ္ ဒဏ္ရာရသြားတဲ့ေနာက္ စပါးအ၀တ္လဲခန္းထဲသြားၿပီး ဆြန္ေဟာင္မင္ကိုႏွစ္သိမ့္ခဲ့ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ အဲဒီခံစားမႈကို သူနားလည္ေနလို႔ပါ။လြန္ခဲ့တဲ့ ၂ႏွစ္အၾကာက ေ၀လနဲ႔ပြဲမွာ အိုင္ယာလန္အတြက္ကစားေပးရင္း သူကိုယ္တိုင္ ေျခေထာက္က်ိဳးခဲ့ဖူးလို႔ပါပဲ။ ကိုးလ္မန္း ဘယ္ေတာ့ျပန္ကစားႏိုင္မယ္ဆိုတာ မမွန္းဆႏိုင္သလို အခ်ိန္ကိုေတာင္ေရႊ႔လိုက္ခ်င္တယ္လို႔ အိုင္ယာလန္ နည္းျပမာတင္အိုေနးလ္က ညဥ္းတြားခဲ့ပါေသးတယ္။
ဂ်ိမ္းစ္မကၠာသီ
ေနာက္ထပ္ အဲဗာတန္ကစားသမားတစ္ေယာက္ပါ။ေတာ္ဖီေတြပဲ ကံဆိုးတာလားေတာ့မသိပါဘူး။၀က္စ္ဘရြန္းနဲ႔ပြဲမွာ ရြန္ဒြန္ရဲ႕ကန္ခ်က္ကိုကာကြယ္ဖို႔ႀကိဳးစားရင္း မကၠာသီဟာ ညာဘက္ေျခသလံုးတံက်င္ရိုးနဲ႔ ညိွဳ႕သက်ည္းရိုးက်ိဳးသြားခဲ့ရပါတယ္။ အဲဒီတုန္းကလည္း နာက်င္စြာဟစ္ေအာ္ေနတဲ့ မကၠာသီကိုၾကည့္ၿပီး ရြန္ဒြန္ငိုေၾကြးခဲ့ပါေသးတယ္။
ဆစ္ဆီ
ျပင္သစ္ၾကယ္ပြင့္ဟာ ကစားသမားဘ၀မွာ ကံမေကာင္းစြာနဲ႔ပဲ ေျခေထာက္ႏွစ္ႀကိမ္က်ိဳးခဲ့ဖူးပါတယ္။ပထမအႀကိမ္က ၂၀၀၄မွာ ဘလက္ဘန္းနဲ႔ကစားတဲ့ပြဲမွာပါ။မက္ဗီေလးရဲ႕ အ၀င္ၾကမ္းမႈေၾကာင့္ လီဗာပူးတိုက္စစ္မွဴးကို ကြင္းထဲကသယ္ထုတ္ခဲ့ရသလို ဒုတိယအႀကိမ္ကေတာ့ ၂၀၀၆တုန္းက တရုတ္နဲ႔ေျခစမ္းပြဲမွာျဖစ္ပါတယ္။ အဲဒီဒဏ္ရာေၾကာင့္ မာေဆးကိုေျပာင္းမယ့္ အစီအစဥ္ေတာင္ ေရႊ႕ဆိုင္းခဲ့ရပါတယ္။ဒါေပမဲ့ ၇ လၾကာၿပီးတဲ့ေနာက္ ဆစ္ဆီ ျပန္ကစားႏိုင္ခဲ့ပါတယ္။
ဟင္းနရစ္လာဆင္ ဆဲလ္တစ္ရဲ႕ဂႏၳ၀င္တိုက္စစ္မွဴးလာဆင္လည္း ၁၉၉၉ တုန္းက လိုင္ယြန္နဲ႔ပြဲမွာ ေျခေထာက္က်ိဳးခဲ့ဖူးပါတယ္။ၿပိဳင္ဘက္ကစားသမားဆာဂ်ီဘလန္႔စ္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ၂ေနရာက်ိဳးသြားခဲ့တာျဖစ္ၿပီး ထမ္းစင္နဲ႔သယ္ထုတ္ခဲ့ရပါတယ္။ခန္႔မွန္းသေလာက္ အေျခအေနမဆိုးေပမယ့္ ၇လၾကာကုသမႈခံယူခဲ့ရတာပါ။
အလန္စမစ္ မန္ယူတိုက္စစ္မွဴးကေတာ့ လီဗာပူးနဲ႔ ၂၀၀၆ အက္ဖ္ေအဖလားပြဲစဥ္မွာ ေျခေထာက္က်ိဳးခဲ့တာပါ။ ေျခက်င္း၀တ္အဆစ္ပါလြဲသြားခဲ့တာေၾကာင့္ ၉လေလာက္ နားရလိမ့္မယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။ဒါေပမဲ့ ခြဲစိတ္ကုသမႈခံယူခဲ့တဲ့ေနာက္ စမစ္ဟာ ၇လအၾကာမွာ ျပန္ကစားႏိုင္ခဲ့ပါတယ္။
အျခားကစားသမားမ်ား အီဒူရာဒို(အာဆင္နယ္)၊ ရမ္ေဆး(အာဆင္နယ္)၊ လုခ္ေရွာ(မန္ယူ)၊ ဒီယာဘီ(အာဆင္နယ္)၊
ကီရြန္ဒိုင္ယာ(၀က္စ္ဟမ္း)