ဆွာရက်ဇ်ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ မာတီနက်ဇ်ကို ခေါ်ယူလိုကြောင်း ဘာစီလိုနာအတည်ပြု

Photo Credit

Photo Credit

ဘာစီလိုနာအသင်းအားကစားဒါရိုက်တာ အဲရစ်အဘီဒယ်က မိမိတို့အသင်းအနေနဲ့ အဓိကတိုက်စစ်မှူးဆွာရက်ဇ်ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ရေးအတွက် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit

ဆွာရက်ဇ်ဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁၈လပဲကျန်ရှိတော့ပြီး အသင်းတာဝန်ရှိသူတွေက အသက် ၃၂နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းဖွယ်မရှိကြောင်း သိရပါတယ်။ နောက်ထပ်သတင်းတစ်ရပ်အရ နွေရာသီအတွင်း ခေါ်ယူခဲ့တဲ့ ဂရစ်ဇ်မန်းက အထောင်တိုက်စစ်နေရာအတွက် ပိုမိုတိုက်ပွဲဝင်နေရာ လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်လည်း လာမယ့်နွေရာသီအတွင်းမှာပဲ အသင်းနဲ့လမ်းခွဲဖွယ်ရှိနေကြောင်း သိရပါတယ်။

Photo Credit

ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းလိုနေပြီး ဈေးကွက်ပြန်ဖွင့်ချိန်မှာ ဥရောပရှိ အကောင်းဆုံးလူငယ်ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိအချိန်မှာတော့ မာတီနက်ဇ်က အဟော့ဆုံးဖြစ်နေပြီး ယခုရာသီမှာ အင်တာမီလန်အသင်းနဲ့အတူ အထူးခြေစွမ်းပြနေပါတယ်။

Photo Credit

အာဂျင်တီးနားလက်ရွေးစင် မာတီနက်ဇ်ဟာ ယခုရာသီစီးရီးအေ ၁၂ပွဲမှာ ၅ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ် ၄ပွဲမှာလည်း ၃ဂိုးသွင်းယူထားသလို လူကာကူနဲ့အတူ ကြောက်စရာကောင်းတဲ့တိုက်စစ်အတွဲအဖြစ် ဖန်တီးထားပါတယ်။ အဘီဒယ်က အသက် ၂၂နှစ်အရွယ်ရှိ မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။

Photo Credit

”မာတီနက်ဇ်က ပြီးပြည့်စုံကစားသမားတစ်ဦးဖြစ်ပြီး ကြီးကျယ်တဲ့အဆင့်မှာ စွမ်းဆောင်ပြနေတာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအကြောင်း အတွင်းကျကျသိထားပေမယ့် အပတ်တိုင်းပွဲကစားနေရတဲ့ကစားသမားတွေအပေါ် ဘာဖိအားမှမပေးချင်ပါဘူး”လို့ အဘီဒယ်က ပြောပါတယ်။

Photo Credit

အဘီဒယ်က ဘာစီလိုနာရှိ ဆွာရက်ဇ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့လည်း ဆွေးနွေးသွားပြီး ဆွာရက်ဇ်က နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦး အသင်းဘက်က ခေါ်ယူမယ့်အစီအစဉ်ကိုလည်း နားလည်လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ယခုလ ၂၃ရက်နေ့မှာ လီဂါနက်စ်နဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်သလို ၄ရက်အကြာမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒေါ့မွန်ကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ဆြာရက္ဇ္ရဲ႕ေနရာမွာ ေရရွည္အစားထိုးဖို႔ မာတီနက္ဇ္ကို ေခၚယူလုိေၾကာင္း ဘာစီလုိနာအတည္ျပဳ

ဘာစီလုိနာအသင္းအားကစားဒါ႐ိုက္တာ အဲရစ္အဘီဒယ္က မိမိတို႔အသင္းအေနနဲ႔ အဓိကတုိက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ ေနရာမွာ ေရရွည္အစားထိုးႏိုင္ေရးအတြက္ အင္တာမီလန္တိုက္စစ္မွဴး ေလာ္တာ႐ိုမာတီနက္ဇ္ကို ေခၚယူဖို႔ စိတ္၀င္စား နေ ေၾကာင္း အတည္ျပဳေျပာဆုိလုိက္ပါတယ္။

ဆြာရက္ဇ္ဟာ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁၈လပဲက်န္ရွိေတာ့ၿပီး အသင္းတာ၀န္ရွိသူေတြက အသက္၃၂ႏွစ္ အရြယ္ရွိ ဥ႐ုေဂြးလက္ေရြးစင္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ကမ္းလွမ္းဖြယ္မရွိေၾကာင္း သိရပါတယ္။ ေနာက္ထပ္သတင္း တစ္ရပ္အရ ေႏြရာသီအတြင္း ေခၚယူခဲ့တ့ဲ ဂရစ္ဇ္မန္းက အေထာင္တုိက္စစ္ေနရာအတြက္ ပိုမိုတုိက္ပြဲ၀င္ေနရာ လီဗာပူး တိုက္စစ္မွဴးေဟာင္း ဆြာရက္ဇ္လည္း လာမယ့္ေႏြရာသီအတြင္းမွာပဲ အသင္းနဲ႔လမ္းခြဲဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ဘာစီလုိနာအသင္းဟာ တုိက္စစ္ပိုင္းကို ထပ္မံအင္အားျဖည့္တင္းလုိေနၿပီး ေစ်းကြက္ျပန္ဖြင့္ခ်ိန္မွာ ဥေရာပရွိ အေကာင္း ဆုံးလူငယ္ကစားသမားေတြကို ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မာတီနက္ဇ္က အေဟာ့ဆုံး ျဖစ္ေနၿပီး ယခုရာသီမွာ အင္တာမီလန္အသင္းနဲ႔အတူ အထူးေျခစြမ္းျပေနပါတယ္။

အာဂ်င္တီးနားလက္ေရြးစင္ မာတီနက္ဇ္ဟာ ယခုရာသီစီးရီးေအ ၁၂ပြဲမွာ ၅ဂိုးသြင္းယူထားၿပီး ခ်န္ပီယံလိဂ္ ၄ပြဲမွာလည္း ၃ဂိုးသြင္းယူထားသလုိ လူကာကူနဲ႔အတူ ေၾကာက္စရာေကာင္းတဲ့တုိက္စစ္အတြဲအျဖစ္ ဖန္တီးထားပါတယ္။ အဘီဒယ္က အသက္ ၂၂ႏွစ္အရြယ္ရွိ မာတီနက္ဇ္ကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္ဆုိတဲ့အေၾကာင္း အတည္ျပဳလုိက္တာျဖစ္ပါတယ္။
”မာတီနက္ဇ္က ၿပီးျပည့္စုံကစားသမားတစ္ဦးျဖစ္ၿပီး ႀကီးက်ယ္တဲ့အဆင့္မွာ စြမ္းေဆာင္ျပေနတာျဖစ္ပါတယ္။ ကၽြန္ေတာ္ တို႔အသင္းအေၾကာင္း အတြင္းက်က်သိထားေပမယ့္ အပတ္တုိင္းပြဲကစားေနရတဲ့ကစားသမားေတြအေပၚ ဘာဖိအားမွ မေပးခ်င္ပါဘူး”လုိ႔ အဘီဒယ္က ေျပာပါတယ္။

အဘီဒယ္က ဘာစီလုိနာရွိ ဆြာရက္ဇ္ရဲ႕အနာဂတ္န႔ဲပတ္သက္လုိ႔လည္း ေဆြးေႏြးသြားၿပီး ဆြာရက္ဇ္က ေနာက္ထပ္ တုိက္စစ္ကစားသမားတစ္ဦး အသင္းဘက္က ေခၚယူမယ့္အစီအစဥ္ကိုလည္း နားလည္လက္ခံေၾကာင္း ေျပာၾကားခဲ့ ပါတယ္။ ဘာစီလုိနာဟာ ယခုလ ၂၃ရက္ေန႔မွာ လီဂါနက္စ္နဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္သလုိ ၄ရက္အၾကာမွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ေဒါ့မြန္ကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။