Premier League Miss Of The Season ဆန်ခါတင်စာရင်းဝင်လောက်တဲ့ ရက်ရှ်ဖို့ဒ်ရဲ့လွဲချော်မှု

Photo Credit

Photo Credit

ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေညက ဘရိုက်တန်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့အံ့အားသင့်ဖွယ်လွဲချော်မှုကြောင့် ယူနိုက်တက်ပရိသတ်တွေ စကားမပြောနိုင်ဘဲ ဆွံ့အသွားတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit

အသက် ၂၂နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ဟာ ပွဲချိန် ၆၆ မိနစ်မှာ တွဲဘက်တိုက်စစ်မှူး မာရှယ်နဲ့အတူ ထိုးဖောက်လာပြီး မာရှယ် ဂိုးရှေ့ပြန်ချိုးပေးတာကို ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ အမြောက်ဘောကန်သွင်းကာ တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့တာပါ။

Photo Credit

ဒါပေမဲ့ အဲဒီလိုဂိုးသွင်းယူနိုင်အပြီး မိနစ်ပိုင်းအကြာမှာလည်း ရက်ရှ်ဖို့ဒ်လည်း အသင်းအတွက် စတုတ္ထမြောက်ဂိုးသွင်းယူနိုင်ဖို့ အပိုင်အခွင့်အရေးရခဲ့ပြီး တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်က ညာတောင်ပံကနေ ပြိုင်ဘက်နောက်ခံလူတွေနဲ့ ဂိုးသမားကို လှည့်စားကာ ဂိုးရှေ့မှာရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဆီ အပိုင်ခင်းပေးလိုက်ပါတယ်။

Photo Credit

ရက်ရှ်ဖို့ဒ်ကလည်း အချိန်မဆိုင်းဘဲ ညာခြေနဲ့အသာလေးပိတ်သွင်းခဲ့ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် ထိချက်ချော်သွားပြီး ဂိုးပေါက်ရဲ့ဘယ်ဘက်ကနေ ကပ်ထွက်သွားလို့ ယူနိုက်တက်လည်း ၄-၁ဂိုးဖြစ်စေမယ့် အခွင့်အရေးလွဲချော်သွားခဲ့ရပါတယ်။

Photo Credit

အဲဒီနောက် ယူနိုက်တက်ပရိသတ်တွေလည်း လူမှုမီဒီယာမှာ ရက်ရှ်ဖို့ဒ်ရဲ့လွဲချော်မှုနဲ့ပတ်သက်လို့ သူတို့ရဲ့ခံစားချက်တွေကို ရေးသားခဲ့ပါတယ်။ ”ရက်ရှ်ဖို့ဒ်ရဲ့လွဲချော်မှုက ဒီရာသီ အဆိုးရွားဆုံးလွဲချော်မှုပါပဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

Photo Credit

နောက်တစ်ဦးကလည်း ”တစ်ချိန်ကျရင် ဒီလိုအပိုင်လုံးကို ရက်ရှ်ဖို့ဒ် လွဲချော်ခဲ့တယ်ဆိုတာ ကျွန်တော့်ကလေးတွေကို ဘယ်လိုများရှင်းပြရမလဲ”လို့ ရေးသားခဲ့ပါတယ်။ ”ဒီလိုလွဲချော်မှုမျိုးနဲ့များ ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးမဟုတ်ဘူးလို့ ဘာလို့မသတ်မှတ်နိုင်ရမှာလဲ”လု့ိလည်း နောက်တစ်ယောက်က ရေးသားပါတယ်။

https://twitter.com/i/status/1193786092199333888

ယူနိုက်တက်ဟာ အဲဒီပွဲမှာအနိုင်ရခဲ့လို့ အမှတ်ပေးဇယားရဲ့အဆင့် ၇နေရာအထိ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ဘရိုက်တန်ကတော့ အဆင့် ၁၁နေရ ရောက်သွားပါတယ်။

Photo Credit ; Getty Images

Zawgyi

Premier League Miss Of The Season ဆန္ခါတင္စာရင္း၀င္ေလာက္တ့ဲ ရက္ရွ္ဖို႔ဒ္ရဲ႕လဲြေခ်ာ္မႈ

ယူႏိုက္တက္တုိက္စစ္မွဴး မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ တနဂၤေႏြညက ဘ႐ိုက္တန္ကို ၃-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ သူ႕ရဲ႕အံ့အားသင့္ဖြယ္လြဲေခ်ာ္မႈေၾကာင့္ ယူႏုိက္တက္ပရိသတ္ေတြ စကားမေျပာႏိုင္ဘဲ ဆြံ႕အသြားတဲ့အထိ ျဖစ္သြားခဲ့ရပါတယ္။
အသက္ ၂၂ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ ရက္ရွ္ဖုိ႔ဒ္ဟာ ပဲြခ်ိန္ ၆၆ မိနစ္မွာ တြဲဘက္တုိက္စစ္မွဴး မာရွယ္နဲ႔အတူ ထုိးေဖာက္လာၿပီး မာရွယ္ ဂိုးေရွ႕ျပန္ခ်ိဳးေပးတာကို ဂိုးသမားမရွိေတာ့တဲ့ဂုိးေပါက္ထဲ အေျမာက္ေဘာကန္သြင္းကာ တတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
ဒါေပမဲ့ အဲဒီလုိဂိုးသြင္းယူႏိုင္အၿပီး မိနစ္ပိုင္းအၾကာမွာလည္း ရက္ရွ္ဖုိ႔ဒ္လည္း အသင္းအတြက္ စတုတၳေျမာက္ဂုိးသြင္းယူႏုိင္ဖို႔ အပိုင္အခြင့္အေရးရခဲ့ၿပီး ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္က ညာေတာင္ပံကေန ၿပိဳင္ဘက္ေနာက္ခံလူေတြနဲ႔ ဂိုးသမားကို လွည့္စားကာ ဂုိးေရွ႕မွာရွိေနတဲ့ ရက္ရွ္ဖုိ႔ဒ္ဆီ အပိုင္ခင္းေပးလုိက္ပါတယ္။
ရက္ရွ္ဖုိ႔ဒ္ကလည္း အခ်ိန္မဆုိင္းဘဲ ညာေျခနဲ႔အသာေလးပိတ္သြင္းခဲ့ေပမယ့္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ထိခ်က္ေခ်ာ္သြားၿပီး ဂိုးေပါက္ရဲ႕ဘယ္ဘက္ကေန ကပ္ထြက္သြားလုိ႔ ယူႏုိက္တက္လည္း ၄-၁ဂိုးျဖစ္ေစမယ့္ အခြင့္အေရးလြဲေခ်ာ္သြားခဲ့ရပါတယ္။
အဲဒီေနာက္ ယူႏုိက္တက္ပရိသတ္ေတြလည္း လူမႈမီဒီယာမွာ ရက္ရွ္ဖုိ႔ဒ္ရဲ႕လြဲေခ်ာ္မႈနဲ႔ပတ္သက္လုိ႔ သူတုိ႔ရဲ႕ခံစားခ်က္ေတြကို ေရးသားခဲ့ပါတယ္။ ”ရက္ရွ္ဖုိ႔ဒ္ရဲ႕လြဲေခ်ာ္မႈက ဒီရာသီ အဆုိးရြားဆုံးလြဲေခ်ာ္မႈပါပဲ”လုိ႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။
ေနာက္တစ္ဦးကလည္း ”တစ္ခ်ိန္က်ရင္ ဒီလုိအပိုင္လုံးကို ရက္ရွ္ဖို႔ဒ္ လြဲေခ်ာ္ခဲ့တယ္ဆုိတာ ကၽြန္ေတာ့္ကေလးေတြကို ဘယ္လုိမ်ားရွင္းျပရမလဲ”လုိ႔ ေရးသားခဲ့ပါတယ္။ ”ဒီလုိလြဲေခ်ာ္မႈမ်ိဳးနဲ႔မ်ား ရက္ရွ္ဖို႔ဒ္ကို တုိက္စစ္မွဴးမဟုတ္ဘူးလုိ႔ ဘာလုိ႔မသတ္မွတ္ႏိုင္ရမွာလဲ”လု႔ိလည္း ေနာက္တစ္ေယာက္က ေရးသားပါတယ္။
ယူႏိုက္တက္ဟာ အဲဒီပဲြမွာအႏိုင္ရခဲ့လုိ႔ အမွတ္ေပးဇယားရဲ႕အဆင့္ ၇ေနရာအထိ ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီး ဘ႐ိုက္တန္ကေတာ့ အဆင့္ ၁၁ေနရ ေရာက္သြားပါတယ္။